စိန်တလုံးသရက်စိုက်ထားတာတစ်လရှိပြီပြုစုနည်းလေး ပြောပေးပါလား။
မင်္ဂလာပါ ခင်ဗျ။ အမျိုးအစားမြေသားထုနက်ရှိုင်းပြီး ရေစီးစိမ့်မှုကောင်းသော နုန်းဆန်မြေ နှင့် နုန်းမြေနီသည် သရက်စိုက်ပျိုးရန် အကောင်းဆုံးမြေ အမျိုးအစားဖြစ်ပါသည်။ သင့်တော်သော မြေချဉ်ငံဓာတ် (၆-၇) အတွင်းဖြစ်ပြီး (၅-၇.၅) အတွင်း စိုက်ပျိုးဖြစ်ထွန်းပါသည်။ စိုက်ပျိုးစနစ်နှင့် စိုက်ပျိုးခြင်း သမရိုးကျစိုက်စနစ်တွင် ပင်ခြား၊ တန်းခြား (၃၀×၃၀) ပေ ထားစိုက်ပါက တစ်ဧကအပင် (၄၈) ပင် ဝင်ဆန့်ပါသည်။ ခေတ်သစ်စိုက်စနစ် တွင် တစ်ပင်နှင့်တစ်ပင် နီးကပ်စွာ စိုက်ပျိုးပါသည်။ ပင်ခြားတန်းခြား (၁၅-၁၅) ပေ ထားစိုက်ခြင်းဖြင့် တစ်ဧကအပင် (၁၉၃) ပင် ဝင်ဆန့်ပါသည်။ ခေတ်သစ်စိုက်စနစ်တွင် တစ်ပင်မှ အသီးအရအတွက် ပိုမိုရရှိစေပါသည်။ တစ်ဧကဝင်ဆန့် အပင်ဦးရေများသဖြင့် တစ်ဧကမှ ရောင်းတန်းဝင် အသီးထွက်နှုန်းမြင့်မားစေပါသည်။ စိုက်ကျင်းအရွယ်အစားကို အနည်းဆုံး (၂×၂×၂) ပေ ထား၍တူးပါ။ တူးပြီးကျင်းများကို (၇) ရက်ခန့် နေလှန်းထားပါ။ သဘာဝမြေသြဇာ (နွားချေး၊ ကြက်ချေးဆွေး) (၁-၂) တင်း၊ တီစူပါဖော့စဖိတ် (၄၀) ဂရမ်၊ ပိုတက်စီယမ်ကလိုရိုဒ် (၁၁၄) ဂရမ် နှင့် မြေအောင်းပိုးသတ်ဆေး တစ်မျိုးမျိုးကို ကျင်းပတ်လည်ရှိ အပေါ်ယံမြေနှင့် ဆတူသမအောင် ရောမွှေပြီး စိုက်ကျင်းမို့မောက်သည်အထိ ပို့ပေးပါ။ သရက်စိုက်ခင်းကို အောက်ပါနည်း(၂) နည်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ ၁။ ကိုင်းဆက်ပျိုးပင်ဖြင့် တိုက်ရိုက်စိုက်ပျိုးနည်း ကျန်းမာသန်စွမ်းပြီး သက်တမ်း(၁-၂) နှစ်သားရှိသော ကိုင်းဆက်ပျိုးပင်ကို စိုက်ပျိုးပါ။ သို့မှသာ စိုက်ခင်းအတွင်းသို့ ရွေ့ပြောင်းစိုက်ပျိုး ရာတွင် အသေအပျောက်နည်းပါးမည်။ သို့ဖြင့် စရိတ်စက ကုန်ကျမှု သက်သာစေပါမည်။ ၂။ စိုက်ခင်းတွင် သရက်အစေ့ချစိုက်ပြီးနောက် စိုက်ကိုင်းဆက်ခြင်း စိုက်ခင်းအတွင်း စိုက်ပျိုးထားသော သရက်အောက် အကိုင်းဆက်ရာတွင် ဘေးတိုက်ပါးချင်းအပ်အကိုင်းဆက်နည်း၊ ငုတ်ရိုက်အကိုင်း ဆက်နည်း၊ အပင်ခွဲသပ်သွင်း အကိုင်းအဖူးတုံး မြှပ်နည်း၊ တစ်ခုခုကို အသုံးပြုနိုင်ပါသည်။ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာထည့်သွင်းပေးခြင်း တစ်နှစ်သားအပင်တစ်ပင်အတွက် ယူရီးယား (၈၅) ဂရမ်၊ ဖော့စဖိတ် (၄၀) ဂရမ်၊ ပိုတက်စီယမ်ကလိုရိုဒ် (၁၁၂) ဂရမ် ကို ထည့်သွင်းပေး ပါ။ အပင်သက်တမ်း (၄) နှစ်သားအထိ ပထမနှစ်ကျွေးသည်ကို တစ်ဆစီတိုး၍ တည့်သွင်းပေးပါ။ အသီးသီးလျက်ရှိသော အပင်တစ်ပင်အတွက် ယူရီးယား၊ တီစူပါဖော့စဖိတ် (၃၇၅) ဂရမ်နှင့် ပိုတက်ဆီယမ်ကလိုရိုဒ် (၁) ဂရမ်ကို ဇွန်၊ ဇူလိုင် (မိုးဦး) တွင် ထည့်သွင်းပေးပါ။ စက်တင်ဘာ၊ အောက်တိုဘာ(မိုးနှောင်း) တွင် ယူရီးယား ကို ထပ်မံထည့်သွင်းပေးပါ။ ဓါတ်မြေသြဇာ ထည့်သွင်းပေးရာတွင် အစိုဓါတ် လုံလောက်ရမည်။ မြေသြဇာကို အပင်၏ဘေးတွင် အောက်ကျင်းခွက်ပြုလုပ်၍ ကျင်းခွက်အတွင်း ညီညာစွာ မြေကြီးနှင့် ပြန်ဖုံးအုပ်ပေး ပါ။ မြေသြဇာကို နွာချေး (၂) တင်း နှစ်စဉ်မိုးဦးကျတွင် ထည့်သွင်းအေပါ။ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း သရက်ဖြုတ်ပိုး။ ။ အရည်အသွေးကောင်းသော အသီးများရရှိရန် ကြပ်ခိုးမှိုရောဂါကျရောက်မှုကို ကာကွယ်ရန် ဖီနိုက်တြိုသီယွန် (၁.၅) စီစီကို ရေတစ်လီတာတွင်ဖျော်၍ သရက်ပန်းမပွင့်မီ အပင်ပေါ်ပက်ဖျန်းပါ။ ပန်းခိုင် အဆုံးထိ ထွက်ပြီးချိန် (သို့) ပန်းအလုံးစုံမပွင့်မီ ဒုတိယ အကြိမ် ပိုးသတ်ဆေးဖျန်းပါ။ အသီးပဲလုံးအစေ့အရွယ်တွင် တတိယအကြိမ် Sevin (50WP) (၄) ဂရမ်ကို ရေတစ်လီတာနှုန်းဖျော်၍ ပက်ဖျန်းရန် ဖြစ်ပါသည်။ ခေါင်ညွန့်ထိုးပိုး။ ။ စီဗင် (ဝ.၂)% (သို့) မိုနိုကလိုဖော့ (ဝ..၅)% ဖျော်၍ ပက်ဖျန်းပါ။ ပင်စည်ထိုးပိုး။ ။ ပိုးကျအပိုင်းကို ဖြတ်တောက်ဖယ်ရှားပါ။ အတွင်းမှ ပိုးလောက်ကောင်ကို သုတ်သင်ရှင်းလင်းပါ။ ပိုးပေါက်အတွင်းသို့ အင်ဒိုဆာလဖန်ဆေးရည်(၅) စီစီ ထိုးသွင်းပြီး ပိုးပေါက်ကို ရွှံ့ဖြင့်ပိတ်ပါ။ ပိုးစေးနဲ (Mealy bug) ။ ။ ဒီဗင် (ဝ.၁)% နှင့် မီသိုင်းပါရာသီယွန် (ဝ.၀၇၅)% ပက်ဖျန်းပေးပါ။ သီးထိုးယင်။ ။သရက်သီးအရွယ် ကြက်ဥလုံးခန့်ရှိပါက ဟော်မုန်းဖြင့် ထောင်ဖမ်းပါ။ စက္ကူအိတ် စွပ်ပေးပါ။ မီသိုင်းယူဂျီနော (၆-၄-၂) ပတ်အလိုတွင် ဒိုင်မီသိုအိတ် (ဝ.၀၃)% ပက်ဖျန်းပါ။ ဘာဗီစတင် (သို့မဟုတ်) (၄း၄း၅၀) အချိုး ဘော်ဒိုဆေးရည်ကို (၄) ပတ်ခြား တစ်ကြိမ် ပက်ဖျန်းပေးပါ။ Source - စိုက်ပျိုးရေးဦးစီးဌာန
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သရက်ပင်မြေဆီလွှာအတွက် နုံးမြေထည့်ပါက အဆင်ပြေမှု ရှိ/မရှိ သိလိုပါတယ်ဗျာ
ဖြေကြားချက် 2 ခု
ဆရာတိုရေ ကျွန်တော်စိန်တစ်လုံးသ၇က်ပင်ဒီပိုးတွေအပင်တိုင်းကျနေတယ်ဘာဆေးဘယ်လိုသုံး၇မလဲဆိုတာညွန်ပေးကြပါအုံးခင်ဗျ
ဖြေကြားချက် 4 ခု
သရက်ပင် ဂိုင်းတွေချောက်နေတယ်ဘယ်လုပ်ရလည်း ပိုးကျတာလားရောဂါလား ဘာဆေးအသုံးပြု ရလည်း
ဖြေကြားချက် 4 ခု
စိန်တလုံးသရက်ပြုစုနည်းလေးပြောပေးပါ။
ဖြေကြားချက် 1 ခု
စိန်တလုံးသရက်မှာအပင်ကအဲဒီလိုဖြစ်နေပါတယ်။ဘာလုပ်ရမလဲ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။