ဖြေကြားချက် ၃ ခု
@ကိုလတ် ဟုတ်ကဲ့၊ရနိုင်ပါတယ်ခင်ဗျာ၊သို့ပေမယ့်မျိုးစေ့ဝယ်ယူတာအကောင်းဆုံးပါခင်ဗျာ၊ ပဲနီကြားစိုက်ချင်တယ်ဆိုလည်းစိုက်နိုင်ပါတယ်၊ ရေလိုအပ်ရင်ရေသွင်းပေးနိုင်မယ်၊ဈေးကွက်လည်း မိမိဒေသမှာ ကောင်းတယ်၊ မျိုးစေ့လည်းရှိတယ်ဆိုရင်တော့ ပဲနီကြားစိုက်လည်းရပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
@ကိုလတ် လက်ရှိ နိုဝင်ဘာလဆန်းပိုင်းမှာ ရေတင်ပြီး မြေအစိုဓာတ်ပြန်သွင်းကာ ပဲနီကြား စိုက်ပျိုးမယ်ဆိုရင် နောက်မကျသေးပါဘူးခင်ဗျာ။ ပဲနီကြားဟာ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း စိုက်ပျိုးလေ့ရှိတဲ့ သီးနှံဖြစ်လို့ အခုရက်ပိုင်း ရေသွင်းပြီး ကြဲမယ်ဆိုရင် အပင်ပေါက် ညီညာနိုင်ပါတယ်။ ဒါပေမဲ့ ရေတင်စရိတ် (စက်သုံးဆီ/မီးဖိုး) ကြီးမြင့်နေမယ်ဆိုရင်တော့ အကျိုးအမြတ် နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ရေတင်စရိတ် သက်သာချင်တယ်ဆိုရင် ကိုလတ်တို့ရဲ့ နုန်းကြမ်းမြေနဲ့ ကိုက်ညီပြီး အစိုဓာတ်အနည်းငယ်နဲ့ ဖြစ်ထွန်းနိုင်တဲ့ မူလစိုက်နေကျ ကုလားပဲ၊ သက်တမ်းတို ဆောင်းပဲတီစိမ်း နဲ့ ရေငတ်ဒဏ်ပိုခံနိုင်တဲ့ ပဲလွမ်း၊ ပဲယင်း တို့ကို ပြောင်းလဲစိုက်ပျိုးတာက တောင်သူအတွက် ပိုပြီး တွက်ခြေကိုက် စိတ်ချရမှာ ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲနီပြားက တဧကကိုမျိုးဘယ်လောက်ကြဲသင့်သလဲ?အရိပ်အနည်းငယ်ရှိတဲ့သရက်ခြံထဲမှာကြဲရင်ဖြစ်နိုင်လားခင်ဗျာ။အပင်ဖြစ်ထွန်း...
ဖြေကြားချက် 3 ခု
ပဲနီပြားကိုဘယ်လမှာစိုက်ရမလဲ
ဖြေကြားချက် 5 ခု
ပဲကျဲမလို့ မြစ်ရေက၂ခါတက်တော့ မြေဇာမြက်ကို ဒူးအထိ ထိနေတာ ပဲမချနိုင်ဘူး ဖြစ်နေတာ ပေါင်းသတ်ဆေးသုံးချင်တာ သုံးလို့...
ဖြေကြားချက် 1 ခု
အသီးအပွင့်အားဆေးနဲ့အဆီဖိတ်ရောဖျန်းလို့သင့်သလားဗျ
ဖြေကြားချက် 1 ခု
အဆီဖိတ်(acephate)ကိုဘယ်အချိန်မှာ(မနက်orညနေ)သင့်သလဲဗျ အပင်အားဆေးနဲ့ရောဖျန်းရင်လဲရလားဗျ ပဲနီပြားစိုက်ခင်းပါ
ဖြေကြားချက် 1 ခု