ဘာဆေးဖျန့းသင့်လည်းခင်ဗျ
@ဦးဇာနည် ပုံပါ ပဲတီစိမ်းပင်ငယ်များ၏ အရွက်တွင် အပေါက်ငယ်များ ဖြစ်ပေါ်နေခြင်းမှာ ရွက်စားကျိုင်းကောင်ငယ်များနှင့် ပိုးကောင်ငယ်များ ကိုက်ဖြတ်စားသောက်ထားခြင်းကြောင့်ဖြစ်ပြီး အရွက်ဝါဖျော့နေခြင်းမှာ စုပ်စားပိုးအနည်းငယ်ကျရောက်ခြင်းနှင့် အာဟာရစုပ်ယူမှု အားနည်းနေခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် ကိုက်ဖြတ်ပိုးနှင့် စုပ်စားပိုး နှစ်မျိုးလုံးကို တစ်ပြိုင်နက် နှိမ်နင်းနိုင်ရန် အီမာမက်တင် ဘန်ဇိုရိတ် (Emamectin Benzoate) နှင့် လမ်ဘဒါ ဆိုင်ဟာလိုသရင် (Lambda-cyhalothrin) အာနိသင်ပါဝင်သော ပိုးသတ်ဆေးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။၎င်းပိုးသတ်ဆေးဖျန်းပြီးနောက်၂ရက်အကြာမှာ အပင်ငယ်များ ရွက်သစ်အမြန်ထွက်ပြီး စိမ်းလန်းသန်မာစေရန် နိုက်ထရိုဂျင် (N) အချိုးများသော ရွက်ဖျန်းအားဆေး နှင့် အမိုင်နိုအက်ဆစ် (Amino Acid) အားဆေးကို တွဲဖက်၍ နေအေးချိန် (နံနက်စောစော သို့မဟုတ် ညနေခင်း) တွင် အရွက်အောက်မျက်နှာပြင်အထိ နှံ့စပ်အောင် ပက်ဖျန်းပေးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ပဲကျဲပြီး 18ဗန်းနဲ့ 2စက် ထွန်လိုက်ပါတယ် တချို့နေရာတေက ထယ်ဖက်တေကြီးသွားလို့ ပေါက်နိုင်ပါ့မလား ဆရာခင်ဗျ ပဲတီ...
ဖြေကြားချက် 1 ခု
အရင်နှစ်ကမြစ်ခြောက်ဆွေးရောဂါတေကြောင့်အပင်တေသေပါတယ် ဘယ်လိုမျိုးစေ့လူးနယ်ဆေးကိုသုံးရမလဲဗျ ပဲတီစိမ်းကိုထွန်ခင်း...
ဖြေကြားချက် 4 ခု
ပဲကျဲပက်ချိန်တွင် ထရိုင်ဂိုဒါးမားကိုလူးနယ်ကျဲပက်ထား ပါလျှင် ဘယ်နှစ်ရက်သားမှာ တကြိမ်ထပ်ပီး ဖျန်းလို့ရပါလဲ...
ဖြေကြားချက် 1 ခု
ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
ဖြေကြားချက် 2 ခု
ဒီနှစ်ပဲရာသီမှာပဲတီစိမ်းစျေးကောင်းနိုင်ပါမလားဆရာတို့ပဲတီစိမ်းကိုတော့ဝယ်လောက်ပါတယ်နော်
ဖြေကြားချက် 4 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။