အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ko moe
ko moe 2
လွန်ခဲ့သော ၁ နာရီ က · ကနီ

ထရိုင်ကိုဒါးမားဘယ်မှာဝယ်ရမလဲ မှုံရွာကပါ မှိုကြချိန်အသုံးပြုလို့အဆင်ပြေးလားဗျ

ပိုးမွှားရောဂါ ပန်းနှမ်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 465,348 လွန်ခဲ့သော ၄၅ မိနစ် က

@ko moe ထရိုင်ကိုဒါးမား (Trichoderma) ကို မုံရွာမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန (မြေအသုံးချရေး/သီးနှံကာကွယ်ရေးဌာနခွဲ)၊ မြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်ကြီးများ မှာ ရှာဖွေဝယ်ယူနိုင်ပါတယ်။ သို့သော် ထရိုင်ကိုဒါးမားသည် ကြိုတင်ကာကွယ်ဆေးသာ ဖြစ်သောကြောင့် မှိုရောဂါ ပြင်းထန်စွာ ကျရောက်နေချိန်တွင် ၎င်းတစ်မျိုးတည်း အသုံးပြုရန် အဆင်မပြေပါဘူး။ ရောဂါကျနေချိန်တွင် သင့်လျော်သော ဓာတုမှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ရောဂါကို ဦးစွာနှိမ်နင်းရမည်ဖြစ်ပြီး၊ ဆေးဖျန်းပြီး ၇ ရက်မှ ၁၀ ရက်ခန့် အကြာတွင်မှ မြေဆီလွှာအတွင်း အကျိုးပြုမှိုများ ပြန်လည်ပွားများစေရန်နှင့် ရောဂါထပ်မဝင်စေရန် ထရိုင်ကိုဒါးမားကို အသုံးပြုသင့်ပါတယ်။ (သတိပြုရန်- ဓာတုဆေးနှင့် လုံးဝရောမဖျန်းရပါ)။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။