ဖြေကြားချက် ၂ ခု
@ဦးငြိမ်းချမ်း နွေစပါးစိုက်ပျိုးရန် ပြင်ဆင်ရာတွင် မိုးစပါးရိုးပြတ်များကို မီးရှို့ခြင်းထက် EM (အကျိုးပြုအဏုဇီဝဖျော်ရည်) ဖျန်းပြီး ထွန်ယက်စိုက်ပျိုးခြင်းက အဘက်ဘက်မှ ပိုမိုကောင်းမွန်ပါတယ်။ ရိုးပြတ်ကို မီးရှို့လိုက်ပါက မြေဆီလွှာအတွင်းရှိ နိုက်ထရိုဂျင်၊ ဆာလ်ဖာစသည့် အာဟာရဓာတ် ၉၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားသည့်အပြင် မြေဆီလွှာကို အကျိုးပြုသော ပိုးမွှားများပါ သေဆုံးသွားသဖြင့် မြေသားကြပ်တည်းပြီး ဓာတ်မြေဩဇာပိုမိုသုံးစွဲရတတ်ပါတယ်။ ဆန့်ကျင်ဘက်အနေဖြင့် ရိုးပြတ်များကို တစ်ဧကလျှင် EM ဖျော်ရည် (၂) လီတာခန့်နှင့် ယူရီးယားအနည်းငယ်ပက်ဖျန်းပြီး ရေသွင်းထယ်ထိုး၍ ၁၀ ရက်မှ ၁၄ ရက်ခန့် နှပ်ထားပါက ရိုးပြတ်များ လျင်မြန်စွာဆွေးမြေ့သွားပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မြေဆီလွှာသို့ ပိုတက်စီယမ်နှင့် ဆီလီကွန်ဓာတ်များ ပြန်လည်ရောက်ရှိကာ ဓာတ်မြေဩဇာကုန်ကျစရိတ်ကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည့်အပြင် နွေစပါးပင်များ ပိုမိုသန်မာပြီး အထွက်နှုန်းကောင်းမွန်စေပါလိမ့်မယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ပေါ်ဆန်းစပါးကအထွက်စုံသလောက်ဖြစ်နေပါပြီနှံဖြူတွေ့လို့ပါ နှံဖြူဖြစ်စေတဲ့ဆစ်ပိုးကကူးစက်လား ဆေးဖြန်းလို့ရသေးလားအ...
ဖြေကြားချက် 1 ခု
စပါးပင်များတွင်နှံ့စုပ်ပိုးများတွေ့နေ၍ဘယ်လိုပြုလုပ်ရမလဲဆရာ။
ဖြေကြားချက် 2 ခု
ရက်၉၀စပါးပျိုးကြဲစိုက်ပျိုးမှာဖြစ်တဲ့အတွက် စပါးမရိတ်သိမ်းမီကာလအတွင်း ရေတင်ခြင်း ရေနုတ်ခြင်းများကို မည်သည့်အ...
ဖြေကြားချက် 4 ခု
ဆရာကြီးနွားသေးအချဉ်ဖောက်တာ 5ရက်ရှိပါပီး အသုံးပြုရပီးလားဆရာ အပင်လောင်တာတို့ရှိနိင်သေးလားဆရာ
ဖြေကြားချက် 3 ခု
စာဖိုးစာ စပါးမျိုးအကြောင်းသိချင်လို့ပါ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ