ဘာရောဂါလဲး ဘာကြောင့်ဖြစ်တာလဲး လိမ်မောိသီးအက်လိုမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲး
@မောင်ယဉ်မောင် ပုံပါလက္ခဏာသည် Xanthomonas ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော ရှောက်/သံပုရာ/လိမ္မော် ကင်ကာရောဂါ (Citrus Canker) ဖြစ်ပြီး အသီးခွံပေါ်တွင် ဖော့ကဲ့သို့ ကြမ်းတမ်းပြီး အက်ကွဲကြောင်းရှိသော အနာဖုများ ဖြစ်ပေါ်စေကာ အသီးအရည်အသွေးကို ပျက်စီးစေပါတယ်။ မိုးရေစင်ခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းနှင့် ရွက်ထွင်းပိုး ကိုက်ဖြတ်ရာမှရသော ဒဏ်ရာများမှတစ်ဆင့် ပျံ့နှံ့ကူးစက်တတ်ပါတယ်။ ရောဂါကာကွယ်ရန်အတွက် ရောဂါရနေသော အကိုင်းနှင့် အသီးများကို ဖြတ်တောက်ပစ်ခြင်း၊ ကိုင်းဖြတ်ကတ်ကြေးကို ပိုးသတ်အသုံးပြုခြင်း၊ ဒဏ်ရာရစေသော ရွက်ထွင်းပိုးကို အချိန်မီနှိမ်နင်းခြင်းနှင့် အညန့်သစ်ထွက်ချိန်/အသီးတင်စအချိန်များတွင် ကော့ပါးအောက်ဆီကလိုရိုက် (Copper Oxychloride) သို့မဟုတ် Kasugamycin, Bismerthiazole, Oxolinic acid ကဲ့သို့သော ဘက်တီးရီးယားသတ်ဆေးများကို စနစ်တကျ ပက်ဖျန်းပေးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
လိမ္မော်ပင်အတွက် ရွာငံ အင်းကြီး မိုးများ ဒေသ တောင်စောင်းမြေ တစ်နှစ်စာ လအလိုက် ဖျန်းရမယ်ဆေးနဲ့ ကျွေးရမယ်မြေသြဇာ...
ဖြေကြားချက် 1 ခု
အဲ့ရာဘာဖစ်တာလည်း
ဖြေကြားချက် 1 ခု
လိုက်ချီးပင်မှာ အဲ့လိုဖြစ်နေလို့ ဘာဖြစ်တာလဲဗျ။ ဘာဆေးသုံးသင့်လဲ။
ဖြေကြားချက် 1 ခု
Poatssium ပါဝင်သောသဘာဝမြေဩဇာများအကြောင်းမေးလိုပါသည်။
ဖြေကြားချက် 1 ခု
လိမ္မော်ပင် ၅၀၀ ၆၀၀လောက် စစိုက်ချင်လို့ ဘာတွေလိုအပ်မလဲ စိုက်ပျိုးရေးနည်းပညာပိုင်းမှာ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။