အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Mg Aung ko min
လွန်ခဲ့သော ၄ နာရီ က · အောင်လံ

ကြက်သွန်ပျိုးထောင်ထားတာ စထောင်ပီးကတည်းက ရေတခါပဲဖျန်းလိုက်ရတယ် မိုးဖိထားတာ အခြေအနေဘယ်လို ဖြစ်လာနိုင်သလဲ မှုိးဆေးလိုက်သင့်သလား တခြားဘာလုပ်ဆောင်ချက်များပြုလုပ်ဖို့သင့်သလဲဆိုတာ အကြံပြု အသိပညာလေးပေးပါအုံ ဆရာသမားတို့

စိုက်ပျိုးနည်း ကြက်သွန်နီ
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 448,309 လွန်ခဲ့သော ၂ နာရီ က

@Mg Aung ko min မြေကြီး အနည်းငယ် ပြန်ခြောက်သွေ့လာတဲ့အခါ အပင်ရင်းလေးတွေ မထိခိုက်စေဘဲ တုတ်ချောင်းသေးသေးလေးနဲ့ မြေမျက်နှာပြင်ကို ဖွဖွလေး ဆွပေးခြင်းအားဖြင့် အမြစ်လေးတွေ အောက်ဆီဂျင် ရရှိစေပါတယ်။လောလောဆယ် အရေးကြီးဆုံးကတော့ ရေမဝပ်အောင် လုပ်ဖို့နဲ့ မှိုဆေး အမြန်ဆုံး ဖျန်းပေးဖို့ ဖြစ်ပါတယ်။ အပင်လေးတွေ ပြန်ထောင်မတ်လာပြီး သန်မာလာမှသာ ရွက်ဖျန်းအားဆေးကို စနစ်တကျ ဖျန်းပေးပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 448,309 လွန်ခဲ့သော ၂ နာရီ က

@Mg Aung ko min ကြက်သွန်ပျိုးပင်ငယ်လေးတွေ မိုးမိထားတဲ့အခါ မြေအစိုဓာတ် များသွားတာကြောင့် အပင်အရင်းပုပ်ပြီး ကျိုးကျတဲ့ ခါးရိရောဂါ (Damping-off) ကျရောက်နိုင်ခြေ အရမ်းများပါတယ်။ ဒါ့အပြင် မိုးရေရိုက်ထားလို့ မြေသားကျစ်သွားပြီး အမြစ်တွေ အောက်ဆီဂျင်ပြတ်ကာ အပင်ယိုင်လဲတာ၊ ကြီးထွားမှု နှေးကွေးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိုးတိတ်တာနဲ့ Foestyl Al သို့မဟုတ် Hymexazol သို့မဟုတ် Thiophanate methyl သို့မဟုတ် ကာဘန်ဒါဇင် (Carbendazim) လို မှိုသတ်ဆေး တစ်မျိုးမျိုးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အပင် ခြေချက်ချင်း ဖျန်းပေးသင့်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပျိုးဘောင်ဘေးမှာ ရေမဝပ်အောင် ရေထုတ်မြောင်း ဖောက်ပေးတာ၊ မိုးထပ်ရွာရင် ပလတ်စတစ်အကြည်နဲ့ ယာယီမိုးပေးတာတွေ လုပ်ဆောင်ရပါမယ်။ အပင်လေးတွေ နုနယ်နေသေးတဲ့ ဒီလိုအချိန်မှာ ယူရီးယား (ပုလဲ) မြေဩဇာကို လုံးဝ မကျွေးဘဲ ရှောင်ထားဖို့ အထူးသတိပြုရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

မိုး၄ရက်တနေကုန်မိနေပါတယ် လည်လိမ်စတွေ့နေရပီ ဥပုပ်ပင်စည်ပုပ်လေးတွေစတွေ့နေရပါပီ မိုးလင်းသွားလျှင်ဘယ်ကနေဘာစလုပ်ရမ...

ဖြေကြားချက် 1 ခု

မိုးရွာနေတာ ၄ရက်မြောက်​ေန့ပါခါးရိ မြစ်ပုပ် လည်လိမ်စပီးတွေ့နေရပါပီဆရာ ဆေးက၃ကြိမ်၄ကြိမ်လောက်လိုက်ရတော့မှာပါ သိ...

ဖြေကြားချက် 1 ခု

ပုံပါ ဒုတ္ထာမြေထဲက ယူလာတဲ့ ဒုတ္ထာအစိမ်းခဲကို ဘော်ဒိုးဆေးရည်လုပ်လို့ရလား

ဖြေကြားချက် 4 ခု

ကြက်သွန်နီပျိုးဖို့မြေကိုပေါင်းမပေါက်အောင်ဘယ်လို့လုပ်ရ စိုက်ရင်ရောဘာပေါင်းအုပ်ဆေးသုံးရ

ဖြေကြားချက် 2 ခု

ရွေးချယ်ပေါင်းသတ်ဆေးတွေဖြစ်တဲ့ Fluazifop-p-butyl နဲ့ Quizalofp-p-ethyl နဲ့ ဘာကွာတာလဲ ကြက်သွန်နီခင်းအတွက် သုံးမ...

ဖြေကြားချက် 3 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။