အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
andrich
andrich 6
လွန်ခဲ့သော ၄ နာရီ က

ဥစိုက်ကို အပင်သိပ်မဖြသ်လို့ပါဗျ၊ 8 ရက်နေ့ကနေ 11ရက်နေ့ထိရွာတဲ့မိုးမာ ရေဝပ်တဲ့နေရာလေးတွေက အပင်သိပ်မတက်ပဲ ပြာတာတာလေးတွေဖြစ်နေလို့ပါဗျ ပုလဲတော့ကျွေးထားတယ်ဗျ ပုလဲရယ် ငါးအမိုင်နိုရယ် ဆားခါးရယ် လက်ချားရယ်တွဲဖြန်းလို့ရလားဗျ အပင်မဖြစ်သေးဘဲ ဥချချင်နေလို့ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၈ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
ရာသီဥအုံ့မှိုင်း
စိုက်ပျိုး ဗဟုသုတ ကြက်သွန်နီ
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 459,132 လွန်ခဲ့သော ၂ နာရီ က

@andrich မိုးရေဝပ်ဒဏ်ကြောင့် မြေသားကျပ်ပြီး အမြစ်အောက်ဆီဂျင်ပြတ်လပ်နေသဖြင့် အပင်မတက်ဘဲ ဖိစီးမှုကြောင့် အချိန်မတိုင်မီ ဥစောဆင်းနေခြင်း ဖြစ်ပါတယ်။ ယခုအချိန်တွင် ပုလဲ၊ ငါးအမိုင်နို၊ ဆားခါးနှင့် လက်ချား လေးမျိုးလုံးကို တစ်ပြိုင်နက် ရောစပ်ပက်ဖျန်းရန် လုံးဝ မသင့်တော်ပါဘူး။ အထူးသဖြင့် လက်ချားသည် အပင်ပိုင်းကြီးထွားမှုကို ဟန့်တားပြီး ဥဆင်းစေသောကြောင့် ယခုထည့်မိပါက ဥသေးသေးလေးများသာ ဖြစ်သွားပါမယ်။ ထို့အပြင် ပုလဲကိုလည်း မြေကြီးထဲ ကျွေးထားပြီးဖြစ်၍ အရွက်မှ ထပ်မဖျန်းသင့်တော့ပါဘူး။ လက်တွေ့ကုစားရန်အတွက် မြေအစိုဓာတ် အနေတော်ရှိချိန်တွင် ဦးစွာ မြေဆွပေးပြီး ရေဝပ်ဒဏ်ကြောင့်ဖြစ်တတ်သော အမြစ်ပုပ်နှင့် ရွက်ခြောက်ရောဂါများအတွက် မှိုသတ်ဆေးတစ်မျိုးမျိုး အရင်ဖျန်းပေးပါ။ ထို့နောက် ၃ ရက်မှ ၅ ရက်အကြာတွင် အပင်ပြန်လန်းလာစေရန် ငါးအမိုင်နိုနှင့် ဆားခါး နှစ်မျိုးတည်းကိုသာ ရောစပ်ဖျန်းပေးပြီး အရွက် ၇ ရွက်မှ ၉ ရွက်ခန့် စုံလင်ကာ အပင်ကောင်းကောင်း ဖြစ်လာမှသာ လက်ချား ဖျန်းပြီး ပိုတက်ရှ် မြေဩဇာကို အသုံးပြုသင့်ပါတယ်။ငါးအမိုင်နိုနှင့် ဆားခါးဖျန်းရာတွင်အပင်မလောင်စေရန်အထူးသတိပြုပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ဒီနှစ် ကြက်သွန်နီစိုက်ခင်းကို အပင်အဟာရအတွက် ဂျီဗာမရူသမ်နဲ့ ဓာတ်မြေဩဇာတွဲ လှေးပိုးအတွက် သဘာဝပိုးသတ်ဆေးများ အထူး...

ဖြေကြားချက် 2 ခု

ကြက်သွန်ပျိုးထောင်ထားတာ စထောင်ပီးကတည်းက ရေတခါပဲဖျန်းလိုက်ရတယ် မိုးဖိထားတာ အခြေအနေဘယ်လို ဖြစ်လာနိုင်သလဲ မှုိး...

ဖြေကြားချက် 2 ခု

မိုး၄ရက်တနေကုန်မိနေပါတယ် လည်လိမ်စတွေ့နေရပီ ဥပုပ်ပင်စည်ပုပ်လေးတွေစတွေ့နေရပါပီ မိုးလင်းသွားလျှင်ဘယ်ကနေဘာစလုပ်ရမ...

ဖြေကြားချက် 1 ခု

မိုးရွာနေတာ ၄ရက်မြောက်​ေန့ပါခါးရိ မြစ်ပုပ် လည်လိမ်စပီးတွေ့နေရပါပီဆရာ ဆေးက၃ကြိမ်၄ကြိမ်လောက်လိုက်ရတော့မှာပါ သိ...

ဖြေကြားချက် 1 ခု

ပုံပါ ဒုတ္ထာမြေထဲက ယူလာတဲ့ ဒုတ္ထာအစိမ်းခဲကို ဘော်ဒိုးဆေးရည်လုပ်လို့ရလား

ဖြေကြားချက် 4 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။