ခရမ်းချဉ်သီးအပင် အတက်နှေးနေလို့ မိုရယ်မုန်းနဲ့ ပုလဲဝဲရေဖျော်လောင်းလို့ အဆင်ပြေလားဗျ သက်တမ်းက25ရက်လောက်ရှိပါပီး
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၂၅ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေသာ
@maungsoethuwin ခရမ်းချဉ်ပင် အသက် (၂၅) ရက်သားအရွယ်သည် ပန်းပွင့်ရန် ပြင်ဆင်နေသည့် ကာလဖြစ်သောကြောင့် အသီးပွင့်အားကောင်းစေမည့် မိုရယ်မုန်း (သီးပွင့်ဟော်မုန်း) နှင့် အပင်ကို အကိုင်းအခက်/အရွက် ထွားစေမည့် ပုလဲမြေဩဇာ (ယူရီးယား) တို့ကို ရေဖျော်ပြီး တွဲဖက်ပက်ဖျန်းရန် အဆင်မပြေပါ (မသင့်တော်ပါ)ဘူးခင်ဗျာ။ အဘယ်ကြောင့်ဆိုသော် ပုလဲမြေဩဇာတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်ကြောင့် ခရမ်းချဉ်ပင်သည် သီးပွင့်ခြင်းဘက်သို့ အားမသန်တော့ဘဲ အရွက်များသာ အလွန်အကျွံ ထွက်လာပြီး အပွင့်ကြွေခြင်း၊ အပင်ဆေးလောင်ခြင်းနှင့် ပိုးမွှားမှိုရောဂါများ ပိုမိုကျရောက်ခြင်းတို့ ဖြစ်ပွားနိုင်သောကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် ပုလဲမြေဩဇာကို အပင်ခြေမြေတွင်သာ ကျွေး၍ ရေလိုက်ပေးသင့်ပြီး၊ သီးပွင့်ဟော်မုန်းကိုမူ ပန်းပွင့်/အသီးတင်မှုကို အထောက်အကူပြုသည့် ဖော့စ်ဖရပ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် ဘိုရွန်ဓာတ် ပါဝင်သော ရွက်ဖျန်းဆေးများနှင့်သာ တွဲဖက်၍ နေအေးချိန်တွင် ပက်ဖျန်းပေးသင့်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အပင်ကဒီလိုလေးဖြစ်နေတာ ဘာဆေးသုံးရမလဲဗျ လမ်းညွှန်ပေးပါအုံးဗျ
ဖြေကြားချက် 3 ခု
ဆရာခင်ဗျခရမ်းချဉ်နဲ့မုန်ညင်းအားဆေးဘယ်ဆေးတွဲသုံးသင့်ပါလည်း ပုံပါဆေးဆိုင်ကညွန်းပေးလို့ပါဝိစာကွန်ဘီလည်းရှိနေပါတယ်...
ဖြေကြားချက် 1 ခု
ခရမ်းချဥ် သီးတအားမဲတယ်ဗျ ကျောက်မှုန့်ကျွေးကြည့်တယ် ca ပလပ်နှစ်ကြိမ်ရှိပီဗျ ဒါမဲ့မနိုင်လို့ပါ ဘာဆေးထပ်ဖျန်းသင့်...
ဖြေကြားချက် 6 ခု
ခရမ်းလျဉ်အသီးပုတ်နေလို့ပါ ပုံပါဆေးကိုဒီနေ့မနက်ဖျန်းလိုက်ပါတယ် တကယ်လို့ အသီးပုတ်တာမသက်သာဘူးဆိုင် တခြားဆေးလေး...
ဖြေကြားချက် 2 ခု
ပျိုးပင်လေးတေ ဘာဖြစ်တာလဲဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။