အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇာနည်ဖြိုး
လွန်ခဲ့သော ၁၁ နာရီ က · မြစ်သား

ဘက်တီးရီးယားပိုရောဂါကျရောက်မှုဖြစ်ပွားပြီးအပင်ထွက်နှုန်းလျော့နည်း

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၆၇ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ပိုးမွှားရောဂါ ကွမ်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 459,132 လွန်ခဲ့သော ၁၀ နာရီ က

@ဇာနည်ဖြိုး ကွမ်းပင်သက်တမ်း ၁ နှစ်ကျော်အရွယ် မြေသြဇာကျွေးထားချိန်တွင် ဘက်တီးရီးယားရောဂါဝင်ရောက်ပါက အထွက်နှုန်း သိသိသာသာ ကျဆင်းတတ်ပါတယ်။ လတ်တလောတွင် ပုလဲ (နိုက်ထရိုဂျင်) မြေသြဇာနှင့် အရွက်ဖျန်းအားဆေးများကို လုံးဝဖြတ်တောက်ပြီး အပင်ခံနိုင်ရည်ရှိစေရန် ပိုတက်စီယမ်ဓာတ်ကိုသာ အချိုးကျ ကျွေးပါ၊ဖျန်းပေးပါ။ ရောဂါကုသရန်အတွက် ကော့ပါး (Copper) အခြေခံဆေး သို့မဟုတ် ကာစူဂါမိုင်စင် (Kasugamycin)၊ Oxolinic acid, Bismerthiazole ပါဝင်သော ဘက်တီးရီးယားသတ်ဆေးများကို ၅ ရက်ခြား တစ်လှည့်စီ ပက်ဖျန်းပေးရပါမယ်။ ထို့အပြင် ရောဂါရအရွက်များကို ခူးယူမီးရှို့ဖျက်ဆီးခြင်း၊ ရေလောင်းလျှော့ချခြင်းနှင့် ခြံတွင်းလေဝင်လေထွက်ကောင်းအောင် ပြုလုပ်ခြင်းတို့ကို တွဲဖက်လုပ်ဆောင်မှသာ ရောဂါပျောက်ကင်းပြီး အထွက်နှုန်း ပြန်တက်လာမည် ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။