မတ်ပဲပေါင်းအုပ်ဆေးက ဘယ်နှစ်ရက်သားမှာ အသုံးပြုရတာလဲဗျ ဘယ်ဆေးက ကောင်းလဲ လမ်းညွှန်ပေးပါအုံး
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၉ ရက်
@မောင်မြတ်မင်း မတ်ပဲပေါင်းအုပ်ဆေး ကို စိုက်ပျိုးပြီး ၁ ရက်မှ ၃ ရက်အတွင်း အပင်မပေါက်မီ မြေအစိုဓာတ်ရှိချိန်တွင်သာ အသုံးပြုရပါတယ်။ ယခု အပင်သက်တမ်း (၉) ရက်သား ရှိနေပြီဖြစ်၍ ပေါင်းအုပ်ဆေး ဖျန်းရန် အချိန်ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ ထို့ကြောင့် မတ်ပဲပင် ၁၀ ရက်မှ ၂၀ ရက်သားအတွင်း အသုံးပြုရသည့် အပင်ပေါက်ပြီး ရွေးချယ်ပေါင်းသတ်ဆေး (Post-emergence) ကိုသာ ပြောင်းလဲအသုံးပြုသင့်ပါတယ်။ အခင်းထဲတွင် မြက်ပေါင်းသာပေါက်ပါက Quizalofop-p-ethyl (ဥပမာ- ပီဇာ ၁၀ အီးစီ)၊ ရွက်ပြန့်ပေါင်းသာပေါက်ပါက Fomesafen (ဥပမာ- ပီကာ ၂၅၀ အက်စ်အယ်) နှင့် မြက်ရော ရွက်ပြန့်ပါ အစုံပေါက်ပါက Imazethapyr (ဥပမာ- ရှင်းရှင်း) တို့ကို မြေအစိုဓာတ်ရှိချိန် နေအေးချိန်တွင် ဖျန်းပေးရမည် ဖြစ်ပါတယ်။ ပေါင်းသတ်ဆေးများမသုံးခင် ဆေးဗူးပါစာညွှန်းများသေချာဖတ်ပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
မတ်ပဲ (TBl) အပေါဘက်ကညှိုပြီး ကုတ်ကျတာပါ အမြစ်ကတော့ မြစ်ဖုလိုက်တယ် ဘာဖြစ်တာလဲ မိုးများပြီးအစိုစာတ်များတာလား
ဖြေကြားချက် 0 ခု
မတ်ပဲပန်းစပြတဲ့အချိန်မှာ ယူရီးယား+လက်ချား+စုတ်စားပိုးဆေး(သို့)ပွင့်ထွေးဆေး (သို့)မှိုဆေး တမျိုးမျိူး ရောစပ်...
ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ အပင်သက် ၁လသား ရှိပါပြီ။ ကျွန်တော်တို့နယ်မှာ မိုးရွာသွန်းရက် ၇ရက်ရှိပါပြီ။ ယမန်နှစ်တွေက မဖြစ်ဖူး...
ဖြေကြားချက် 1 ခု
ဒီဆေးက မတ်ပဲအတွက်ဘယ်ပိုးတေကိုသေစေလဲဗျ ဘယ်အချိန်မှာစဖျန်းသင့်လဲ
ဖြေကြားချက် 3 ခု
မင်္ဂလာပါဆရာ ကျွန်တော့တို့ရွာမှာ မိုးေရချိန်နေ့စဉ်၁လက်မ၀န်းကျင်ခန့် ရွာသွန်းခဲ့တာ၃ရက်ဆက်ရှိနေပါပြီ နောက်၂ရက်...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။