အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးစောမောင်ဌေး
လွန်ခဲ့သော ၅၅ မိနစ် က · ကျောင်းကုန်း

ဆရာကြီးခင်ဗျ ဒီနှစ်မှမကြုံစဖူး နောက်ကျထွန်ပဲခင်းတေ ငမြောင်တောင်တီးတာ အပင်ငုတ်ပဲကျန်ပါတော့တယ်ဗျ ပဲပင်က 10ရက်သားတောင်မပြည့်သေး ပါဘူး ရေဦးပဲတေက ငမြောင်တောင်အနည်းငယ်ပဲ ကျပြီး ဘာလို့ထွန်ပဲကျမှအဲ့လောက်တောင်ဆိုးရတာလဲရှင်းပြပါဦး ဘယ်လိုထိ‌‌ေရာက်‌‌ေအာင် နိမ်နှင်းရမလဲ ကျန်တဲ့အခုမှစပေါက်မဲ့ပဲလေးတေကိုလည်း ဘယ်လိုကာကွယ်ထားရမလဲ ဆရာခင်ဗျ လေးစားလျက်ပါ

ပိုးမွှားရောဂါ ပဲတီစိမ်း

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 471,144 လွန်ခဲ့သော ၂၀ မိနစ် က
ဤအဖြေဖြင့် ပြေလည်

@ဦးစောမောင်ဌေး အဓိကကတော့ စားကျက်ပြောင်းရွှေ့ စုပြုံလာတာကြောင့်ပါ။ စောစောစိုက်တဲ့ ရေလိုက်ကြဲပဲတွေက အရွက်ရင့်သွားပြီဖြစ်သလို အနီးအနားက စပါးခင်းတွေလည်း ရိတ်သိမ်းကုန်ကြပါပြီ။ ဒါကြောင့် အနီးဝန်းကျင်က ပိုးကောင်တွေအားလုံး အခုမှပေါက်လာတဲ့ နောက်ကျထွန်ပဲ နုနုလေးတွေဆီ အုပ်လိုက်ကြီး စုပြုံရောက်လာကြတာပါ။ ဒါ့အပြင် ထွန်ပဲခင်းက မြေသားပွပြီး ခြောက်သွေ့နေလို့ နေ့ခင်းဘက် ပိုးကောင်တွေ မြေခဲကြား ဝင်ပုန်းဖို့ အရမ်းလွယ်ကူနေတာကြောင့်လည်း ပါပါတယ်။နိုဝင်ဘာလဝန်းကျင် နေ့ပူညအေး ရာသီဥတုဟာ ငမြှောင်တောင်ပိုး ဥပေါက်နှုန်း အမြန်ဆုံးအချိန် ဖြစ်တာလည်းပါဝင်ပါတယ်။ပိုးကောင်တွေ နေ့ခင်းဘက် မြေကြီးထဲ ပုန်းနေတတ်လို့ ညနေ ၄ နာရီခွဲ နောက်ပိုင်း (သို့) မနက်အစောပိုင်း အစာထွက်စားချိန်မှသာ ဆေးဖျန်းရပါမယ်။ ဆေးဖျန်းတဲ့အခါ Emamectin Benzoate + Lufenuron အရော၊ Chlorantraniliprole သို့မဟုတ် Indoxacarb၊Spinetoram ပါတဲ့ ဆေးတစ်မျိုးမျိုးကိုစွဲ ကပ်ပျံ့နှံ့ဆေးထည့်ပြီး မြေကြီးပါ စိုရွှဲအောင် ဖျန်းပေးပါ။အခုမှ စပေါက်မယ့် အခင်းသစ်တွေကိုတော့ ပဲပင်လေးတွေကို Emamectin Benzoate (သို့) Chlorantraniliprole ဆေးတစ်မျိုးမျိုးကို ကြိုတင်ဖျန်းထားပါ။ အခင်းဘေးပတ်လည် ကန်သင်းရိုး ၃ ပေခန့်ကိုလည်း ဆေးပြင်းပြင်း ကြိုဖျန်းပြီး ပိုးကူးမလာအောင် တားဆီးထားရပါမယ်။ အမိုင်နိုအက်ဆစ် (Amino Acid) သို့မဟုတ် ရွက်ဖျန်းမြေဩဇာ များလည်းဖျန်းပေးပါ။ အပင်လေးတွေ ကြီးထွားမှုမြန်ပြီး အရွက်မြန်မြန်ရင့်သွားရင် ငမြှောင်တောင်ပိုး ဖျက်ဆီးနိုင်စွမ်း လျော့နည်းသွားပါလိမ့်မယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ဦးစောမောင်ဌေး
ဦးစောမောင်ဌေး 1,024 လွန်ခဲ့သော ၁၂ မိနစ် က

ကျေးဇူးအထူးတင်ရှိပါကြောင်းဆရာခင်ဗျ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။