ဖြေကြားချက် ၄ ခု
အခုရေးထာတဲ့ ဘိုကာရှီ မြေသြဇာ ပြုလုပ်နည်းကို download လုပ်ချင်ပါတယ် လုပ်လို့ မရပါ
#အီးအမ်ဘိုကာရှီမြေးဆွေးပြုလုပ်သုံးစွဲနည်း •••••••••••••••••••••••••••••• ဘိုကာရှီ(BOKASHI) ဆိုသည်မှာ အီးအမ် (EM) ကို လယ်ယာထွက် စွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်ချေးများနှင့် စနစ် တကျရောနှော်ပြီး မွေးမြူခြင်းဖြင့် ရရှိလာသော မြေဆွေးဖြစ်သည်။ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲမှော်၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်စို၊ မြက်ခြောက်၊ ဗေဒါ၊ သစ်ရွက်ဆေး၊ အမှိုက်ဆွေး စသည်တို့နှင့်တိရစ္ဆာန်ချေး၊ တင်လဲရည်၊ ရေ နှင့် အီူအမ်(EM) ဖျော်ရည်တို့ကို ရောမွှေပြုခြင်းဖြင့် တစ်ပတ်၊ နှစ်ပတ်ခန့်အတွင်း ဘိုကာရှီ မြေးဆွေးရရှိပါသည်။ ဘိုကာရှီမြေဆွေး နှင့် ရိုးရိုးမြေဆွေး ကွာခြားချက်မှာ ဘိုကာရှီမြေဆွေးတွင် လယ်ယာထွက်စွန့်ပစ်ပစ္စည် များကို အမြန်ဆွေး မြေ့စေပြီး မြေဆီသြဇာ ထက်သန်စေသော အကျိုးပြု အဏုဇီဝများ အီးအမ် (EM) ပိုမိုပါဝင်ခြင်းဖြစ်သည်။ ရိုးရိုးအီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း (၁) အရိပ်အောက်တွင် အီးအမ်ဘိုကာရှီမြေးဆွေးပုံပြုလုပ်နည်း - စည်းပိုင်းပြတ်ထဲသို့ ရေဂါလံ (၂၀) ထည့်ပါ။ - အသင့်သုံး အီးအမ် (EM) ဖျော်ရည် နို့ဆီခွက် (၃) ခွက်နှင့် တင်လဲရည် (၃) ခွက် လောင်းထည့်၍တုတ်ဖြင့်မွှေပါ။ ( နို့ဆီခွက် (၃) ခွက်= ၁ လီတာ) - အရိပ်အောက်တွင် လယ်ယာစွန့်ပစ် ပစ္စည်းများကို အလျား ( ၆ ပေ) အနံ ( ၃ ပေ) ၊ ထု ( ၆ လက်မ) ရှိအောင် တစ်လွှာပုံပါ။ - လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်းပေါ်တွင် ရေရောစပ်ပြီး အီးအမ် (EM) ဖျော်ရည် ( ၃) ဂါလံကို ဖျန်းပေးရပါမည်။ - နွားချေးနှင့်ဖွဲနုရောပြီး ( ၈) ပြီ ထပ်၍ ဖြူးပါ။ - ယင်းကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ ပုံပါ။ - အပေါ်မှ ပလပ်စတစ်ဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်း တခုခုဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လုံအောင်ထူထူဖုံးပါ။ - ( ၄-၅) ရက်ကြာလျှင် မြေဆွေးပုံးအတွင်း လက်ဖြင့် စမ်းကြည့်၍ တအားပူလျှင် အထပ်အောက်လှန်ပေးပါ။ ခြောက်နေလျှင်ရေဖျန်းပေးပါ။ - အဖြူရောင်မမှုမျှင်များ တွေ့လျှင် ဆွေးမြေ့နေကြောင်း သိရှိနိုင်ပါသည်။ - (၇- ၁၀) ၇က်အကြာ တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့် အခြေအနေတွင်ပင် စတင် အသုံးပြုနိုင်သည်။ - တစ်ဧကအတွက် ( ၈ပုံ= ၂ တန်) မှ ( ၂၀ ပုံ= ၅ တန်) သုံးပါ။ - စိုက်ထယ်ရေးပြင်ချိန်တွင် ဖြန့်ထည့်၍ အသုံးပြုနိုင်ပါသည်။ - နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျဉ်ခြံ သီးနှံပင်များတွင် အစိုဓာတ်ရှိချိန်တွင် အပင်ခြေတွင်ထည့်၍ မြေဖုံးပြီး သုံးပါ။ (၂) ကျေးရွာစွန့်ပစ်အမှိုက် လယ်ယာမြေ အဘိုးတန် ရတနာသိုက်ပြုလုပ်နည်း - သင့်တော်ရာဒေသတွင် အလျား ( ၆ ပေ) ၊ အနံ ( ၃ ပေ) ၊ အနက် ( ၆ ပေ) ကျင်းတူးပါ။ - ကျင်းထဲသို့ စွန့်ပါအမှိုက်များကို ( ၁) ပေထု ဖြန့်ခင်းပါ။ - အီးအမ် (EM) ဖျော်ရည်ကို တစ်လွှာလျှင် ( ၃) ဂါလံ နှုန်းဖြင့့်ဖြန်းပါ။ - နွားချေး ( ၄) ပြီ ညီညာစွာ ဖြန့်ဖြူးပေးပါ။ - ယင်းသို့ အလွှာလိုက် ကျင်းပြည့်သည်အထိ ပြုလုပ်ပါ။ - ဆွေးမြေ့လာသည်နှင့်အမျှ မျက်နှာပြင် နိမ့်ဆင်းသွားပါသည်။ - နိမ့်သွားပါက ကျင်းပြည့်အောင့်ပြန်ဖြည့်ပါ။ - သီးနှံများစိုက်ပျိုးချိန်တွင် ထုတ်ယူသုံးစွဲနိုင်ပါသည်။ - မိုးကျလျှင် ရေမဝင်စေရန် အမိုး မိုးပေးပါ။ - တစ်ဧက အတွက် ကျင်း ( ၅) ကျင်း လိုပါသည်။ (၃) နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့်ဥယျာဉ်ခြံသီးနှံများတွင် အီအမ် ဘိုကာရှီ သုံးစွဲနည်း - စိုက်ခင်းအတွင်းမှ ပေါင်းများကို ရှင်းပါ။ ရရှိသည့် ပေါင်းများကို အပင်ခြေတွင်ပုံပါ။ အပုံပေါ်တွက် အီးအမ် ( EM) ဖျော်ရည်ဖျန်းပါ။ မြေဖုံးပါ။ ( ဖျော်ရည်ဖျန်းပြီး နွားချေးမှုန့် ဖြူးပေးလျှင် ပိုကောင်းပါသည်။) - ပေါင်းရှင်းသည့်အခါတိုင်း အပင်ခြေတွင် ထပ်မံ၍ ပုံပေးပါ။ စူပအီးအမ်ဘိုကာရှီမြေးဆွေးပြုလုပ်နည်း - စပါးခွံ၊ ဖွဲနု၊ နှင့်နွားချေးတို့ကို ဆတူရောစပ်၍ ပုံပါ။ - အပုံပေါ်သို့ အီးအမ်ဖျော်ရည်ကို သမအောင်ဖျန်း၍ မွှေပါ။ - လက်ဖြင့် ဆုပ်ကြည့်ပါက လက်ကြားမှ ရေမထွက်စေရပါ။ - လက်ဖြင့် ဆုပ်၍ လက်ဖြန့်လိုက်ပါက အလုံး မပျက်စေရပါ။ - ယင်းအခြေအနေတွင် ရောစပ်ပြီး၊ ပစ္စည်းများကို လေလုံ အိတ်တွင် ထည့်၍ ချည်နှောင်ပြီး အရိပ်ထဲတွင်ထားပါ။ - နွေရာသီတွင် ( ၃) ရက်၊ ဆောင်းရာသီတွင် (၁၀) ရက် ကြာလျှင် မြေဆွေး အဖြစ် စတင်အသုံးပြုနိုင်သည်။ - ကြာရှည် သိုလှောင်လိုပါက နေရိပ်တွင် အခြောက်ခံပြီး အိတ်ထဲသို့ ပြန်ထည့်၍ သိုလှောင် အသုံးပြုနိုင်ပါသည်။ ( ၆) လခန့်အထိ သုံးနိုင်ပါသည်။ - တစ်ဧက အနည်းဆုံးပိသာ (၅၀၀) အသုံးပြုရမည်။ မြေပြင်ချိန်ကြဲပက်၍ တစ်ကြိမ်၊ သမန်းနိုးထချိန် တန်ူးကြားအတွင်း ဖြူး၍ အနည်းဆုံး နှစ်ကြိမ် ခွဲသုံးပါ။ အမြန်သုံးစူပါအီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း - ဖွဲနု ( သို့မဟုတ်) ဆန်ကွဲ အနည်းဆုံး တစ်ပြည်ကို ရေဖြင့်ခပ်ပျစ်ပျစ် ကျို၍ အအေးခံပါ။ - အသင့်သုံး အီးအမ် (EM) ဖျော်ရည် ငှက်ပျော်ဖူး ပုလင်း တစ်ပုလင်း ရောစပ်၍ ( ၂) နာရီကြာ ထားပြီး သုံးပါ။ - ထယ်ရေးပြင်ချိန်တွင် တစ်ကြိမ်၊ အပင်ကြီးထွားချိန် တစ်ကြိမ်၊ ပန်းပွင့်ချိန် တစ်ကြိမ် ကြဲပက်ထည့်ပါ။ အီးအမ်ဘိုကာရှီ အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ အီးအမ်ဘိုကာရှီမြေဆွေးကို နေရာဒေသအနှံတွင် စပါး၊ ကြံ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပင်များ စိုက်ပျိုးရာတွင် အသုံးပြုမှုများကို စစ်တမ်းရယူခဲ့ရာတွင် မြေဆွေး အမျိုးအစား အမျိုးမျိုးရှိသည့် အနက် အီးအမ် ဘိုကာရှီမြေဆွေးသည် သီးနှံအထွက်ကို သိသိသာသာ ထွက်ရှိအောင် စွမ်းဆောင်နိုင်ကြောင်း သုသေတနပြု တွေ့ရှိရပါသည်။ #Agro_Article #Pissaya_Info Credit- စိုက်ပျိုးရေးဦးစီးဌာန
"ဘိုကာရှီ သဘာဝမြေသြဇာ ပြုလုပ်နည်း" ဘိုကာရှီသဘာဝမြေသြဇာပြုလုပ်ဖို့အတွက်...... (၁)ပဲဖတ် ၂၀ပိဿာကိုပီပါ (သို့)ပလက်စတစ်ပုံးအကြီးစားထဲရေထည့်ပြီး တစ်ညစိမ်ပါ။ (၂)တစ်ညစိမ်ပြီးနောက် တင်လဲရည် ၅၀ကျပ်သားကို ပီပါထဲထပ်ထည့်ပေးပါ။ ငါးပုတ်ရည်၊ဝါးပေါင်းခံရည်တို့ကိုပါထည့်ပေးနိင်ရင်အကောင်းဆုံးပါ။ (၃)ကြက်ချေး၊နွားချေး (၅)အိတ်၊ မြေဆွေး(၂)အိတ်၊ ထင်းပြာ၊စပါးခွံပြာ(၂)အိတ်၊ ဖွဲနု(၁)အိတ်တို့ကိုရောသမပြီးမွှေပါ။ငါးမှုန့်၊အရိုးမှုန့်တို့ပါထည့်ပေးပါက ပိုကောင်းပါတယ်။ (၄)ရောမွှေထားတဲ့အပုံထဲကို ပဲဖတ်စိမ်ရည်လောင်းပြီး သရိုးနယ်သလိုနယ်ပေးပါ။ရေစိုထိုင်းဆ ၆၀%ခန့်ဖြစ်ရပါမယ်။ဆိုလိုတာက ရောနယ်ထားတဲ့ကုန်ကြမ်းတွေကို လက်နဲ့ဆုပ်ကြည့်လိုက်ရင် အလုံးပုံစံဖြစ်ပီး လက်ညိုးနဲ့ထိုးခွဲလိုက်ရင် ကွဲကြေသွားတဲ့အခြေအနေဟာ ရေစိုထိုင်းဆ၆၀%ဖြစ်ပါတယ်။လက်နဲ့ဆုပ်ကြည့်လို့အလုံးပုံစံမဖြစ်ဘူးဆိုရင် ရေနဲလို့။ပဲဖတ်စိမ်ရည်ထပ်လောင်းပေးရမယ်။အလုံးပုံစံ ကွဲကြေမသွားဘူး ဆိုရင် ရေများလို့ပါ။ကုန်ကြမ်းထပ်ထည့်ပေးရပါမယ်။ (၅)အားလုံးပြီးစီးသွားတဲ့အခါမှာ အရောအနှောကုန် ကြမ်းတွေကို တစ်ပေခွဲ အမြင့်ပုံပေးပါ။အနံ ၃ပေ(သို့) ၄ပေ အလျားကိုလိုသလောက်ဆန့်ထုတ်နိင်ပါတယ်။ ပုံရမယ့်နေရာကနေရောင်တိုက်ရိုက်မကျတဲ့ သစ်ပင်၊ ဝါးပင်အောက် (သို့)အမိုးအကာပါတဲ့အဆောက်အဦး အောက်မှာပြုလုပ်ရပါမယ်။သစ်ပင်၊ဝါးပင်အောက် မှာ ပြုလုပ်မယ်ဆိုရင် မိုးရေ၊ ဘေးမှစီးဝင်လာမဲ့ရေများကို ကာကွယ်ပေးထားရပါမယ်။ ပုံပြီးတဲ့အခါမှာ အပေါ်မှကောက်ရိုး (သို့)မြက်ခြောက် အမိုှက်တွေနဲ့အုပ်ပေး ထားပါ။ပလက်စတစ်နဲ့မအုပ်ပါနဲ့။ (၃)ပါတ်(၄)ပါတ်ခန့်ကြာတဲ့အခါ (သို့) အပူချိန်လုံးဝကျသွားတဲ့အခါမှာ အသုံးပြုနိင်ပြီဖြစ်တဲ့ ဘိုကာရှီ သဘာဝမြေသြဇာကိုရရှိပါပြီ။ချက်ချင်းအသုံးမပြုသေးပါက အိတ်များအတွင်းထည့်၍ အရိပ်အောက်တွင် သိမ်းဆည်းထားနိင်ပါတယ်။ အသုံးပြုနည်း။ ။ ဘာအပင်ပဲစိုက်စိုက် ဘိုကာရှိမြေသြဇာကို မစိုက်ခင်ကြိုတင်ထည့်တာအကောင်းဆုံးပါ။ပိုပြီး ထိရောက်မှုပါတယ်။ စိုက်ပြီးသားအပင်ကို ထည့်မယ်ဆိုရင်အပင်ပတ်လည်မှာကျင်းဖောက်ပြီးထည့်ပါ။ပြီးရင်မြေပြန်ဖုံးပေးပါ။ ဘိုကာရှီသဘာဝမြေသြဇာမှာ NPKပါဝင်မှုများပြီး အပင်လိုအပ်တဲ့အဟာရများကို ထောက်ပံ့ပေးနိင်တဲ့အတွက် အနည်းငယ်အသုံးပြုရုံနဲ့ ထိရောက်မှုရှိပါတယ်။ {ဒီထဲမှာ ပါတဲ့ ကုန်ကြမ်းအပြင် ကိုယ့်အရပ်ဒေသမှာ ရနိင်တဲ့ ကုန်ကြမ်းတွေနဲ့လဲအစားထိုးအသုံးပြုနိင်ပါတယ်} စိုက်ပျိုးရေးဖြင့်အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ မိတ်ဆွေများအားလုံး အဆင်ပြေအောင်မြင်ပါစေ......
ဆက်စပ်မေးခွန်းများ
စိုက်မယ် ဆိုဘယ်မြေမှာဖြစ်ထွန်ူလဲ
ဖြေကြားချက် 3 ခု
အညာဒေသမှာပေါက်သော ကန္တာရပင်များကြောင့်မြေဆီလွှာပျက်စီးပါသလား။ကန္တာရပင်ကအကျိုးမပြုလျှင်မည်သို့ရှင်းလင်းရပါမည်...
ဖြေကြားချက် 3 ခု
ကင်ပွန်းချဉ်ကိုင်းကူးမြေထုပ်စီးနည်းသိချင်ပါတယ်ဗျ
ဖြေကြားချက် 1 ခု
ဘိုကာချီ မြေသြဇာ ပြုလုပ်ပုံ အဆင့်ဆင့်ကို အသေးစိတ် သိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်ဈေးကွက် နိုင်ငံခြားကို တင်ပို့ရောင်းချကြလား သိချင်ပါတယ်
ဖြေကြားချက် 0 ခု