အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Sai Kaung Myat Kyaw Kyaw
လွန်ခဲ့သော ၃ နာရီ က · ပင်လည်ဘူး

ကျနော်တို့ဒေသမှာ ခေါ်ကြတဲ့ "ကျောက်ဆည်ပဒေသာစပါးမျိုး"က "ဧရာမင်းစပါးမျိုး" လားဗျ သက်တမ်းဘယ်လောက်ရှိပါသလဲ

စိုက်ပျိုး ဗဟုသုတ စပါး

ဖြေကြားချက် ၂ ခု

Sai Kaung Myat Kyaw Kyaw
Sai Kaung Myat Kyaw Kyaw 178 လွန်ခဲ့သော ၃ နာရီ က

@သော်ဇင် ကျေးဇူးပါဆရာ

သော်ဇင်
သော်ဇင် 433,090 လွန်ခဲ့သော ၃ နာရီ က

@Sai Kaung Myat Kyaw Kyaw "ကျောက်ဆည်ပဒေသာစပါးမျိုး" နှင့် "ဧရာမင်းစပါးမျိုး" သည် အမျိုးအစား အတူတူပင် ဖြစ်ပါတယ်။ မူရင်းမျိုးအမည်မှာ မလေးရှားနိုင်ငံမှ တင်သွင်းခဲ့သော ဧရာမင်း (Machando) ဖြစ်ပြီး တောင်သူများက ၎င်း၏ အထွက်နှုန်းကောင်းမွန်မှုနှင့် လိုတရပဒေသာပင်ကဲ့သို့ အကျိုးအမြတ်ပေးနိုင်မှုကို အစွဲပြုကာ ဒေသအလိုက် "ကျောက်ဆည်ပဒေသာ"၊ "ဧရာပဒေသာ"၊ "မဂျမ်းတော" ဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။ ဤစပါးမျိုးသည် သက်လတ်စပါးအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမှုသက်တမ်းမှာ ၁၄၀ မှ ၁၄၅ ရက် ဝန်းကျင် (အများဆုံး ၁၄၉ ရက်အထိ) ရှိပါတယ်။ ဒါပေမယ့် အချို့ဒေသတွေမှာများ မတူသည့်စပါးမျိုးကို အမည်မှားခေါ်တာမျိုးဖြစ်နေနိုသ်သေးတာမို့ မျိုးစေ့ကို သေချာလေးစစ်၊စုံစမ်းပြီးမှမေးမြန်းဝယ်ယူပါခင်ဗျာ၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။