ဖြေကြားချက် ၁ ခု
@Yan Paing oo Tetraniliprole (တက်ထရာနီလီပရိုးလ်) သည် Diamide အုပ်စု (IRAC Group 28) ဝင် ပိုးသတ်ဆေးဖြစ်ပြီး ပိုးကောင်၏ ကြွက်သားများကို တောင့်တင်းလှုပ်ရှားမရဖြစ်စေကာ အစာစားရပ်တန့်ပြီး သေဆုံးစေသည့် ပင်လုံးပြန့်နှင့် အစာအိမ်အဆိပ် အာနိသင်ရှိ ဆေးဖြစ်ပါတယ်။ အပွင့်နှင့် အရွက်သားအတွင်း စိမ့်ဝင်နိုင်စွမ်း ရှိသောကြောင့် မတ်ပဲပွင့်ထွေးပိုး (Maruca vitrata) အတွက် ထိရောက်မှုရှိပြီး တစ်မျိုးတည်း သုံးစွဲရန် အဆင်ပြေပါတယ်။ သို့သော် ဆေးယဉ်ပါးမှု မဖြစ်စေရန် အုပ်စု (၂၈) ဆေးတစ်မျိုးတည်းကို ဆက်တိုက်မဖျန်းဘဲ နောက်တစ်ကြိမ်တွင် အခြားအာနိသင်အုပ်စု (ဥပမာ- Emamectin benzoate သို့မဟုတ် Indoxacarb) နှင့် အလှည့်ကျ ပြောင်းလဲသုံးစွဲရန်နှင့် စုပ်စားပိုးများ တွဲကျနေပါက သင့်တော်ရာ စုပ်စားပိုးဆေး တွဲဖက်အသုံးပြုရန် အကြံပြုပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဒီဆေး၃မျိုးရောဖျန်းလို့ရလားဆရာ
ဖြေကြားချက် 2 ခု
ဖော ငမြောင်ကြီး တွေ က ဘယ် ai အထိရောက်ဆုံးလဲ သူက ညဘက်မှကျ တာပါ ထိရောက်တဲ့ ai ပြောပြပေးပါ
ဖြေကြားချက် 1 ခု
စပါးဂုတ်ကျိုးရောဂါ.ဖြန်းတဲ့ဆေး ပိုနေလို့ မတ်ပဲမှာရောသုံးလို့ရလားဗျ ဘယ်လိုအခြေအနေမှာသုံးသင့်လဲခင်ဗျ
ဖြေကြားချက် 4 ခု
ရေနာမိတဲ့ မတ်ပဲတွေဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 1 ခု
မတ်ပဲတစ်ရာသီကို အသီးအားပေး pkအချိုးကိုဘယ်နှစ်ကြိမ်ဖျန်းသင့်လဲဆရာ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ