မြေပဲအတွက်များအောင်ဘာဆေ းသုံရမှာလဲဗျား
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၂ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အမြစ်
- ရာသီဥတု (တစ်ပတ်အတွင်း)
- တိမ်အသင့်အတင့်ဖြစ်ထွန်း
@Zin Zin မြေပဲပင်သက်တမ်း ၂ ရက်သာရှိသေးပြီး အမြစ်ပိုင်းထိခိုက်မှုရှိနေသည့်အတွက် အပင်ငယ်စဉ် အမြစ်အားကောင်းစေရန် ဟူးမစ်အက်ဆစ် (Humic Acid) ကဲ့သို့ အမြစ်အားဆေးနှင့် အချိုးညီပါ ရွက်ဖျန်းမြေဩဇာ ကို အမြန်ဆုံး စတင်ထည့်ဖျန်းပေးရပါမယ်။ ထို့နောက် အပင်သက်တမ်း ၁၅ ရက်မှ ၂၅ ရက်အတွင်း ကိုင်းဖြာထွက်မှုကောင်းစေရန် အနည်းလိုအာဟာရဓာတ်များပါဝင်သော ရွက်ဖျန်းအားဆေး ဖျန်းပေးရမည်ဖြစ်ပြီး၊ မြေပဲအတောင့်များရန်နှင့် အဆံပြည့်တင်းရန် အရေးအကြီးဆုံးဖြစ်သည့် ပန်းစပွင့်ချိန်တွင်မူ ဂျစ်ပဆမ် (Gypsum) ကျောက်မှုန့်ကို မြေချကျွေး၍ ကယ်လ်စီယမ်နှင့် ဘိုရွန် (Ca-B) ပါဝင်သော ပန်းပွင့်အားဆေးကို ဖျန်းပေးရပါမယ်။ စွယ်ဆင်းချိန်တွင် မြေတွင်းအစိုဓာတ်ထိန်းပေးရန်နှင့် မြေဆွခြင်း လုံးဝမပြုလုပ်ရန်လည်း အထူးဂရုစိုက်ရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ ကျနော့မြေပဲခင်းမှာ စစိုက်ပြီး ၁၅ရက်သားတစ်ကြိမ် ၂၂ရက်သားမှာ တစ်ကြိမ် ပိုးက မ နိုင်တာ ၁လသားအရမှာ...
ဖြေကြားချက် 7 ခု
မြေပဲ ပိုဥပြီးပိုထွက်အောင် ဘာအားဆေးတွေ သုံးသင့်လဲ လမ်းညွှန်ပေးကြပါဦးဗျ၊....
ဖြေကြားချက် 1 ခု
မြေပဲအပင် ၁၄ရက်သားပါ ဘာရောဂါပိုးကျရောက်နေတာလည်းရှင့် ပြီးတော့ဘာဆေးဖျန်းရမလည်းရှင့်
ဖြေကြားချက် 1 ခု
ဒီဆေးကို မြေပဲခင်းမှာ ကြိုတင်ကာကွယ်တဲ့ပိုးသတ်ဆေးအနေနဲ့သုံးလို့ရလားရှင့် ရရင်ဆေးတစ်ပုံး(၂၀လီတာဝင်)ကိုပမာဏဘယ်...
ဖြေကြားချက် 6 ခု
ထရိုင်ကိုဒါးမားဆေးထုပ်ဝယ်ယူရရှိနိုင်မည့်မန်းလေးမြို့တွင်လိပ်စာလေးသိချင်လိုပါခင်ဗျ ကျေးဇူးပြု၍ဖြေကြားပေးပါ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။