ဖော ငမြောင်ကြီး တွေ က ဘယ် ai အထိရောက်ဆုံးလဲ သူက ညဘက်မှကျ တာပါ ထိရောက်တဲ့ ai ပြောပြပေးပါ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၂၄ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
@ကျော်ထွေးစိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ မတ်ပဲစိုက်ခင်းများတွင် ညဘက်မှ ထွက်၍ ကိုက်ဖြတ်ဖျက်ဆီးတတ်သော ဖောငမြှောင်တောင်ပိုးကို နှိမ်နင်းရန်အတွက် စိမ့်ဝင်အာနိသင်နှင့် စားသေအဆိပ်အာနိသင်ရှိသည့် Emamectin benzoate၊ Chlorantraniliprole နှင့် Indoxacarb ၊Spinetoram (စပိုင်နီတိုရမ်) သို့မဟုတ် Flubendiamide (ဖလူဘန်ဒိုင်ယာမိုက်)တို့ကဲ့သို့သော Active Ingredients (AI) များသည် အထိရောက်ဆုံး ဖြစ်၍သုံးစွဲလေ့ရှိတယ်။ ပိုးကောင်အရွယ်ကြီးပြီး ဆေးဒဏ်ခံနိုင်ရည် ရှိနေပါက အထက်ပါ AI များနှင့် Lambda-cyhalothrin သို့မဟုတ် Lufenuron တို့ ပေါင်းစပ်ထားသည့် ဆေးများကို ရွေးချယ်အသုံးပြုသုံးစွဲလေ့ရှိတယ် ။ ဤပိုးသည် နေ့ခင်းတွင် ပုန်းအောင်းနေတတ်သောကြောင့် ညနေ ၄ နာရီနောက်ပိုင်း နေအေးချိန်တွင်စွဲကပ် ပျံ့နှံ့ကပ်ဆေး ထည့်သွင်း၍ အပင်ခြေနှင့် အရွက်အောက်မျက်နှာပြင်များအထိ နှံ့စပ်စွာ ပက်ဖျန်းပေး လေ့ရှိတယ်။ ထို့အပြင် ဆေးယဉ်ပါးမှု မဖြစ်စေရန် ဆေးအုပ်စု တစ်မျိုးတည်းကို ဆက်တိုက်မသုံးဘဲ အလှည့်ကျ ပြောင်းလဲအသုံးပြု လေ့ရှိတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
စပါးဂုတ်ကျိုးရောဂါ.ဖြန်းတဲ့ဆေး ပိုနေလို့ မတ်ပဲမှာရောသုံးလို့ရလားဗျ ဘယ်လိုအခြေအနေမှာသုံးသင့်လဲခင်ဗျ
ဖြေကြားချက် 2 ခု
ရေနာမိတဲ့ မတ်ပဲတွေဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 1 ခု
မတ်ပဲတစ်ရာသီကို အသီးအားပေး pkအချိုးကိုဘယ်နှစ်ကြိမ်ဖျန်းသင့်လဲဆရာ
ဖြေကြားချက် 1 ခု
မြေဆောင်မှိုရောဂါတေကိုဒီလူးနယ်ဆေးကတားဆီးနိုင်ပါ့မလားဗျ ပဲတီစိမ်းပါထွန်ပဲလုပ်မှာပါ
ဖြေကြားချက် 3 ခု
ပဲပင် အညှိရောင် သန်ပြီး ပင်သေဝင်နေတယ် သံချေး လား ဘယ်တီးရီးယား ကြောင့်လား
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။