ဖြေကြားချက် ၂ ခု
@မောင်ခိုင်လင်းထွန်း ပုံပါပေါင်းပင်မှာ မြက်မုန်ညင်းမျိုးရင်းဝင် မြက်ကွမ်းသီးလေး ဖြစ်ပါတယ်။ ဆေးဖျန်းပြီး တစ်ပတ်ကျော်ကြာသည်အထိ မသေရခြင်းမှာ အပင်ရင့်ပြီး ပန်းပွင့်အစေ့တည်နေပြီဖြစ်ခြင်းနှင့် ပေါင်းအုပ်စုမှားယွင်း၍ ဆေးရွေးချယ်မိခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ လက်ရှိ ပန်းခိုင်ထွက်နေသော အပင်ရင့်များကို ဆေးထပ်ဖျန်းပါက ထိရောက်မှုနည်းပြီး စပါးပင်သာ ထိခိုက်နိုင်သဖြင့် အစေ့မကြွေမီ လက်ဖြင့် အမြစ်ပါအောင် နှုတ်ပယ်မီးရှို့ဖျက်ဆီးသင့်ပါတယ်။ အကယ်၍ လယ်ထဲတွင် အရွက် ၂-၄ ရွက်အရွယ် အပင်ငယ်များ ကျန်ရှိနေသေးပါက မြက်မုန်ညင်းအုပ်စုသတ်ဆေးများ (ဥပမာ- Bensulfuron-methyl, Pyrazosulfuron-ethyl သို့မဟုတ် စပါးရက် ၂၀ ကျော်ပါက 2,4-D / MCPA)၊Bentazone ကို ရေဖောက်ထုတ်ပြီး ရွှံ့ဗွက်အနေအထားတွင် ပက်ဖျန်းကာ ဆေးဖျန်းပြီး ၂ ရက်အကြာတွင် ရေပြန်လှောင်ထားပေးရပါမယ်။ နောင်ရာသီများတွင် စပါးကြဲပြီး ၁-၃ ရက်အတွင်း ပေါင်းပင်မပေါက်မီ ကြိုတင်ကာကွယ်ဆေး (Pretilachlor) ကို ကြိုတင်ပက်ဖျန်းထားခြင်းဖြင့် အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
နွားသေးကိုအချဉ်ဖောက်ပီးသုံးရသလားဆရာ စပါးအတွက်ပါ ဖုန်းတုံးလုံးတုံးအချိန်သုံးရပါသလားဆရာ
ဖြေကြားချက် 1 ခု
ပိုးသတ်ဆေး dateကုန်ရင် အသုံးပြုရလားဆရာ
ဖြေကြားချက် 3 ခု
ဆရာပျိုးထောင်ပြီးပြန်စုက်တဲ့စပါးတွေကခုလိုဝါနေတယ်ဆရာဘယ်လိုပြန်လိုက်ရမလဲအကြုံပြုပါအုံး
ဖြေကြားချက် 2 ခု
ပုံပါမြက်ကိုနိုင်သောေရွးခြယ်ဆေး ကိုညွှန်ပြပေးပါခင်ဗျာ။
ဖြေကြားချက် 2 ခု
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ