ဖြေကြားချက် ၂ ခု
@ဦးစောမောင်ဌေး မြေဆောင်မှိုရောဂါကို ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ရန်အတွက် ရွှေခြင်္သေ့ မျိုးစေ့လူးနယ်ဆေး တစ်မျိုးတည်းဖြင့် မလုံလောက်ဘဲ သိုင်ရမ် (Thiram) ပါဝင်သည့် တဲလင့် (Talent 50 WP) မှိုသတ်ဆေးကိုပါ တွဲဖက်လူးနယ်သင့်ပါတယ်။ ရွှေခြင်္သေ့ဆေးသည် အပင်ပေါက်နှုန်းနှင့် အမြစ်ဖွံ့ဖြိုးမှုကိုသာ အားပေးပြီး တဲလင့်ဆေးကသာ ခါးရိရောဂါနှင့် အမြစ်ပုပ်ရောဂါကဲ့သို့ မြေဆောင်မှိုရောဂါများကို တိုက်ရိုက်တားဆီးပေးနိုင်ပါတယ်။ ထို့အပြင် အပင်ငယ်စဉ် စုပ်စားပိုးများကြောင့် ဗိုင်းရပ်စ်ရောဂါ မဝင်ရောက်စေရန် အင်ဖာနို (Inferno 70 WS) ပိုးသတ်ဆေးကိုပါ သတ်မှတ်နှုန်းထားအတိုင်း အချိုးကျရောစပ်လူးနယ်ပြီး အရိပ်ထဲတွင် အခြောက်ခံစိုက်ပျိုးပါက ပဲတီစိမ်းအတွက် အကောင်းဆုံး ကာကွယ်မှုရရှိမည် ဖြစ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ပဲပင် အညှိရောင် သန်ပြီး ပင်သေဝင်နေတယ် သံချေး လား ဘယ်တီးရီးယား ကြောင့်လား
ဖြေကြားချက် 1 ခု
ဒီပဲပင်အရွက်ခြောက်ပြီးသေချင်တယ် အရောင်ကလည်းအညှိရောင်းသန်တယ် သံချေးလား ဘယ်တီးရီးလား အထလည်းနှေးတယ် ဘာဖြစ်တာလဲ
ဖြေကြားချက် 1 ခု
လူးးနယ်ဆေးကိုတစ်ညကြိုပြီးလူးထားလို့ရပါသလားဆရာ
ဖြေကြားချက် 2 ခု
ပဲပင်စည်ထိုးယင်ဝင်နေလို့ဗျား ဘယ်လိုဆေးတွေဖျန်းရမလဲဗျ အကူအညီလေးရအောင် ဖြေပေးကြပါအုံး...
ဖြေကြားချက် 1 ခု
ပဲကောင်းပေါင်းသေဖျန်းရင်ပိုးသတ်ဆေးထည့်လို့ရလားဗျ ပိုးကျနေလို့
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ