အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Helium
Helium 18
လွန်ခဲ့သော ၆ နာရီ က · နတ်မောက်

မြေကွက်လပ် 10×20 ပေလောက်ရှိပါတယ် ဒီတိုင်းထားထားတာထက် စိုက်ပျိုးရေးလေး သေချာ အချိန်ပေးလုပ်ချင်လို့ပါ ဘာအပင်တွေကို ဘယ်လိုမျိုး စိုကိရမလဲ ဆွေးနွေးပေးကြပါအူံးဗျ မြေက အညာမြေရွှံ့နည်းနည်းပါပါတယ် အပူပိုင်းဒေသပါ ခုတော့ မိုးခနခနရွာနေပါတယ် အချိန်ပေးပြီး ဂရုစိုက်ရလည်း အဆင်ပြေပါတယ် တစ်လတစ်လ 400k+ အသားတင်အမြတ်ကျန်နိုင်မလား မသိဘူး ရေလောင်းပေါင်းသင် နေ့တိုင်းလုပ်နိုင်ပါတယ်

စိုက်ပျိုးနည်း ကန်စွန်းရွက်
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 434,247 လွန်ခဲ့သော ၅ နာရီ က

@Helium ၁၀×၂၀ ပေ (စတုရန်းပေ ၂၀၀) ရှိသော အိမ်တွင်းမြေကွက်လပ်လေးသည် အလွန်သေးငယ်သည့်အတွက် သမရိုးကျ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပါက တစ်လလျှင် အသားတင်အမြတ် ၄ သိန်း (400K+) ရရှိရန် မဖြစ်နိုင်ပါဘူး။ မေးခွန်းရှင်အနေဖြင့် ရေလောင်းပေါင်းသင်ရန် အချိန်ပေးနိုင်သော်လည်း အပူပိုင်းဒေသ၏ ရာသီဥတုနှင့် မြေအမျိုးအစား အကန့်အသတ်များ ရှိနေပါတယ်။ သို့သော် မြေနေရာကို အပေါ်ဘက်သို့ ချဲ့ထွင်သည့် ဒေါင်လိုက်စိုက်ပျိုးရေးစနစ် ကို အသုံးပြု၍ စျေးကွက်ဝင် ငွေနှင်းမှို စိုက်ပျိုးခြင်း သို့မဟုတ် စင်များဖြင့် တန်ဖိုးမြင့် ဆလတ်ရွက်၊ ချယ်ရီ ခရမ်းချဉ်သီးများနှင့် ဟင်းခတ်အမွှေးအကြိုင်ပင်များကို စနစ်တကျ စိုက်ပျိုးမည်ဆိုပါက မြေနေရာအနည်းငယ်လေးမှ တစ်လလျှင် ၁ သိန်းခွဲမှ ၃ သိန်းဝန်းကျင်အထိ ဝင်ငွေကောင်းအောင် စတင်ဖန်တီးနိုင်ခြေ ရှိပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆင်ငိုမြက်ကို Glyphosate နဲ့လည်းမသေလို့ ဘယ်ဆေးAi နဲ့ဖြန်းရင် အမြစ်ပြတ်မလဲပြန်လည်ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ

ဖြေကြားချက် 1 ခု

ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထား...

ဖြေကြားချက် 4 ခု

ဒီကန်စွန်းမှာ ဖြစ်နေတဲ့ ရောဂါရယ် ဘာဆေးဖြန်းရမလဲ ပြောပြပေးပါ

ဖြေကြားချက် 1 ခု

အိမ်စားဖို့ ကန်စွန်းရိုးတံလေးတွေ ရေစိမ် အမြစ်ဖောက်ပြီးမှ မြေဆီလွှာဖြည့်ထားတဲ့အိုးထဲစိုက်တာ။ ၈ ရက်ကြာတော့ ပုံထဲ...

ဖြေကြားချက် 2 ခု

ဆရာမဂ်လာပါ🙏🙏🙏 ကျနော်ကန်စွန်းပင်လေးတွေ အစိမ်းလိုက်ညိုးနေလို့ပါဆရာ အပင်နုတ်ကြည့်တော့လည်း အမြစ်တွေကောင်းတယ်ဆရာ ဘာ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။