အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးဘ
လွန်ခဲ့သော ၇ နာရီ က · ယင်းမာပင်

ကြက်သွန်နီ ဥပုပ်ကို ဘယ်လိုကာကွယ်နိုင်ပါသလဲ။

ပိုးမွှားရောဂါ ကြက်သွန်နီ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 477,502 လွန်ခဲ့သော ၅၄ မိနစ် က

@ဦးဘ ကြက်သွန်နီ ဥပုပ်ရောဂါကို ကာကွယ်ရန်အတွက် တစ်ကွက်တည်းတွင် ဆက်တိုက်မစိုက်ဘဲ အခြားသီးနှံများနှင့် ၂-၃ နှစ်ခန့် သီးလှည့်စိုက်ပျိုးခြင်းနှင့် စိုက်ဘောင်မြင့်မြင့်ဖော်၍ ရေဝပ်ခြင်းမရှိအောင် ဂရုစိုက်ခြင်းတို့ကို ဦးစွာလုပ်ဆောင်ရပါမယ်။ စိုက်ပျိုးရာတွင် ရောဂါကင်းသော မျိုးဥ/ပျိုးပင်များကို ရွေးချယ်ပြီး မစိုက်မီ ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် ထရိုင်ကိုဒါးမား (Trichoderma) မှိုသတ်ဆေးဖြင့်လူးနယ်ခြင်း စိမ်စိုက်ခြင်း ပြုလုပ်သင့်ပါတယ်။ အပင်ကြီးထွားချိန်တွင် ပုလဲ (နိုက်ထရိုဂျင်) မြေဩဇာ လွန်ကဲစွာကျွေးခြင်းကို ရှောင်ကြဉ်ပြီး ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်ကို အချိုးကျကျွေးရမည်ဖြစ်ကာ ရောဂါလက္ခဏာတွေ့ပါက မှိုကြောင့်ဖြစ်လျှင် မန်ကိုဇက် (Mancozeb)၊ ကာဘင်ဒါဇင် (Carbendazim)၊ သိုင်အိုဖာနိတ်မီသိုင်း (Thiophanate-methyl) သို့မဟုတ် မက်တာလဇိုင်း (Metalaxyl) ပါဝင်သော မှိုသတ်ဆေး တစ်မျိုးမျိုး၊ ဘက်တီးရီးယားကြောင့် အနံ့ဆိုးထွက်ပုပ်လျှင် ကြေးနီပါဝင်သော ဆေးများ (Copper hydroxide, Copper oxychloride) သို့မဟုတ် ကာဆူဂါမိုင်စင် (Kasugamycin) ပါသောဆေးတစ်မျိုးမျိုးကို အပင်ခြေသို့ ဖျန်းပေးခြင်း ပြုလုပ်ပါ။။ ထို့အပြင် ရောဂါရအပင်များကို ချက်ချင်းနုတ်ယူဖျက်ဆီးခြင်းနှင့် ရိတ်သိမ်းပြီးချိန်တွင် အရိပ်ထဲ၌ ကောင်းစွာအခြောက်ခံပြီးမှ လေဝင်လေထွက်ကောင်းသော နေရာတွင် သိုလှောင်ခြင်းဖြင့် ဥပုပ်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ အခုတော့ ကျတော် စိုက်ပျိုးရေးအကြောင်းလေ့လာနေပါတယ် ဒါမဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ဘာမှ နားမလည်တေးတော့...

ဖြေကြားချက် 1 ခု

ဖရဲ စိုက်နည်းလေး သိချင်ပါတယ်

ဖြေကြားချက် 1 ခု

ကြက်သွန်နီက ပုံပါအတိုင်းလိမ်နေလို့ mancozeb နဲ့ cymoxanil အရော အရင်ဖြန်းထားပါတယ်၊ ‌ေရာဂါက တိုးလာတဲ့အတွက် 2ရက်...

ဖြေကြားချက် 6 ခု

ငါးအမိုင်နိဖောက်ထားတာ 2လလောက်ရှိပြီဗျ၊ အနံကတော့ ထန်းလျက်နံ့နဲ့ ငါးညီနဲ့လိုလိုရတယ်ဗျ၊ အပင်တွေပေါ် 300cc နှုန်း...

ဖြေကြားချက် 3 ခု

ဥစိုက်ကို အပင်သိပ်မဖြသ်လို့ပါဗျ၊ 8 ရက်နေ့ကနေ 11ရက်နေ့ထိရွာတဲ့မိုးမာ ရေဝပ်တဲ့နေရာလေးတွေက အပင်သိပ်မတက်ပဲ ပြာတာတာ...

ဖြေကြားချက် 3 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။