အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မအိအိထွန်း
လွန်ခဲ့သော ၂ နာရီ က · ပုဗ္ဗသီရိ

ဆရာသခွားပင်ကအသီးစသီးနေပါပီရှင့် အပင်ကဝါနေလို့ပါ ဘာဆေးလေးဖျန်းရမလဲ လမ်းညွှန်ပေးပါရှင့်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
ရာသီဥအုံ့မှိုင်း
စိုက်ပျိုး ဗဟုသုတ သခွား
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 462,402 လွန်ခဲ့သော ၁ နာရီ က

@မအိအိထွန်း ပုံပါ သခွားပင်၏ အရွက်ကြောများကြားတွင် ထောင့်ကွက်ပုံစံ အဝါကွက်လေးများ ဖြစ်ပေါ်နေခြင်းမှာ ဒေါင်းနီးမှိုရောဂါ (Downy Mildew) ကျရောက်နေခြင်းဖြစ်ပြီး အရွက်အနားစွန်းမှ ခြောက်သွေ့လာခြင်းမှာ ပင်စည်အစေးထွက်ရောဂါ (Gummy Stem Blight) တွဲဖက်နေနိုင်ပါတယ်။ ကုသရန်အတွက် အောက်ခြေရှိ အရွက်ဝါဟောင်းများကို ခူးယူဖျက်ဆီးပြီး လေဝင်လေထွက် ကောင်းအောင် ထားပါ။ ထို့နောက် Dimethomorph+Cymoxanil, Metalaxyl + Mancozeb သို့မဟုတ် Azoxystrobin + Difenoconazole ပါဝင်သော မှိုသတ်ဆေး တစ်မျိုးမျိုးကို ၅-၇ ရက်ခြား တစ်ကြိမ် ဖျန်းပေးရပါမယ်။ အသီးစသီးချိန်ဖြစ်၍ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ် အားဆေး တွဲဖျန်းပေးသင့်ပြီး အရွက်ပေါ် ရေဖျန်းလောင်းခြင်းကို ရှောင်ကြဉ်ပါ။ဆေးတစ်ခါဖျန်းပြီးတိုင်းရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြင်းရှိမရှိစောင့်ကြည့်စစ်ဆေးပါ။ရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြင်းမရှိပါက ရောဂါရပ်တန့်ပြီလို့ယူဆနိုင်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ရန်ကုန်မှာ ဆောင်းရာသီ နွေရာသီ ဂျပန် သခွါး စိုက်လို့ ရနိုင်လားခင်ဗျ

ဖြေကြားချက် 3 ခု

ရေဝတီသခွားမျိုးပဲရရလပ်ကီး380ရရမင်းလှမျို့နယ်မှာဝယ်လို့မရလို့ပါရမယ်ဆိုရင်ဆက်သွယ့်မယ့်လိပ်စာပို့ပေးပါအုံး

ဖြေကြားချက် 2 ခု

ပြီးခဲ့တဲတစ်ပတ်လောက်ကနေပူရှိန်းပြင်းခဲပြီ နှစ်ရက်လောက်ကမိုးကြီးကြီးနှစ်ကြိမ်းရွာခဲ့တယ်အနှောက်တော့အသီးကင်းတွေ...

ဖြေကြားချက် 2 ခု

၁၀.လပိုင်းမှာအန်နီညိုရာသီဉတုဆိုတော့သခွားစိုက်လို့ရပါတော့မလားစိုက်ပျိုးရေးပညာရှင်တို့ရေအကြံပေးပါအုံးခုသီးနေတဲ့သ...

ဖြေကြားချက် 1 ခု

မဂ်လာပါ ခင်ဗျာ သခွားအသီးလေးတွေဝါပီးကြွေကုန်တယ် ရာသီ ဉတုကြောင့်လာပိုးကြောင့်လာ အစာ များနေလိူ့လာဖြေကြားပေးပါ။🙏

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။