ပုံပါ ဒုတ္ထာမြေထဲက ယူလာတဲ့ ဒုတ္ထာအစိမ်းခဲကို ဘော်ဒိုးဆေးရည်လုပ်လို့ရလား
@Khing Hein မှိုရောဂါအတွက် ဆေးခါးတစ်ခွက် တောင်သူများအတွက် အသုံးဝင်ပြီး ကုန်ကျစရိတ် သက်သာစေမည့် ဘော်ဒိုဆေးရည် ပြုလုပ်နည်း ဒီဆောင်းပါးတွေလေ့လာကြည့်ပါ
@Khing Hein ဘော်ဒိုဆေးရည်ကို ဖျော်စပ်ပြီးနောက် သန့်ရှင်းပြီး ပြောင်လက်နေသော သံမှို သို့မဟုတ် ဓားပြားကို ဆေးရည်ထဲသို့ ၁ မိနစ်ခန့် နှစ်ထားရပါမယ်။ သံမှိုကို ပြန်ဆွဲထုတ်လိုက်သည့်အခါ ၎င်း၏မျက်နှာပြင်တွင် အညိုရောင် သို့မဟုတ် အနီရောင် (ကြေးနီရောင်) အနည်များ စွဲကပ်လာပါက အက်ဆစ်ဓာတ်များနေသေးကြောင်း သိရှိနိုင်ပြီး ကြက်သွန်ရွက်များ လောင်စေနိုင်ပါတယ်။ အကယ်၍ သံမှိုတွင် အရောင်ပြောင်းလဲခြင်းမရှိဘဲ မူလအတိုင်း ပြောင်လက်နေပါက အက်ဆစ်ဓာတ် ကင်းစင်ပြီး အပင်အတွက် ဘေးကင်းသော ဆေးရည်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
@Khing Hein ပုံတွင်တွေ့ရသော ဒုတ္ထာအခဲကို ဘော်ဒိုဆေးရည် ဖျော်စပ်ရာတွင် အသုံးပြုနိုင်ပါတယ်။ သို့သော် သဘာဝအတိုင်း တူးဖော်ရရှိထားသည့် ကျောက်ခဲကဲ့သို့ ဖြစ်နေ၍ အခြားအနည်အနှစ်များ ပါဝင်နိုင်သဖြင့် မဖျော်စပ်မီ သေသေချာချာ အမှုန့်ကြိတ်ချေပြီးမှသာ အချိုးအစားမှန်ကန်စွာ ချိန်တွယ်အသုံးပြုရပါမယ်။ ဆေးရည်ဖျော်စပ်ပြီးလျှင်လည်း ကြက်သွန်နီပင်များ အရွက်မလောင်စေရန် သံမှို (သို့မဟုတ်) ဓားဦးချွန်ဖြင့် အက်ဆစ်ဓာတ် ရှိ၊ မရှိ မဖြစ်မနေ စမ်းသပ်ပြီးမှသာ ပက်ဖျန်းသင့်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီပျိုးဖို့မြေကိုပေါင်းမပေါက်အောင်ဘယ်လို့လုပ်ရ စိုက်ရင်ရောဘာပေါင်းအုပ်ဆေးသုံးရ
ဖြေကြားချက် 2 ခု
ရွေးချယ်ပေါင်းသတ်ဆေးတွေဖြစ်တဲ့ Fluazifop-p-butyl နဲ့ Quizalofp-p-ethyl နဲ့ ဘာကွာတာလဲ ကြက်သွန်နီခင်းအတွက် သုံးမ...
ဖြေကြားချက် 3 ခု
ကြက်ငွန်နီလည်လိမ်ရောဂါ ဘယ်လိုနှိမ်နင်းရမလဲဗျ
ဖြေကြားချက် 1 ခု
ပိုတက်စီယန် ဆီလီကိတ် ကိုနေရေင်ခြည်ကာကွယ်ရန်ဖြေပေးထားတာရှိပါတယ်ဆေးဆိုင်တွေမေးတော့မသိကြဘူ ဘယ်လိုဝယ်ရတုန်းသိပါရစေ
ဖြေကြားချက် 3 ခု
ပိုတက်စီယန် ဆီလီကိတ် ဆိုတာဖျန်းဆေးရှိလားသိချင်ပါတယ် ကျွန်တော်အရင်တစ်ခါကြက်သွန်ကိုခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေ...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။