အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Hlaing Min Tun
လွန်ခဲ့သော ၂ နာရီ က · ကျုံပျော်

သက်တမ်း42ရက်သား အပင်စောစော မကျစေရန်နှင့် အပွင့်များထပ်ပွင့်အောင် ဆေးလိုက်လို့ရသေးလား ဆရာတို့အသီးအရမ်းနည်းလို့ တချို့က7တောင့်လေက်ပဲရှိလို့ မိုခါမျိုးပါဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၂ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
အပင်အာဟာရ မတ်ပဲ
Post image
Post image
Post image
Post image
Post image
+၂

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 460,050 လွန်ခဲ့သော ၁ နာရီ က

@Hlaing Min Tun မိုခါမတ်ပဲဟာ သက်တမ်းတိုမျိုး ဖြစ်တာကြောင့် ၄၂ ရက်သားမှာ အသီး ၇ တောင့်ခန့် စဝင်တာ ပုံမှန်ဖြစ်ပြီး အပင်သက်တမ်း ၇၅ ရက်မှ ၈၅ ရက်ဝန်းကျင်အထိ ရှိတာကြောင့် အခုချိန်မှာ ဆေးလိုက်ဖျန်းပေးလို့ ရပါသေးတယ်။ ပင်ပိုင်းကြီးထွားမှုကို အားပေးတဲ့ ပုလဲ (နိုက်ထရိုဂျင်) အားဆေးတွေကို ရှောင်ကြဉ်ပြီး အပွင့်အသီးအတွက် ကယ်လ်ဆီယမ်-ဘိုရွန် (Calcium + Boron) နဲ့ ပိုတက်စီယမ် အချိုးများတဲ့ ရွက်ဖျန်းအားဆေး (ဥပမာ NPK 0-52-34) ကို ပက်ဖျန်းပေးပါ။ ဒါ့အပြင် မြေအစိုဓာတ် မပြတ်အောင် ထိန်းသိမ်းပေးခြင်းနဲ့ သီးတောင့်ထိုးပိုး၊ ပွင့်ထွေးပိုးတွေကို ကာကွယ်ပေးခြင်းဖြင့် အပင်စောစော မကျဘဲ အပွင့်အသီးတွေ ထပ်မံတိုးပွားလာပါလိမ့်မယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲပင်၃၅ရက်သား Npkအားဆေးဘယ်လောက်ဖျန်းဖျန်းမကြီးလာတော့လို့ ဘာဆေးပြောင်းဖျန်းသင့်လဲ ဆရာ

ဖြေကြားချက် 1 ခု

မိုးတွေ က မြေကြီး ခြောက်ခါနီးရင် ပြန်ပြန်ရွာနေလို့ မတ်ပဲ/ပဲတီစိမ်းက ရာသီ မမှီရင် ပဲ မကောင်းဘူးလို့ ပြောလို့...

ဖြေကြားချက် 1 ခု

ပုံပါဆေးသုံးမျိုးရောဖြန်းလို့ ရလား ဆရာတို့ အပင်တွေ အမြစ်ပုပ်ပုပ်ပြီး အကွက်လိုက်သေနေလို့ ပိုးတွေလဲကျနေလို့

ဖြေကြားချက် 2 ခု

လယ်ပဲခုအချိန်မှကြဲရင်နောက်ကြနေပြီလားခင်ဗျကျောက်မှုန့်ထည့်ရင်အဆင်ပြေလားခင်ဗျဝါးခယ်မနဲ့မတ်ပဲကဲမှာပါ

ဖြေကြားချက် 3 ခု

မတ်ပဲအပွင့်လိုက်တဲ့အချိန်မှာငါးအမိုင်နိုဖျန်းရင်ဘယ်လိုအကျိုးကျေးဇူးရနိုင်လည်းခဗျ ဆိုးကျိုးရောရှိနိုင်လားခဗျ🙏🙏🙏

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။