အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုထွန်း
လွန်ခဲ့သော ၃ ရက် က · ရွှေပြည်သာ

သရက်ပင် ပေါက်တွင်ကျရောက်နေသော ပိုးအကြောင်းပါ။ ခရုပုံသဏ္ဍန်အခွံအိမ်ထဲမှာနေပြီး အရွက်များကိုစားသောက်ကာ အရွက်ခြောက်သွား‌စေပါသည်။ အဲ့ပိုးကို ဘယ်လိုဖြေရှင်းရမလဲ ဖြေပေးစေချင်ပါတယ် ခင်ဗျ။

ပိုးမွှားရောဂါ သရက်
Post image
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 433,317 လွန်ခဲ့သော ၃ ရက် က

@ကိုထွန်း သရက်ခေါင်ညွန့်စားပိုး (Shoot Webber)ကျတာပါ၊ ဒီပိုးသည် အညွန့်နု ရွက်နုထွက်ချိန်တွင် အဓိကကျရောက်ပြီး ပိုးလောက်ကောင်များသည် အရွက်များကို ပင့်ကူအမျှင်ကဲ့သို့ ကပ်ကာ အသိုက်လုပ်၍ စိမ်းရောင်ခြယ်များကို ခြစ်စားတတ်သဖြင့် အရွက်များ ညိုခြောက်သွားစေပါတယ်။စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ကာကွယ်နှိမ်နင်းရန် ကနဦးတွင် ပိုးကျနေသော အညွန့်များနှင့် အသိုက်အိမ်များကို ဖြတ်တောက်ကာ ခြံပြင်၌ မီးရှို့ဖျက်ဆီး လေ့ရှိတယ်၊ ခြံအတွင်း လေဝင်လေထွက်ကောင်းအောင် ကိုင်းချိုင်ခြင်း၊ ပင်ခြေမြေဆွပေးခြင်းတို့ကို လုပ်ဆောင်ရပါမယ်။ ပိုးကျရောက်မှုများပါက အညွန့်များအထိ ဆေးရည်စိမ့်ဝင်နိုင်ရန် ပိုးသတ်ဆေးဖြစ်သော ကလိုပိုင်ရီဖော့စ် (Chlorpyrifos)၊ လန်ဒါ-ဆိုင်ဟေလိုသရင် (Lambda-cyhalothrin) သို့မဟုတ် အဆီဖိတ် (Acephate) တစ်မျိုးမျိုးကို ဆေးစွဲကပ်ဆေး နှင့် ရောစပ်၍ စနစ်တကျ နှံ့စပ်အောင် ပက်ဖျန်း သုံးစွဲလေ့ရှိတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

သရက်ပွင့်တွေ များပေမယ့် သရက်သီး သီးတာဘာကြောင့်နည်းရသလဲ။ အသီးသီးလာတဲ့ သရက်သီးက ဘယ်လိုအောင်မြင်လာသလဲ ။မသီးနိုင်...

ဖြေကြားချက် 3 ခု

ကျနော့်ယာကွက်ဟာအင်တိုင်းမြေဖြစ်ပါတယ်၊အဲဒီယာကွက်ထဲမှာဆယ့်နှစ်ရာသီနေထိုင်ရန်အိမ်တလုံးဆောက်ထားပါတယ်၊အိမ်ကောစိုက်...

ဖြေကြားချက် 2 ခု

ကျတော့် သရက်ပင်က ပင်အောက်ခြေကနေ အထက်ကို 2တောင်လောက်ရှိပီ အဲ့တာ ယာထဲကိုရွှေစိုက်ထားတာ အခု လူတစုံတယောက်က ဓားမ...

ဖြေကြားချက် 1 ခု

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်...

ဖြေကြားချက် 2 ခု

စိန်တလုံး သရက်ကိုင်းဆက်မျိုးကောင်းတာလေးစိုက်ချင်လို့ ဘယ်ကဝယ်လို့ရမလဲရှင်

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။