ဖြေကြားချက် ၁ ခု
အရည်အချင်းလက္ခဏာများ ပြည်တော်ရင်စပါးမျိုး၏ အပင်အမြင့်မှာ ၃ ပေနှင့် ၁ဝ လက်မခန့်ရှိသည်။ အနှံပါသောအပင်ပွား ကိုးပင်မှ ၁ဝ ပင်ပွား နိုင်သည်။ အနှံတစ်နှံ၏အရှည်မှာ တစ်ပေခန့်ဖြစ်သည်။ စပါးနှံတစ်နှံတွင် သီးလုံး ၁၄၂ လုံး သီးနိုင်ပြီး အောင်မြင် သောအစေ့ရာခိုင်နှုန်းမှာ ၉၁ ဒသမ ၅ ဖြစ်သည်။ စပါးစေ့ ၁ဝဝဝ ၏ အလေးချိန်(ဂရမ်)မှာ ၂၂ ဒသမ ၃ ဖြစ်ကြောင်း သိရသည်။ ပြည်တော်ရင်စပါးမျိုး၏ စပါးလုံးသည် ဧည့်မထအုပ်စုတွင် ပါဝင်သည်။ ဗိုက်ဖြူအနည်းငယ်ပါသော်လည်း ဆန်သားကြည် လင်သည်။ ကြိတ်ခွဲပါက ဆန်ထွက်ရာခိုင်နှုန်းမှာ ၆၃ ဒသမ ၉ ဖြစ်ပြီး အမိုင်းလို့စ်ရာခိုင်နှုန်းမှာ ၂၄ ဒသမ ၁ ဖြစ်သည်။ ဆန် ရှည်ထွက်မှုအချိုးမှာ ၁ ဒသမ ၆ ဖြစ်ပြီး စားသုံးမှုအဆင့်အတန်း ကောင်းမွန်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စမ်းသပ်မှု များအရ တစ်ဧကလျှင် တင်း ၉ဝ မှ ၁ဝဝ အထိ ထွက်နိုင်သော မျိုးဖြစ်သည်။ စပါးမျိုး၏အသက်ရက်မှာ ၁၂၆ ရက်ရှိသည်။ မိုးစပါးနှင့် နွေစပါးရာသီတို့တွင် စိုက်ပျိုးနိုင်သည်။ ပြည်တော်ရင်စပါးမျိုးသစ်၏ အထက်တွင်ဖော်ပြပါ ထူးခြား ကောင်းမွန်သော ဆန်သားကြည်လင်ခြင်း၊ ဆန်လုံးရှည် သွယ်ခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ စားသုံးမှုကောင်းမွန်ခြင်းနှင့် အထွက်ကောင်းခြင်းတို့ကြောင့် လက်ရှိ သက်လျင်စပါးမျိုးများ စိုက်ပျိုးသောနေရာတွင် အစားထိုးစိုက်ပျိုးနိုင်သော မျိုး တစ်မျိုးဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။ ။ ဆင်းသီဟ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးမျိုးပေါင်းဘယ်လောက်ရှိပါသလဲ ခင်ဗျ
ဖြေကြားချက် 1 ခု
ရွှေရင်အေးစပါးမျိုးကို နွေရော မိုးပါ စိုက်ပျိုးလို့ရပါသလား. စပါးမျိုး ဈေးနှုန်းနဲ့ ဝယ်ယူလို့ ရနိုင်မဲ့ နေရာလဲ...
ဖြေကြားချက် 1 ခု
ရွှေနံ့သာ ပေါ်စန်း စပါးမျိုးကို သီးထပ်နွေစပါးစိုက်ပျိုးလို့အဆင်ပေပါ့မလား စိုက်ပျိုးဘူးတဲ့ ကျေးဇူးရှင်များ ကျေး...
ဖြေကြားချက် 12 ခု
ယခုပေါ်နေသော စွာနာ ဆိုသောစပါးမျိုးသည် သက်တမ်းမည်မျှရှိပါသလဲ ခင်ဗျာ
ဖြေကြားချက် 3 ခု
MR 11 character. နဲ့ သက်တမ်းသိချင်ပတယ် ခင်ဗျား
ဖြေကြားချက် 0 ခု