အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Nay G
Nay G 63
လွန်ခဲ့သော ၃ နာရီ က · ရေကြည်

ပေါ်ဆန်းစပါးကအထွက်စုံသလောက်ဖြစ်နေပါပြီနှံဖြူတွေ့လို့ပါ နှံဖြူဖြစ်စေတဲ့ဆစ်ပိုးကကူးစက်လား ဆေးဖြန်းလို့ရသေးလားအကြံပေးပါအုံး၅လ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၅ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
ပိုးမွှားရောဂါ စပါး

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 475,016 လွန်ခဲ့သော ၂ နာရီ က

@Nay G သိချင်တာများရှိပါက နောင်လည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 475,016 လွန်ခဲ့သော ၂ နာရီ က

@Nay G ပေါ်ဆန်းစပါး အနှံထွက်စုံချိန်မှာ နှံဖြူတွေ့ရတာဟာ ဆစ်ပိုးကျရောက်ပြီး အစာကြောပြတ်တောက်သွားလို့ ဖြစ်ပါတယ်။ ပင်စည်ထဲဝင်နေတဲ့ ဆစ်ပိုးလောက်ကောင်ဟာ တစ်ပင်ကနေ တစ်ပင်ကို တိုက်ရိုက် ခုန်ကူးဖျက်ဆီးလေ့ မရှိပေမဲ့ အကောင်ကြီး (ဖလံ) ဘဝရောက်ရင်တော့ ဥထပ်ဥပြီး မျိုးပွားနိုင်ပါတယ်။ အခုလို နှံဖြူထွက်ပြီး အနှံထွက်စုံချိန်မှာ ပိုးသတ်ဆေးဖျန်းဖို့ အချိန်လွန်သွားပြီဖြစ်လို့ ဆေးဖျန်းရင် ငွေကုန်လူပန်းဖြစ်ပြီး စပါးစေ့မှာ ဆေးအကြွင်းအကျန် ကျန်နိုင်တာကြောင့် ဆေးမဖျန်းသင့်တော့ပါဘူး။ ဒါကြောင့် ဆေးဖျန်းမယ့်အစား ကျန်တဲ့အနှံတွေ အစေ့အဆန်အောင်ဖို့ ရေသွင်းရေထုတ် ဂရုစိုက်ပေးတာနဲ့ ရိတ်သိမ်းပြီးချိန် ရိုးပြတ်တွေကို မီးရှို့/ထယ်ထိုး မြေမြှုပ်ပေးတာကသာ အကောင်းဆုံး ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။