အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခင်ဇော်ဝင်း
လွန်ခဲ့သော ၄ ရက် က · ပင်းတယ

ထောပတ်ခြံအတွက်ပိုးဆေးတွေညွန်းပေးပါအုံးဆရာခင်ဗျ

ပိုးမွှားရောဂါ ထောပတ်သီး
Post image

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 465,540 လွန်ခဲ့သော ၄ ရက် က

@ခင်ဇော်ဝင်း ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 465,540 လွန်ခဲ့သော ၄ ရက် က

@ခင်ဇော်ဝင်း ပင်လုံးပျံ့ဆေးများဖြစ်လို့ဖျန်းရပါတယ်။ ဆေးအခဲများ အပင်ခြေတစ်ဝိုက်ထည့်မယ်ဆိုလည်းအဆင်ပြေနိုင်ပါတယ်

ခင်ဇော်ဝင်း
ခင်ဇော်ဝင်း 1,866 လွန်ခဲ့သော ၄ ရက် က

တပင်လုံးပိုးဆေးဖြန်းရင်ရောဆရာညွန်းထားတဲ့ဆေးဖြန်းသင့်လားခင်ဗျကာကွယ်ချင်လို့ပါ။ hass အခုနှစ်မှပန်းပြပါဆရာ

သော်ဇင်
သော်ဇင် 465,540 လွန်ခဲ့သော ၄ ရက် က

@ခင်ဇော်ဝင်း ပုံကို ကြည့်ရတာတော့ ပိုးလား၊ရောဂါလားသေချာမသဲကွဲဘူးဖြစ်နေတယ်။ပုံပါလက္ခဏာမှာ ထောပတ်ပင်တွင် ပင်စည်ထိုးပိုး (Stem Borer) ကျရောက်ခြင်း သို့မဟုတ် မှိုရောဂါကြောင့် ပင်စည်ပုပ်နာ (Phytophthora Canker) ဖြစ်ပွားခြင်း ဖြစ်နိုင်ပါတယ်။ ဦးစွာ ထိုအညိုရောင်အခဲကို ဓားဖြင့် အသာအယာ ခွာကြည့်ပါ။ အထဲတွင် သစ်သားမှုန့်များနှင့် အပေါက်ငယ်များ တွေ့ရပါက ပင်စည်ထိုးပိုးဖြစ်သဖြင့် ပိုးချေးများကို ရှင်းထုတ်ကာ စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ Fipronil (ဖစ်ပရိုနေးလ်) သို့မဟုတ် Imidacloprid ပိုးသတ်ဆေးရည်ကို ဆေးထိုးအပ်ဖြင့် အပေါက်ထဲ ထိုးသွင်းပြီး ရွှံ့စေးဖြင့် ပိတ်ပေးလေ့ရှိတယ်။ အပေါက်မရှိဘဲ အခေါက်များ မည်းပုပ်နေပါက မှိုရောဂါဖြစ်သဖြင့် အပုပ်သားများကို အသားစိမ်းပေါ်သည်အထိ လှီးထုတ်ပြီး Metalaxyl သို့မဟုတ် Copper Oxychloride မှိုသတ်ဆေးကို ရေဖြင့်ပျစ်ပျစ်ဖျော်၍ သုတ်လိမ်းပေးရန် လိုအပ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။