အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးစောမောင်ဌေး
လွန်ခဲ့သော ၃ နာရီ က · ကျောင်းကုန်း

ဆရာခင်ဗျ အင်ဒိုဇာကတ် နဲ့ ဒိုင်ဖန်နိုကိုနဇိုးပါတဲ့ဆေးaiတေကို မနက်ပိုင်းဖျန်းလို့ရပါသလား ပဲပင်က အပွင်လှိုင်လှိုင်ပွင့်နေပါပြီ

ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 475,016 လွန်ခဲ့သော ၂ နာရီ က

@ဦးစောမောင်ဌေး မတ်ပဲပင် အပွင့်လှိုင်လှိုင်ပွင့်ချိန်တွင် အင်ဒိုဇာကပ် (Indoxacarb) နှင့် ဒိုင်ဖန်နိုကိုနာဇိုး (Difenoconazole) ပေါင်းစပ်ထားသော ဆေးကို မနက်ပိုင်း၌ ဖျန်းပေးနိုင်ပါတယ်။ ဤဆေးနှစ်မျိုးသည် ပန်းပွင့်ဖျက် သီးလုံးဖောက်ပိုးနှင့် မှိုရောဂါများကို တစ်ပြိုင်နက် ကာကွယ်နှိမ်နင်းပေးနိုင်ပါတယ်။ သို့သော် မနက်အစောပိုင်း ဆီးနှင်းရည်များ ရွှဲနေချိန်တွင် မဖျန်းဘဲ နှင်းခြောက်ပြီးချိန် (မနက် ၇ နာရီခွဲ မှ ၉ နာရီခွဲအတွင်း) နေမပူမီ ဖျန်းပေးရပါမယ်။ အပွင့်နုချိန်ဖြစ်၍ ဆေးနှုန်းထား လွန်ကဲပါက အပွင့်ကြွေနိုင်သဖြင့် ဆေးညွှန်းအတိုင်း တိကျစွာ ဖျော်စပ်ပြီးဖျန်းပေးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။