အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုကိုလင်းအောင်
လွန်ခဲ့သော ၂ နာရီ က · ချောင်းဦး

ကုလားပဲပင် အပင်မသေအောင် ဘာဆေးကြိုဖျန်းသင့်လဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၅ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
အပင်အာဟာရ ကုလားပဲ

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 475,583 လွန်ခဲ့သော ၂၄ မိနစ် က

@ကိုကိုလင်းအောင် ဝိစာရက ထီး မှိုသတ်ဆေး၊ ဖန်းလင့်က ဖိုးစီ မှိုသတ်ဆေးအမည်များအသုံးပြုနိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ကိုကိုလင်းအောင်
ကိုကိုလင်းအောင် 2 လွန်ခဲ့သော ၂၉ မိနစ် က

@သော်ဇင် ဆေးနာမည်လေးညွန်းပေးပါ

ကိုကိုလင်းအောင်
ကိုကိုလင်းအောင် 2 လွန်ခဲ့သော ၃၀ မိနစ် က

ဆေးနာမည်လေးညွန်းပေးပါဦး

သော်ဇင်
သော်ဇင် 475,583 လွန်ခဲ့သော ၁ နာရီ က

@ကိုကိုလင်းအောင် ကုလားပဲပင် သက်တမ်း ၅ ရက်သားအရွယ်မှာ အပင်မသေစေဖို့အတွက် ခါးရိရောဂါနဲ့ မြစ်ခြောက်ဆွေးရောဂါတွေကို အဓိက ကြိုတင်ကာကွယ်ရပါမယ်။ အပင်ငယ်သေးတာကြောင့် အရွက်ထက် အပင်ခြေ (ပင်စည်အောက်ခြေ) ကို ဦးစားပေးပြီး ကာဘန်ဒါဇင်+မန်ကိုဇက် (Carbendazim + Mancozeb) ဒါမှမဟုတ် မက်တာလဇိုင်း+မန်ကိုဇက် (Metalaxyl + Mancozeb) သို့မဟုတ် Hymexazol သို့မဟုတ် Foestyl Al သို့မဟုတ် Thiophanate methyl လို မှိုသတ်ဆေးတစ်မျိုးမျိုးကို ဖျန်းပေးသင့်ပါတယ်။ မြေဩဇာ မကျွေးရသေးတဲ့အတွက် အမြစ်အားကောင်းစေဖို့ ဟျူးမစ်အက်ဆစ် (Humic Acid) ဒါမှမဟုတ် ပင်လယ်ရေမှော်အားဆေး (Seaweed extract)ကို ဖျန်းပက်နိုင်ပြီးN,P,K ရွက်ဖျန်းမြေဩဇာကိုတော့ ၁၀ ရက်သားကျော်မှ စဖျန်းပါ။ ဒါ့အပြင် အပင်ငယ်စဉ် ကျတတ်သည့်ဖျက်ပိုးအန္တရာယ်များကိုလည်း စစ်ဆေးကာကွယ်ဖို့ လိုအပ်ပါတယ်။ အပင်ငယ်လွန်းတာကြောင့် မနက်စောစော ဒါမှမဟုတ် ညနေနေအေးချိန်မှသာ ဖျန်းပေးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။