အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ko kyaw myo
လွန်ခဲ့သော ၄၇ မိနစ် က · အင်္ဂပူ

12လပိုင်းမှာ နွေစပါးကျဲရင် အထွက်နှုန်းကျနိုင်ပါသလား ကျဲလို့အဆင်ပြေနိုင်သလား ဖြေကြားပေးပါ

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 476,056 လွန်ခဲ့သော ၁၆ မိနစ် က

@ko kyaw myo ၁၂ လပိုင်း (ဒီဇင်ဘာလ) တွင် နွေစပါးကြဲပက် စိုက်ပျိုးပါက ရာသီဥတု အအေးဓာတ်ကြောင့် အညှောင့်ပေါက်နှုန်းနှင့် ပင်ပွားထွက်နှုန်း နှေးကွေးပြီး သက်တမ်း (၁၀) ရက်မှ (၁၅) ရက်ခန့် ပိုကြာနိုင်သဖြင့် အထွက်နှုန်း သိသိသာသာ ကျဆင်းနိုင်ခြေ များပါတယ်။ ထို့အပြင် စပါးပန်းပွင့်ချိန်နှင့် နို့ရည်တည်ချိန်သည် အပူပြင်းဆုံးဖြစ်သည့် မတ်လနှောင်းပိုင်းနှင့် ဧပြီလဆန်းပိုင်းတွင် ကျရောက်နိုင်သောကြောင့် အပူလွန်ကဲပြီး အဖျင်းများခြင်း၊ စိုက်ပျိုးရေ လိုအပ်ချက်မြင့်မားခြင်းတို့နှင့် ကြုံတွေ့ရနိုင်ပါတယ်။ သို့သော် အင်္ဂပူမြို့နယ်၏ ရေရရှိမှု အခြေအနေအရ ၁၂ လပိုင်းတွင် မဖြစ်မနေ စိုက်ပျိုးရမည်ဆိုပါက ရက်တိုမျိုးကို ရွေးချယ်ခြင်း၊ မြေခံတွင် ပိုတက်ရှ်မြေဩဇာ ထည့်သွင်းခြင်းနှင့် ညဘက်တွင် ရေပါးပါးလှောင်ပေးခြင်းတို့ဖြင့် အထွက်နှုန်း မကျအောင် ဂရုစိုက်ထိန်းသိမ်းစိုက်ပျိုးနိုင်မယ်ဆိုရင် စိုက်ပျိုးလို့ရပါမယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

နွေစပါး စိုက်ပျိုးရန်အတွက် မိုးစပါးရိတ်သိမ်းပြီးစပါးရိုးပြတ်များအားမီးရှို့ပြီးထွန်ယက်စိုက်ပျိုးခြင်းနှင့် စ...

ဖြေကြားချက် 3 ခု

ပေါ်ဆန်းစပါးကအထွက်စုံသလောက်ဖြစ်နေပါပြီနှံဖြူတွေ့လို့ပါ နှံဖြူဖြစ်စေတဲ့ဆစ်ပိုးကကူးစက်လား ဆေးဖြန်းလို့ရသေးလားအ...

ဖြေကြားချက် 2 ခု

စပါးပင်များတွင်နှံ့စုပ်ပိုးများတွေ့နေ၍ဘယ်လိုပြုလုပ်ရမလဲဆရာ။

ဖြေကြားချက် 2 ခု

ရက်၉၀စပါးပျိုးကြဲစိုက်ပျိုးမှာဖြစ်တဲ့အတွက် စပါးမရိတ်သိမ်းမီကာလအတွင်း ရေတင်ခြင်း ရေနုတ်ခြင်းများကို မည်သည့်အ...

ဖြေကြားချက် 4 ခု

ဆရာကြီးနွားသေးအချဉ်ဖောက်တာ 5ရက်ရှိပါပီး အသုံးပြုရပီးလားဆရာ အပင်လောင်တာတို့ရှိနိင်သေးလားဆရာ

ဖြေကြားချက် 3 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။