အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်ကျော်ခိုင်
လွန်ခဲ့သော ၄ နာရီ က · မြိတ်

ဆရာတို့ခင်ဗျ ဘူး ခဝဲ ရုံးပတီတီတို့မှာဒေါင်းနီးမှိုကာကွယ်ဆေးကိုဘယ်အချိန်မှာသုံးရမှာလဲခင်ဗျ ဘယ်ဆေးကိုသုံးရမှာလဲခင်ဗျ အလင်းပြပေးပါ🙏

စိုက်ပျိုးနည်း ဘူး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 448,452 လွန်ခဲ့သော ၂ နာရီ က

@မောင်ကျော်ခိုင် ဘူး၊ ခဝဲနှင့် ရုံးပတီသီးနှံများတွင် ကျရောက်တတ်သော ဒေါင်းနီးမှိုရောဂါ အတွက် အပင်သက်တမ်း ၁၅ ရက်မှ ၂၀ ရက်သားအရွယ်၊ မိုးရွာပြီးချိန်နှင့် ဆီးနှင်းကျဆင်းမှုများချိန်တို့တွင် ကြိုတင်ကာကွယ်ဆေး စတင်ပက်ဖျန်းရပါမယ်။ ရောဂါမကျရောက်မီ ကြိုတင်ကာကွယ်ရန်အတွက် မန်ကိုဇက် (Mancozeb) သို့မဟုတ် ကလိုရိုသာလိုနေးလ် (Chlorothalonil) ကဲ့သို့ ထိသေမှိုသတ်ဆေးများကို အသုံးပြုနိုင်ပါတယ်။ အကယ်၍ အရွက်ပေါ်တွင် အဝါဖျော့ရောင် ထောင့်ချိုးအကွက်များနှင့် အရွက်အောက်တွင် မီးခိုးရောင်မှိုမျှင်များ စတင်တွေ့ရှိပါက မက်တယ်လဇီး + မန်ကိုဇက် (Metalaxyl + Mancozeb)၊ ဆိုင်မောက်ဇနေးလ် + ဒိုင်မီသိုမော့ဖ် (Cymoxanil+Dimethomorph)၊(Azoxystrobin) ပါဝင်သော ပင်လုံးပြန့်မှိုသတ်ဆေးများကို ပြောင်းလဲအသုံးပြုရပါမယ်။ ဆေးဖျန်းသည့်အခါ အရွက်အောက်မျက်နှာပြင်ကို နှံ့စပ်အောင်ဖျန်းပေးရန်နှင့် ဆေးယဉ်ပါးမှုမဖြစ်စေရန် ၇ ရက်မှ ၁၀ ရက်ခြားတစ်ကြိမ် ဆေးအုပ်စု အလှည့်ကျပြောင်းလဲဖျန်းပေးရန် လိုအပ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

အားလုံးပဲ့မဂ်လာပါခင်ဗျ၊ကျွန်တော့်ရဲ့ postလေးမြင်ရင် ကျော်မသွားဘဲ ရှင်းပြပေးခဲ့ပါလို့ တောင်းဆိုပါတယ်၊ဒီဘူးပင်...

ဖြေကြားချက် 2 ခု

ဘူးပင်မှာ ပင်စည်အရင်းကနေပြီး အစေးတွေထွက်တယ် ပြီးတော့ အပင်တွေညိုးပြီး​​သေသွားတယ် ဘာကြောင့်ဖြစ်ရတာလဲခင်ဗျာ? ဘယ်...

ဖြေကြားချက် 3 ခု

ဘူးသီးတွေအတွင်းမာ ပုပ်ကုန်ပြီး အဲ့လိုအရည်တွေထွက်ပုပ်ကုန်တာ ဘာကြောင့်လဲဗျ ပိုးဆိုရင်လည်းဘာပိုးလဲရယ် ဘယ်လိုနှိမ်...

ဖြေကြားချက် 2 ခု

ဘူးသီးပျိုးပင်တွေ မြေပေါ်ချပြီး ၃ ၄ရက်နေတာနဲ့ခါးတွေ ညိ့ပြီး အပက်တွေသေ အရိုးတွေကွဲဖြစ်ကုန်လို့ တချို့ဆို အပင်...

ဖြေကြားချက် 1 ခု

အသီးမာအမည်းစက်လေးတွေအပေါက်ကလေးတွေဖြစ်နေပါတယ် အသီးပုပ်တာမျိုးတော့မရှိပါဘူး ပိုးကောင်လည်းသိပ်မတွေ့ပါဘူး မှိုရော...

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။