ပဲကျဲပက်ချိန်တွင် ထရိုင်ဂိုဒါးမားကိုလူးနယ်ကျဲပက်ထား ပါလျှင် ဘယ်နှစ်ရက်သားမှာ တကြိမ်ထပ်ပီး ဖျန်းလို့ရပါလဲ ခင်ဗျ့
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
@ငြိမ်းချမ်း ကျော် ပဲတီစိမ်းမျိုးစေ့ကို ထရိုင်ကိုဒါးမား (Trichoderma) ဖြင့် လူးနယ်စိုက်ပျိုးထားပါက အပင်သက်တမ်း (၁၅) ရက်မှ (၂၀) ရက်သားခန့် (ရွက်စစ် ၃-၄ ရွက်ထွက်ချိန်) တွင် ပထမအကြိမ် အပင်ခြေနှင့် ရွက်ဖျန်းအဖြစ် ထပ်မံပက်ဖျန်းပေးနိုင်ပါတယ်။ ရောဂါကျရောက်မှု များတတ်သော စိုက်ခင်းဖြစ်ပါက ပထမအကြိမ်ဖျန်းပြီး ၁၅ ရက်အကြာ (၃၅ ရက်သားခန့် ပန်းစပွင့်ချိန်) တွင် ဒုတိယအကြိမ် ထပ်မံပက်ဖျန်းနိုင်ပါတယ်။ သတိပြုရန်မှာ ထရိုင်ကိုဒါးမားသည် သက်ရှိအကျိုးပြုမှို ဖြစ်သောကြောင့် ဓာတုမှိုသတ်ဆေးများနှင့် လုံးဝရောမဖျန်းရဘဲ မြေအစိုဓာတ်ရှိချိန် ညနေနေအေးချိန်တွင်သာ ပက်ဖျန်းပေးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
ဖြေကြားချက် 1 ခု
ဒီနှစ်ပဲရာသီမှာပဲတီစိမ်းစျေးကောင်းနိုင်ပါမလားဆရာတို့ပဲတီစိမ်းကိုတော့ဝယ်လောက်ပါတယ်နော်
ဖြေကြားချက် 4 ခု
ပဲပင်ပေါက်ပြီး5ရက်သားမိုးမိသွားတာနိမ့်တဲနေရာရေမြုပ်သွားတယ်အများအားဖြင့်မြင့်တဲနေရာပဲကျန်တယ်အဲဒါဒီအတိုင်းထား...
ဖြေကြားချက် 1 ခု
ပဲ၁၀ရက်သားပဲ ရှိသေးတယ် ဘာသုံးသင့်လည်း မနက်ပိုင်းပဲကျပြီး ညနေပိုင်းမိုးမိထားတာ အာ့တာနဲ့ ဆိုင်လားဗျ
ဖြေကြားချက် 2 ခု
သဲဆန်သောမြေကို ဘယ်လိုပြုပြင်ရမလည်း
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။