ပုံပါဆေးသုံးမျိုးရောဖြန်းလို့ ရလား ဆရာတို့ အပင်တွေ အမြစ်ပုပ်ပုပ်ပြီး အကွက်လိုက်သေနေလို့ ပိုးတွေလဲကျနေလို့
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၃၁ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အများအားဖြင့် နေသာ
@Hlaing Min Tun ပုံပါဆေး ၃ မျိုးလုံးကို တစ်ပြိုင်နက် ရောစပ်ပက်ဖြန်းခြင်းကို အားမပေးပါဘူးခင်ဗျာ။ အမြစ်ပုပ်ရောဂါကြောင့် အပင်များ အားနည်းနေချိန်တွင် မှိုသတ်ဆေး ၂ မျိုးနှင့် ပိုးသတ်ဆေး ၁ မျိုးကို ရောဖျန်းပါက ဆေးပြင်းအားကြောင့် အပင်ဆေးလောင်ပြီး ပိုမိုပျက်စီးနိုင်ပါတယ်။ ထို့ပြင် ဆေးဖျန်းရမည့် နေရာချင်းလည်း မတူညီပါဘူး။ အမြစ်ပုပ်သက်သာစေရန် Azoxystrobin + Difenoconazole နှင့် Dimethomorph မှိုသတ်ဆေး ၂ မျိုးကိုသာ ရောစပ်ပြီး အပင်ခြေရင်း မြေကြီးစိုရွှဲအောင် အရင်ဖျန်းပေးပါ။ ထို့နောက် ၂ ရက်ခန့်အကြာမှသာ Emamectin Benzoate + Lambda-cyhalothrin ပိုးသတ်ဆေးကို အပင်အပေါ်ပိုင်း အရွက်များပေါ်သို့ သီးသန့်ပက်ဖြန်းပေးခြင်းက အထိရောက်ဆုံး ဖြစ်ပါလိမ့်မယ်ခင်ဗျာ။အကယ်၍ဆေးဖိုးသက်သာပြီး ရောဂါကို ပိုမိုထိန်းချုပ်နိုင်ချင်ရင်တော့ Azoxystrobin + Difenoconazole ကို အပင်အပေါ်ပိုင်းနှင့် အပင်ခြေရင်းမြေကြီးထိသီးသန့်စိုရွှဲအောင်ပက်ဖျန်းပေးပါ၊ ပြီးနောက် ၂ရက်အကြာမှာပိုးဆေးဖျန်း၊ ပြီးနောက် ရောဂါဆက်လက်ပျံ့ပွားခြင်းရှိမရှိစောင့်ကြည့်ပါ၊ လိုအပ်လာပါက Dimethomorph နောက်တစ်ကြိမ်ဖျန်းပေးလိုက်ပါ။ အမြစ်ပုပ်ရောဂါအတွက်ဆိုရင်တော့ Hymexazol ကို အပင်ခြေစိုရွှဲအောင်ဖျန်းပေးခြင်းကအထိရောက်ဆုံးပါ၊ အခုတော့ လက်ရှိဝယ်ပြီးသားဆေးများ ကုသကြည့်ပါဗျ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
လယ်ပဲခုအချိန်မှကြဲရင်နောက်ကြနေပြီလားခင်ဗျကျောက်မှုန့်ထည့်ရင်အဆင်ပြေလားခင်ဗျဝါးခယ်မနဲ့မတ်ပဲကဲမှာပါ
ဖြေကြားချက် 3 ခု
မတ်ပဲအပွင့်လိုက်တဲ့အချိန်မှာငါးအမိုင်နိုဖျန်းရင်ဘယ်လိုအကျိုးကျေးဇူးရနိုင်လည်းခဗျ ဆိုးကျိုးရောရှိနိုင်လားခဗျ🙏🙏🙏
ဖြေကြားချက် 2 ခု
အဆီဖိတ်ပိုးသတ်ဆေးကို မတ်ပဲပင် 40ရက်သားမှာ ရွက်ဖျန်းအားဆေးတွေနဲ့ တွဲဖျန်းလို့ရနိူင်ပါလား
ဖြေကြားချက် 2 ခု
မိုးတွေ က မြေကြီး ခြောက်ခါနီးရင် ပြန်ပြန်ရွာနေလို့ မတ်ပဲ/ပဲတီစိမ်းက ရာသီ မမှီရင် ပဲ မကောင်းဘူးလို့ ပြောလို့...
ဖြေကြားချက် 1 ခု
ရေနစ်ထားတာပါဆရာ ဘယ်မှိုဆေးသုံးရင်အကောင်းဆုံးဖြစ်မလဲခင်ဗျာ။အထိရောက်ဆုံးနဲ့အကောင်းဆုံးဖြစ်မဲ့ မှိုဆေးညွန်ပေးပါ ဆ...
ဖြေကြားချက် 6 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။