အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Nay Min Htet
Nay Min Htet 458
လွန်ခဲ့သော ၅၂ မိနစ် က · ကျုံပျော်

မတ်ပဲအပွင့်လိုက်တဲ့အချိန်မှာငါးအမိုင်နိုဖျန်းရင်ဘယ်လိုအကျိုးကျေးဇူးရနိုင်လည်းခဗျ ဆိုးကျိုးရောရှိနိုင်လားခဗျ🙏🙏🙏

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၄၅ ရက်
အပင်အာဟာရ မတ်ပဲ

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 456,894 လွန်ခဲ့သော ၂၇ မိနစ် က

@Nay Min Htet မတ်ပဲသက်တမ်း ၄၅ ရက် (မြေဩဇာ မကျွေးရသေးသည့် အခင်း) အပွင့်စပွင့်ချိန်တွင် ငါးအမိုင်နိုအက်ဆစ်ကို အချိုးအစားလျှော့၍ ပါးပါးဖျန်းပေးပါက အပင်အစာချက်အားကောင်းပြီး အသီးတင်မှုကို အထောက်အကူပြုပါတယ်။ သို့သော် ငါးအမိုင်နိုအက်ဆစ်တွင် နိုက်ထရိုဂျင်ဓာတ် များပြားသဖြင့် လိုသည်ထက် ပိုဖျန်းမိပါက အရွက်သန်ပြီး အပွင့်ကြွေကျနိုင်သည့် ဆိုးကျိုးရှိပါတယ်။ ထို့ကြောင့် ရေ ၄ ဂါလံပုံး တစ်ပုံးလျှင် ဆေး ၂၀ မှ ၃၀ စီစီခန့်သာ ထည့်၍ တစ်ကြိမ်သာ ဖျန်းပေးသင့်ပြီး၊ အသီးအပွင့်အားကောင်းစေရန် ဖော့စပရပ် (P)၊ပိုတက်စီယမ် (K) များသော ရွက်ဖျန်းမြေဩဇာ နှင့် Calcium, Boron ပါရွက်ဖျန်းအားဆေးများကိုအသုံးပြုပေးပါက အထွက်နှုန်း ပိုမိုကောင်းမွန်စေမည် ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Nay Min Htet
Nay Min Htet 458 လွန်ခဲ့သော ၅၂ မိနစ် က

🙏🙏🙏

You

ဆက်စပ်မေးခွန်းများ

အဆီဖိတ်ပိုးသတ်ဆေးကို မတ်ပဲပင် 40ရက်သားမှာ ရွက်ဖျန်းအားဆေးတွေနဲ့ တွဲဖျန်းလို့ရနိူင်ပါလား

ဖြေကြားချက် 0 ခု

ရေနစ်ထားတာပါဆရာ ဘယ်မှိုဆေးသုံးရင်အကောင်းဆုံးဖြစ်မလဲခင်ဗျာ။အထိရောက်ဆုံးနဲ့အကောင်းဆုံးဖြစ်မဲ့ မှိုဆေးညွန်ပေးပါ ဆ...

ဖြေကြားချက် 6 ခု

မင်္ဂလာပါ ဆရာတို့ စိုက်ခင်း အဲ့လို ဖြစ်နေပါတယ် ဘာများ ဖြစ်တာလဲခင်ဗျာ

ဖြေကြားချက် 1 ခု

အပင်သိပ်မတက်လို့ပါဆာလ်ဖာတစ်ကြိမ်အပင်အားဆေးတစ်ကြိမ်ဖျန်းထားပါတယ်ဘာဆက်လုပ်ရမလည်းလမ်းညွှန်ပေးပါအုံး

ဖြေကြားချက် 1 ခု

အသီးတင်အပွင်ပိုပွင့်အောင်ဘာဆေးတေဖျတ်းရမလည်း ပွင့်ထွေးမကျအောင်ဘယ်လိုကာကွယ်ထားရမလည်းဗျ

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။