ဖြေကြားချက် ၁ ခု
မင်္ဂလာပါ ခင်ဗျ ပဲစောင်းလျား စိုက်ပျိုးမည့် မြေနေရာတွင်အမှိုက်များ စုပုံပြီး မီးရှို့ပါက ပို၍ကောင်းပါတယ်။ ထို့နောက်မြေကို ညက်အောင် ပြုပြင်ပြီး နွားချေး၊ မြေဆွေးတို့နဲ့ သမအောင် ရောနှောပေးရပါမယ်။ အရှည်ပေ ၂၀၊ အကျယ် ၁ ပေနှင့် အမြင့် ၁ ပေခန့်ရှိ ဘောင်များပြုလုပ်ပေးရပါမယ်။ တစ်ဘောင်နဲ့ တစ်ဘောင် အလျားလိုက်မျဉ်းဆွဲပြီး မြောင်းထဲတွင် ၂ ပေ အကွာထားကာ ကျင်းကလေးများ တူးပေးရပါမယ်။ တစ်ကျင်းလျှင် မျိုးစေ့ ၂ စေ့၊ ၃ စေ့ကို ဖုံးအုပ်စိုက်ပျိုးရပါမယ်။ အပင်ကလေးများ ၁ ထွာ ၁ မိုက်ခန့်ရောက်၍ နှာမောင်းကလေးများ ထွက်ပေါ်လာသော အချိန်တွင် ပေါင်းလိုက်ခြင်း၊ မြေဆွခြင်းနှင့် တိုင်ထောင်စဉ်ကလေးများ ပြုလုပ်ပေးရပါမယ်။ မိုးဦးကာလ စိုက်ပျိုးသော အပင်များကို စိုက်ပြီး ရက်ပေါင်း ၉၀ ကြာလျှင် ခူးဆွတ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျ။ ကိုးကားချက် - သုတေသီ ဆရာငြိမ်း (စားပင်ဟင်းရွက်သီးနှံများ စိုက်ပျိုးနည်း)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးနည်းသိခြင်ပါသည်
ဖြေကြားချက် 3 ခု
အပင်ဝါနေတာဘာလုပ်ရမလဲ
ဖြေကြားချက် 1 ခု
ပဲစောင်းလျားပင်တွေ စင်တင်စိုက်တာ စင်ပေါ်ရောက်မှ နွမ်းပြီး သေကုန်တယ် ဘာလိုဖြစ်တာလည်း သိချင်လို့ပါ့ ကြုံဘူးကြရဲ့...
ဖြေကြားချက် 2 ခု
ပဲစောင်းလျားဟာအရွက်များလာပြီးအသီးအားနည်းတယ်အဲ့ဒါသိချင်ပါတယ်။
ဖြေကြားချက် 2 ခု
တစ်တောင်လောက်ရှည်တဲ့ပဲစောင်းလျားသီးမျိုးစေ့လိုချင်လို့ ဘယ်မှာဝယ်လို့ရမလဲ
ဖြေကြားချက် 0 ခု