အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၇ နှစ် က · မတ္တရာ

ကန်စွန်းဥကိုဘယ်လိုစိုက်ပျိုးရမလဲ

မြေဆီလွှာ ကန်စွန်းဥ
Post image
5

ဖြေကြားချက် ၅ ခု

174 လွန်ခဲ့သော ၇ နှစ် က
အတည်ပြုပြီး 323,964 လွန်ခဲ့သော ၇ နှစ် က

မြေပြုပြင်ခြင်း ထယ်ရေးညက်စေရန် ဆောင်ရွက်ရမည်။ မြေဆီလွှာသည် ၁ပေခန့် အနက် ရှိရမည်။ တန်းခြား ၂ ပေခန့် ထား၍ လိုင်းဖော်ထားရမည်။ ဘောင်ဖော်၍လည်း စိုက်ပျိုးနိုင်သည်။ မျိုးပွားခြင်း ဥမှသော်လည်းကောင်း၊ နွယ်ကိုဖြတ်၍သော်လည်းကောင်း၊ မျိုးပွားနိုင်သည်။ အများအားဖြင့် နွယ်ကိုင်းကိုဖြတ်၍ မျိုးပွားခြင်းသည် အများစုအသုံးပြုလျက်ရှိသည်။ နွယ်ကိုင်းကို ၇ - ၉ လက်မ အရှည် (၂ - ၃) ဆစ် ပါဝင်စေလျက် ပျိုးခင်း စိုက်ပျိုးရမည်ဖြစ်သည်။ မျိုးစေ့နှုန်းနှင့် စိုက်ပျိုးခြင်း မျိုးစေ့နှုန်းထားနှင့် အပင်ဦးရေသည် မြေအမျိုးအစား စိုက်ဧက၊ မျိုးကွဲနှင့်စိုက်နည်းစနစ်ပေါ်တွင် မူတည်သည်။ ယေဘူယျအားဖြင့် တစ်ဧကလျှင် (၂၀၀၀၀ - ၂၅၀၀၀) ကိုင်းဖြတ်များလိုအပ်သည်။ ပျိုးခင်းတွင် လိုအပ်သောအရှည် နှင့် အဆစ်များ ရရှိရန်အတွက် တန်ကြား ၂ ပေ နှင့် ပင်ကြား ၇ လက်မ စိုက်ပျိုးရမည်။ ဖြတ်ပိုင်းများအား မြေစာပုံများပြုလုပ်၍ ၂ပေ ¬x ၂ပေ ပင်ကြား၊ တန်ကြားဖြင့်လည်း စိုက်ပျိုးနိုင်သည်။ မြေစာပုံတစ်ခုစီတွင် ဖြတ်ပိုင်း ၄ခု မှ ၆ ခုထိ စိုက်ပျိုးရမည်။ ဖြတ်ပိုင်း၏ အလယ်ပိုင်းကို မြေဆီလွှာတွင် မြှုပ်အောင်ထည့်ကာ ထိပ်နှစ်ဖက်ကို မြေ ပေါ်တွင် ပေါ်နေစေရမည်။ စိုက်ပျိုးပြီးပါကရေသွင်းပေးရမည်။ ရေသွင်းခြင်း ရေသွင်းခြင်းသည် မြေအမျိုးအစား၊ စိုက်နည်းစနစ်နှင့် ရာသီဥတုအခြေအနေပေါ်တွင် မူတည်သည်။ ဥ မှ မစိုက်ပျိုးမီ ရေသွင်းပေးထားရန် လိုအပ်သည်။ စိုက်ပျိုးပြီး (၃) ရက်ကြာလျှင် ရေပေးသွင်းရန် လိုအပ်သည်။ ထို့နောက် တစ်ပါတ် လျှင် တစ်ကြိမ် ရေသွင်းရမည်။ မရိတ်သိမ်းမီ တစ်ပါတ်အလိုတွင် ရေသွင်းခြင်းကို ရပ်တန့်ရမည်။ အပင်အောက်ခြေ တွင် ရေစီးဆင်းမှုကောင်းရမည်ဖြစ်သည်။ အစိုဓာတ်များပါက အရည်အသွေးကို ကျဆင်းပျက်ဆီးစေမည်ဖြစ်သည်။ မြေသြဇာကျွေးခြင်း ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာများကို အချိုးကျ ကောင်းမွန်စွာကျွေးခြင်းဖြင့် အထွက်နှုန်းကောင်းများ ရရှိမည် ဖြစ်သည်။ ကောင်းစွာဆွေးမြေ့သော နွားချေး (သို့မဟုတ်) မြေဆွေးကို တစ်ဧကလျှင် အိတ် ၁၄၀ မှ ၁၈၀ အထိ မြေ ပြင်ချိန်တွင် ထည့်သွင်းရ မည်ဖြစ်သည်။ N:P:K အချိုး ၂၈:၂၀:၂၈ ကီလိုဂရမ်/ဧက နှုန်းထည့်သွင်းပေးရမည်။ ယူရီးယားကို နှစ်ကြိမ်ခွဲ၍ ထည့်သွင်းပေးရမည်ဖြစ်သည်။ ပထမအကြိမ်ကို အပင်စိုက်ပျိုးချိန်တွင် ထည့်သွင်းရမည်။ ဒုတိယအကြိမ် ကို စိုက်ပျိုးပြီး ၅ ပါတ်တွင် ထည့်သွင်းရမည်။ ပိုတက်နှင့်တီစူပါကို စိုက်ပျိုးချိန်တွင် တစ်ချိန်တည်း အားလုံးထည့် သွင်းနိုင်သည်။ ကြားပေါင်းလိုက်ခြင်း စိုက်ပျိုးပြီး ၂ ပါတ်မှ ၅ ပါတ်အတွင်း ပေါင်းမြက်ရှင်းလင်းရန် လိုအပ်သည်။ ဒုတိယအကြိမ်မြေသြဇာ ကျွေးခြင်းကို ဒုတိယကြိမ် ကြားပေါင်းလိုက်ခြင်းနှင့်အတူ ဆောင်ရွက်ရန်လိုအပ်သည်။ ပိုးမွှာကာကွယ်နှိမ်နှင်းခြင်း အများဆုံးကျရောက်တတ်သော ပိုးမွှားမှာ ကျိုင်းဖြစ်သည်။ ကာကွယ်ရန်အတွက်စိုက်ပျိုးရေးသုံး ပစ္စည်းများကို ပိုး မွှားကင်းစေရမည်။ ယခင်စိုက်ပျိုးပြီး ကန်စွန်းဥ အပင်အစိတ်အပိုင်းအကြွင်းကျန်များကို ဖယ်ရှားရမည်။ ပျော့ပုပ် ရောဂါဖြစ်ပေါ်မှုများသည်။ ကာဗာဒိုင်ဇင် ၁ ဂရမ် ကို ရေတစ်လီတာတွင် ဖျော်စပ်၍ ပက်ဖျန်းနိုင်သည်။ ရိတ်သိမ်းခြင်း ကောင်းစွာရင့်မှည့်သော ကန်စွန်းဥများအား (၄) လ (ရက် ၁၂၀) ခန့်တွင် ရိတ်သိမ်းနိုင်သည်။ သို့သော် မျိုးပေါ်မူတည် ၍ ပြောင်းလဲနိုင်သည်။ အရွက်များ အဝါရောင် ပြောင်းလဲသွားပါက ကန်စွန်းဥ ရိတ်သိမ်းချိန် ရောက်သည်ကို လွယ်ကူ စွာ သိရှိနိုင်သည်။ တူးဆွ၍ ရိတ်သိမ်းနိုင်ပါသည်။ အထွက်နှုန်း အထွက်နှုန်းသည် မျိုးကွဲ၊ မြေအမျိုးအစား၊ ရာသီဥတု၊ ရေပေးသွင်းခြင်းနှင့် အပင်ပြုစုစောင့်ရှောက်မှုပေါ်တွင် မူတည် သည်။ တစ်ဧကလျှင် ၆၀၀၀ မှ ၇၀၀၀ ပိဿာထိ ရရှိနိုင်သည်။ ရေသွင်းစိုက်ပျိုးပါက ပိုကောင်းသော အထွက်ကို ရရှိနိုင်သည်။ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ဥစိုက်ပျိုးနည်း

817 လွန်ခဲ့သော ၇ နှစ် က
အတည်ပြုပြီး 323,964 လွန်ခဲ့သော ၇ နှစ် က

အပေါ်က အနီရောင်စာသားကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။ စိုက်ပျိုးနည်းအပြည့်အစုံပါ

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၇ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။