ဖြေကြားချက် ၃ ခု
pH လွယ်လွယ်တိုင်းမယ် ကဲ နောက်တစ်ခုကကျတော့ ပီအိပ်ချ်။ မြေချဉ်တာ ငန်တာကို လည်း အဲ့ကောင်နဲ့တိုင်း တယ်။ ရေကိုလည်း အချဉ်အငန်က အဲ့ကောင်နဲ့ပဲ တိုင်းတာတယ်။ pH ပီကို အသေးနဲ့ရေးပြီး တော့ အိပ်ချ်ကို အကြီးနဲ့ ရေးပါတယ်။ အရှည်ကျတော့ potential of hydrogen လို့ခေါ်ပါတယ်။ သူ့ကိုတိုင်းတဲ့ စက်ကိရိယာသေးသေးလေးတွေလည်း ပေါ်နေပါပြီ။ ဈေးလည်း သောင်း ဂဏန်းလောက်ပဲ ရှိပါတော့။ အဲ့ကောင်လေးက 0 ကနေ 14 အထိ အဆင့်တွေရှိတယ်။ 7 ကတော့ ဦးလေးကြီးတို့ သောက်နေတဲ့ ရေကို ပြောတာဖြစ်ပါတယ်။ အရသာ ကင်းမဲ့တယ်ပေါ့လေ။ 7 အောက် ငယ်သွား လေလေ ချဉ်သွားလေဖြစ်ပြီး 7 ထက်ကီးသြွားတယ် 9 10 11 12 လို့ ရင်တော့ ငန်သွားတာ ဖြစ် ပါတယ်။ အပင်တွေ အများစုက pH 5.5-6.5 လောက်ကို နှစ်သက်တာဖြစ်ပါတယ်။ နည်းနည်း ချဉ် တာကို ကြိုက်ကြတာပါပဲ။ ဦးလေးကြီးတို့ ရှေ့မှာ သရက်သီး ကို ငံပြာရည် ငရုတ်သီး နဲ့ တွေ့ရင် သရေကျ သလိုပဲဖြစ်တာနေမှာပါ။ ထားပါတော့ ဦးလေးကြီး အခုတိုင်းမဲ့နည်းလမ်းက စူပါမားကတ်တွေမှာ ရောင်းနေတဲ့ ဂေါ်ဖီထုပ်အနီရောင် လိုပါတယ်။ Red Cabbage လိုအပ်ပါတယ်။ နည်းလမ်းက အဆန်းလေးမို့ စမ်းကြည့်လိုက်ပါဦး။ အနီရောင် ဆိုပေမဲ့ ခရမ်းရောင်ဖက် သမ်းပါလိမ့်မယ်။ ဦးလေးကြီး ကြားဖူးတာက အရောင်ဆိုးထားတဲ့ အတု ရှိတယ်တဲ့။ သတိထားပြီးတော့ ဝယ်ပေါ့ကွယ်။ ရလာရင်တော့ နည်းနည်း နုပ်နုပ် စင်းပြီတော့ ရေဆေးထားပါ။ ရေသန့်ဘူးတစ်ဘူး ၂ ဘူးလောက် ကို ပြေးဝယ် လိုက်ပါဦး။ ပြီးတော့ ရေနွေးအိုးထဲ ထည့်တည်ထားလိုက်ပါ။ ပိုးသေအောင် ထပ်သတ်တာပါ။ နုပ်နုပ်စင်းထားတဲ့ ဟာတွေကို အဲ့ဆူအောင်ကြိုပြီးတဲ့ရေထဲမှာ (၁၀) မိနစ်လောက် စိမ်ပြီးမှ (ပွက်ပွက်ဆူနေတုန်း ထည့်လိုက်ပါနော်) အဖတ်လေးတွေကို ဆယ်ထုတ်လိုက်ပါ။ အရည်လေး တွေ ကျန်မှာပါ ခရမ်းရောင်လေးတွေဖြစ်ပါလိမ့်မယ်။ အဲ့ဒါက pH 7 အတိနားမှာရှိပါတယ်။ အဲ့အရည်လေးတွေကို ခွက်သန့်သန့်လေးထဲမှာ ကိုယ်စစ်ချင်တဲ့ မြေပမာဏကို ထည့်ပြီးတော့ ခွဲလိုက်ပါ။ တစ်ကွက်ပဲ စစ်မယ်ဆို တစ်ခွက်ပေါ့၊ မြေ (၂) ကွက်စစ်ချင်ရင် (၂) ခွက်ပေါ့၊ အနည်းဆုံးကို ပြောတာပါနော်၊ အကြမ်း တစ်ကွက်ကို တစ်ခွက်စီပေါ့။ ပြီးတော့ မြေကြီးကို ဇွန်းနဲ့ (၂) ဇွန်း အပြည့်ကော်လာပြီးမှ အဲ့ခွက်ထဲကို ထည့်လိုက်ရမှာ ဖြစ်ပါတယ်။ ထည့်မဲ့ မြေကြီးနဲ့ ချိန်ပြီးတော့ အရည်ကို ထည့်လိုက်ပေါ့။ နာရီဝက်လောက် ကြာတဲ့ အခါကျတော့ အရောင်ကို တစ်ချက်လောက် ပြန်ကြည့်လိုက်ပါဦး။ ခရမ်းရောင်ပဲ ဆိုရင်တော့ pH က 7နီးပါးတစ်ဝိုက်မှာပဲ ရှိပါတယ်။ ပန်းရောင်ဆိုရင်တော့ ချဉ်တဲ့ဖက်ကို ရောက်သွား ပါတယ်။ pH က 1 – 6 ပေါ့ဗျာ။ ပိုချဉ်လေလေ ပန်းရောင်ဖက်သမ်းလေလေ ဖြစ်ပါတယ်။ အပြာရောင် ဒါမှမဟုတ် အစိမ်းရောင်ဖက်ကို ပြောင်းသွားတယ်ဆိုရင် မြေက ငန်နေတာဖြစ်နိုင်ပါတယ်။ ပိုစိမ်းလေလေ ပို ပြာလေလေ မြေက ငန်လေပဲ ဖြစ်ပါ တယ်။ ဦးလေးကြီး ပြောပြခဲ့တာက ဂေါ်ဖီထုပ်နဲ့ စမ်းတဲ့ နည်းလေးပါပဲ။ အကြမ်းတော့ ရတာပေါ့လေ။ ဘာပဲဖြစ် ဖြစ် ဗာနီကာနဲ့ မုတ်ဖုတ်မလား ချဉ်ကုန်မှာပေါ့ဟယ်။ နော့ အဲ့လို မဟုတ်ပါဘူး အရှည်ကို ပြောပြရရင်တော့ အရှည် ပါပဲကွယ်။ အဲလေ ဗာနီကာ နဲ့ မုန့်ဖုတ်တဲ့ ဆော်ဒါကို ပြောတာပါနော်၊ သူတို့နဲ့လည်း ချဉ်ငန်ကိန်းကို တိုင်းလို့ရတယ် ဆိုပါလား သိချင်ရင်တော့ ဆက်ကြည့်ကြရအောင်ဗျာ။ 1) မြေကြီးတစ်ခွက်ကို စစ်ချင်တဲ့ နေရာကနေ ယူလိုက်ပါ။ 2) နောက်တော့ ဗာနီကာ အရည်ကို လောင်းကြည့်လိုက်ပါ။ လောင်းလောင်းချင်းပဲ အမြုပ်ထတယ်။ တစီစီအသံလေးတွေ ထွက်လာတယ်ဆိုရင် သေချာပါတယ်။ ငန် နေတာဖြစ်ပါတယ်။ 3) တကယ်လို့များ အမြုပ်မထခဲ့ဘူးဆိုရင် အကုန်လုံး ရွဲသွားအောင် ဆက်လောင်းပါ စိုပြီး ဆိုရင် မုန့်ဖုတ်တဲ့ ဆော်ဒါကို အဲ့ခွက်ထဲထည့်ပါ။ အမြုပ်ထလာရင်တော့ မြေချဉ်နေတာ သေချာပါတယ်။ 4) အဲ့လို ၂ ခုလုံး လုပ်ပြီးတဲ့ အထိမှ အမြုပ်မထရင်တော့ မချဉ် မငန် တဲ့ pH 7 အနေ အထားမှာဖြစ်ပါတယ်။
Soil pH ကိုတို်းနိုင်ပါတယ် စပါးမစိုက်မီနှင့် စပါးစိုက်ပြီးချိန် Soil pH meter နှင့်တိုင်းနိုင်ပါတယ် Soil moisture အသင့်တင့်ရှိဘို့နဲ့ ဂမြေဆီလွှာက် အနက်၆ -၈ လက်မခန့်အနက်မှာ ကိရိယာကိုထိုးစိုက်တိုင်းနိုင်တယ် တိုင်းရင်လဲ ၂-၃မိနစ်ခန့် စောင့်ပါ တက်လာတဲ့ Soil pH ဖတ်ပါ နောက်တနည်းက ရေဆင်း soil chemistry ကထုတ်လုပ်တဲ့ Soil Test Kit နဲ့လဲတိုင်းနိင်ပါတယ်
ကျွန်တော်လဲသိချင်ပါတယ်
ဆက်စပ်မေးခွန်းများ
မြေအမျိုးစား စစ်ဆေးတဲ့ဟာကိုတင်ပေးပါဗျာဘယ်နေရာမှာဝယ်ရမလဲ?
ဖြေကြားချက် 4 ခု
မြေအချ ဉ်ပေါက်လို့ဒေသအခေါ ်သမန်းဝဲစားတဲ့လယ်ထုံးထည့်ရမည်ပြောတယ်ဘယ်လောက်ထည့်ရမလဲသိချင်ပါတယ်မိုးစပါးရေမြု ပ်ကြဲ...
ဖြေကြားချက် 2 ခု
မိုးစပါးကျ ဲတာ ၂ နှစ်ရှိပါပြီဒေသအခေါ ်သမန်းဝဲစားတယ် ပြောတယ်မျ ို းညှောင့်တေကျဲထားတဲ့လယ်ကန့်တိုင်းသေကုန်တာရေ...
ဖြေကြားချက် 2 ခု
မြေဆီလွှာအချဉ်ပေါက်ခြင်းအားဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 2 ခု
တားငံရေဝင်တဲ့မြေကိုဘယ်လိုပြုပြင်ရမလဲ
ဖြေကြားချက် 5 ခု