အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ko paing
ko paing 100
လွန်ခဲ့သော ၆ နာရီ က · ညောင်တုန်း

ပင်ညှိုးရောဂါ မကျရောက်အောင် မြေပြင်ချိန်မှာဘာတွေလုပ်ဆောင်သင့်လဲဗျ။

မြေဆီလွှာ ဂန္ဓမာ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 462,402 လွန်ခဲ့သော ၃ နာရီ က

@ko paing ဂန္ဓမာပန်းခင်းတွင် ပင်ညှိုးရောဂါ (Fusarium Wilt) မကျရောက်စေရန် မစိုက်ပျိုးမီ မြေပြင်ချိန်ကတည်းက ကြိုတင်ကာကွယ်ခြင်းသည် အထိရောက်ဆုံးဖြစ်ပါတယ်။ ဦးစွာ ယခင်စိုက်ခင်းမှ ပင်ကြွင်းပင်ကျန်များကို ရှင်းလင်းမီးရှို့ပြီး ထယ်ရေးနက်နက်ထိုးကာ ၂ ပတ်မှ ၃ ပတ်ခန့် နေပူလှန်းထားရပါမယ်။ ထို့နောက် မြေချဉ်ငန်ဓာတ် (pH 6.5 - 7.0) မျှတစေရန် စိုက်ပျိုးထုံးထည့်သွင်း၍ ရေမဝပ်စေရန် စိုက်ဘောင်ကို အနည်းဆုံး ၈ လက်မမှ ၁ ပေခန့် မြင့်မြင့်ဖော်ပေးရပါမယ်။ မြေဆီလွှာပိုးသတ်ရန်အတွက် ကောင်းစွာဆွေးမြေ့ပြီးသော မြေဆွေးတွင် ထရိုင်ကိုဒါးမား (Trichoderma) ဇီဝမှိုသတ်ဆေး ရောစပ်ထည့်သွင်းခြင်း သို့မဟုတ် မစိုက်မီ ၃-၅ ရက်အလိုတွင် Hymexazolသို့မဟုတ် (Thiophanate-methyl) မှိုသတ်ဆေးရည်ကို စိုက်ဘောင်အနှံ့မြေဆီလွှာ ဖျန်းပေးခြင်းဖြင့် မြေအောင်းမှိုများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါတယ်။ မြေခံမြေဩဇာအဖြစ် နွားချေးစိမ်းနှင့် ပုလဲမြေဩဇာ အလွန်အကျွံထည့်ခြင်းကို ရှောင်ကြဉ်ပြီး ဖော့စဖရပ်နှင့် ပိုတက်စီယမ် မျှတသော ကွန်ပေါင်းမြေဩဇာကိုသာ အသုံးပြုသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။