ဝက်ခြံမှာ သွေးဝမ်းတွေသားပြီး သေဆုံးတယ်အခါအသားတွေနီစက်စက်ဖြစ်လာတယ်ဗျ တစ်ခြားရွာထဲကမွေးကြတဲ့ဝက်တွေလေ ဝက်နားရွက်ပြပုံစံရယ်/ အောက်ပိုင်းသေပြီမသွားနိုင်တဲ့ပုံတွေဖြစ်နေတယ်ဗျ ခြံကိုဘလိုစီမံပြီး/ နောက်မဖြစ်အောင်ဘလိုကာကွယ်သင့်လည်းဗျ
@Ko Zar သွေးဝမ်းသွားခြင်း၊ အရေပြားနီစက်ထွက်ခြင်း၊ နားရွက်ပြာခြင်းနှင့် အောက်ပိုင်းမသန်စွမ်းခြင်း လက္ခဏာများသည် အာဖရိကဝက်အပြင်းဖျားရောဂါ (ASF)၊ ဝက်ဝမ်းကျရောဂါ (CSF) သို့မဟုတ် ဝက်နားရွက်ပြာရောဂါ (PRRS) နှင့် နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင်ခြင်းတို့နှင့် ဆင်တူပါတယ်။ လက်ရှိခြံကို အရေးပေါ်စီမံရန်အတွက် နေမကောင်းသောဝက်များကို ချက်ချင်းသီးသန့်ခွဲထားပြီး ဝက်သေကောင်များကို ၆ ပေအနက် တွင်းတူးကာ ထုံးဖြူးမြေမြှုပ်ဖျက်ဆီးရပါမယ်။ ခြံအတွင်း ရွှံ့နွံမစင်များကို ရှင်းလင်းလုပ်ဆောင်ပြီး တိရစ္ဆာန်ဆေးကုဆရာဝန်ထံ အမြန်ဆုံး အကြောင်းကြားသင့်ပါတယ်။ နောက်ထပ်မဖြစ်ပွားစေရန်အတွက် ရောဂါဖြစ်ပွားနေသော ရွာများမှ လူနှင့်ယာဉ် အဝင်အထွက်ကို တင်းကျပ်စွာ တားမြစ်ခြင်း၊ စားကြွင်းစားကျန်များကို မိနစ် ၃၀ ခန့် ပွက်ပွက်ဆူအောင် ကျိုချက်ကျွေးမွေးခြင်း၊ ခြံကို အနည်းဆုံး ၁ လမှ ၂ လခန့် အနားပေးပြီးမှသာ ကာကွယ်ဆေးထိုးပြီးသား ဝက်အသစ်များကို ၂ ပတ်ခန့် သီးသန့်ခွဲစောင့်ကြည့်၍ ပြန်လည်မွေးမြူခြင်းတို့ကို လိုက်နာဆောင်ရွက်ရပါမယ်။ ဘာရောဂါလဲအတိကျသိဖို့ဆိုရင် နီးစပ်ရာတိရစ္ဆာန်ဆရာဝန်ထံ အမြန်ဆုံးပြပြီးကုသမှုခံယူပေးပါ။ ကျွမ်းကျင်တိကုဆရာဝန်များဝင်ရောက်ဆွေးနွေးပေးလိုက်ကြပါဦးခင်ဗျာ။ကျွန်တော် ဝါသနာအရလေ့လာသိရှိသလောက်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်အမှန်ခြစ်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
@Ko Zar ဝက်မွေးသူတွေ သတိပြုသင့်တဲ့ ဝက်နားရွက်ပြာရောဂါ ရောဂါများမကူးစက်စေဖို့ ဝက်ခြံရဲ့ ဇီဝလုံခြုံရေးစနစ်ကိုမြှင့်တင်စို့ (၁) ဒီဆောင်းပါးတွေမှာလေ့လာကြည့်ပါခင်ဗျာ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဝက်ငယ်ကလေးများတွေဖြစ်တက်သော််ရော်ဂါများကိုဖော်ပြပါ။
ဖြေကြားချက် 2 ခု
cpဝက်အဖုတေထွက်နေတာဘယ်လုပ်သင့်သလဲဘာကြောင့်အဖုတွေထွတ်တာလဲဖြေပေးပ့အုံးဘယ်ကုသရမလဲ့ဘဖြေပေးပါ
ဖြေကြားချက် 3 ခု
၀က်မမှာ ကိုယ်၀န်ရှိ မရှိ သိနိင်မယ့် နည်းလမ်းလေး ပြောပြပါ
ဖြေကြားချက် 1 ခု
၀က်မ ဆီးတင်တာ ဆေးနဲ့ နှစ်ခါရှိပီ ၂လလောက်မှ ပြန်ဆော့နေလို့ ဘာလို့ဖြစ်တာလည်း
ဖြေကြားချက် 3 ခု
ဝက်ခြံကို အပူလွန်ကဲတဲ့ဒဏ်ကိုကာကွယ်အောင်ဘာတွေကြိုပြင်ဆင်သင့်လည်း
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။