အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,972
လွန်ခဲ့သော ၇ နှစ် က · မြင်းမူ

လျှော်ဖြူပင်ဖြစ်ထွန်းဘယ်လိုပြုပြင်ရလဲ

စိုက်ပျိုးနည်း လျှော်ဖြူ
2

ဖြေကြားချက် ၂ ခု

232 လွန်ခဲ့သော ၆ နှစ် က

အကိုအပင်စိုက်ပျိုးပိတဲ့အခါမှာ ဆေးများမြေဆီများဘယ်လိုအသုံးပြုက ပါသလဲအကိုဖြေပေးပါနော်

80,504 လွန်ခဲ့သော ၇ နှစ် က

မင်္ဂလာပါ ခင်ဗျ လျှော်ဖြူစိုက်ပျိုးနည်း လျှော်ဖြူပင်သည် အပူပိုင်းဒေသ၊ မြေနိမ့်လွင်ပြင်များတွင် ကောင်းစွာဖြစ်ထွန်းသည်။ ပင်လယ်ရေ မျက်နှာပြင် အထက် ပေ(၄၅၀၀) အထိ စိုက်ပျိုးနိုင်သည်။ အပူချိန် (၆၄) ဒီဂရီဖာရင်ဟိုက် မှ (၉၀) ဒီဂရီဖာရင်ဟိုက်အတွင်း ကောင်းစွာဖြစ်ထွန်းသည်။ နေ့အပူချိန် (၆၀) ဒီဂရီဖာရင်ဟိုက်အောက်နှင့် (၁၀၀) ) ဒီဂရီဖာရင်ဟိုက် အထက်ရှိ ဒေသများတွင် ဖြစ်ထွန်းမှု နည်းနိုင်သည်။ ပျှမ်းမျှမိုးရေချိန် (၄၄) လက်မ မှ (၇၂) လက်မအတွင်း ကောင်းစွာဖြစ်ထွန်းပြီး မိုးရေချိန် (၃၆) လက်မထက် နည်း၍ (၈၀)လက်မထက်များသော ဒေသများတွင် ဖြစ်ထွန်းမှုညံ့သည်။ မြေအမျိုးမျိုးတွင် ဖြစ်ထွန်းနိုင်သော်လည်း ရေဝပ် စိမ့်စွဲမှု များကို မကြိုက်ပါ။ မြေချဉ်ငံဓာတ် pH ၆ မှ ၇.၅ အတွင်း အကောင်းဆုံးဖြစ်ထွန်းပါသည်။ မြန်မာအမည် - လျှော်ဖြူ၊ လက်ပံလျှော်ပင်၊ ရေစိမ်လျှော်ပင်၊ ဆေးကုလားမပင်၊ ပဒေသာပင် အင်္ဂလိပ်အမည် - Wild Almond Tree ရုက္ခဗေဒအမည် - Sterculia foetida မျိုးရင်းအမည် - Malvaceae စိုက်ပျိုးနည်း နှစ်ရှည်ပင်ဖြစ်ပြီး စနစ်တကျစိုက်ပျိုးရန် လိုအပ်သည်။ မြေဆီထက်သန်ပြီး အစိုဓာတ်ကောင်းစွာ ထိန်းသိမ်း နိုင်သောမြေဖြစ်လျှင် အပင်ချဲစနစ်ဖြင့် စိုက်ပျိုးပြီး မြေဆီထက်သန်မှု နည်းလျှင် အပင်စိပ်စနစ်ဖြင့် စိုက်ပျိုးပါ။ (က) အပင်ချဲစနစ် ၁) တစ်ပင်နှင့် တစ်ပင် ပေ ၂၀ ခွာ၍ တစ်တန်းနှင့်တစ်တန်း ပေ ၂၀ ခွာ စိုက်စနစ် တစ်ဧက (၁၀၈) ပင် ၂) တစ်တန်းနှင့် တစ်တန်း ပေ ၂၀ ခွာ၍ တစ်ပင်နှင့် တစ်ပင် ၁၅ ပေခွာ စိုက်စနစ် တစ်ဧက (၁၄၅) ပင် ၃) တစ်တန်းနှင့် တစ်တန်း ၂၅ပေ ခွာ၍ တစ်ပင်နှင့် တစ်ပင် ပေ ၂၀ ခွာ စိုက်စနစ် တစ်ဧက (၈၇) ပင် (ခ) အပင်စိပ်စနစ် ၁) တစ်တန်းနှင့် တစ်တန်း၊ တစ်ပင်နှင့် တစ်ပင် ၁၅ ပေ ခွာ စိုက်စနစ် တစ်ဧက (၁၉၃) ပင် ၂) တစ်တန်းနှင့် တစ်တန်း ၁၅ ပေ ခွာ၍ တစ်ပင်နှင့် တစ်ပင် ၁၀ ပေ ခွာ စိုက်စနစ် (၂၉၀) ပင် ၃) တစ်တန်းနှင့်တစ်တန်း ၁၀ ပေ ခွာ၍ တစ်ပင်နှင့်တစ်ပင် ၁၀ ပေခွာ စိုက်စနစ် (၄၃၅) ပင် ပျိုးထောင်ခြင်း လျှော်ဖြူပျိုးပင်ကို ပျိုးအိတ်တွင် အများဆုံးကာလ (၆) လခန့်သာထားရန်လိုအပ်သောကြောင့် ပျိုးထောင်ရန် အတွက် ၄ လက်မ x ၇ လက်မ (သို့) ၅ လက်မ x ၇ လက်မ ဖြစ်သင့်ပါသည်။ ပျိုးအိတ်တွင် ထည့်သွင်းအသုံးပြုရမည့် စပ်မြေ မြေဆွေး/ အမှိုက်ဆွေး ၂ ဆ နွားချေး/ ကြက်ချေး ၁ ဆ ဖွဲပြာ ၁ ဆ သဲ ၃ ဆ အချိုးဖြင့် အထက်ပါမြေများကို သမအောင်ရောစပ်ရမည်။ လျှော်ဖြူစေ့မှာ အခွန်ထူ မာကျောသဖြင့် ပျိုးအိတ်သို့မထည့်မီ (၁၂) နာရီခန့် ရေစိမ်ပေးရန်လိုသည်။ ပျိုးထုပ်များးကို သက်တမ်း ၄ လမှ ၆ လခန့်အထိ ပေါင်းမြက်များမရှိအောင် ဂရုစိုက်ပါ။ စိုက်ပျိုးခြင်း နှစ်ရှည်ပင်ဖြစ်၍ စိုက်ကျင်းများကို စနစ်တကျ တူးရန် လိုအပ်ပါသည်။ အနည်းဆုံးကျင်းအရွယ်အစားမှာ မြေကောင်းလျှင် အကျယ် တစ်ပေခွဲ အနက် တစ်ပေခွဲ ဖြစ်သင့်ပါသည်။ မြေညံ့လျှင် ၂ ပေ ပတ်လည် နှင့် ၃ ပေပတ်လည် စိုက်ကျင်းများတူးရမည်။ ကျင်းပြန်ဖုံးခြင်း (၁) တစ်ပေခွဲပတ်လည် ကျင်းများအတွက် နွားချေး/ကြက်ချေး ၆ ပြည် ဖွဲပြာ ၃ ပြည် မြေဆွေး/ သစ်ရွက်ဆွေး ၄ ပြည် (၂) နှစ်ပေပတ်လည် ကျင်းများအတွက် နွားချေး/ ကြက်ချေး ၈ ပြည် ဖွဲပြာ ၄ ပြည် မြေဆွေး/ သစ်ရွက်ဆွေး ၆ ပြည် စသည်တို့ကို အပေါ်ယံမြေနှင့် ရောပြီး ကျင်းပြည့်အောင်ဖြည့်ပြီး ရေနှပ်ရပါ မည်။ ကျင်းများအား ရေဝပ်အောင် နှပ်ပြီးပါက တစ်ရက်ခန့်အကြာတွင် ပျိုးပင်ထည့်၍ စိုက်ပျိုးနိုင်ပါသည်။ ရေနှပ်ပြီးထားသော ကျင်းများတွင် အပင်ချစိုက်ပျိုးရန်အတွက် ကျင်းအလယ်တွင် ပျိုးထုပ် အရွယ်အစားထက် အနည်းငယ်ကျယ်သော ကျင်းတစ်ခုတူးပါ။ ထိုကျင်းငယ်များတွင် မြေအောင်းပိုးသတ်ဆေး မြေတွင်းအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုးဖြစ်စေ၊ မရှိပါက အဝတ်လျှော်ဆပ်ပြာမှုန့် ကို တစ်ကျင်းလျှင် လက်ဖက်စားဇွန်း တစ်ဇွန်းစီ အောက်က ခံပြီးမှာ ပျိုးထုပ်ကိုချပါ။ လျှော်ဖြူပင်မှာ အကြမ်းခံသော သစ်တောပင် အမျိုးအစားဖြစ်သော်လည်း အပင်ခြေတွင် ပေါင်းပင်များ မရှိအောင်နှင့် နွယ်ပင်များ မတွယ်ကပ်အောင် ဂရုပြုရမည်။ ၅ နှစ်ခန့်ရှိမှ အစေးထုတ်ယူနိုင်တဲ့အတွက်ကြောင့် လျှော်ဖြူစိုက်ခင်းများကို သီးသန့်စိုက်ပျိုးထားပါက စိုက်ခင်းကြားတွင် ရာသီသီးနှံများ စိုက်ပျိုးစိုက်ပျိုးသွားနိုင်သည်။ သီးပွင့်ခြင်း ၃ နှစ်ကျော် ၄ နှစ်တွင် စတင်ပွင့်လေ့ရှိပါသည်။ ပန်းများမှာ ၇ လပိုင်း ၈ လပိုင်းတွင် စတင်ပွင့်လေ့ရှိပြီး အသီးမှာ (၁၀ - ၁၁) လရှိမှ ရင့်မှည့်လေ့ရှိပါသည်။ အစေးထုတ်ခြင်း လျှော်ဖြူပင်သည် သက်တမ်း ၅ နှစ်ကျော်လာပြီး ပင်စည်လုံးပတ်လည်း (၃) ထွာဆိုင်ခန့် (သို့) လုံးပတ်အချင်း တစ်ထွာခန့်ရှိလျှင် အစေးထုတ်ယူနိုင်ပါသည်။ အစေးထုတ်ယူရန်အတွက် အရွယ်ရောက်ပြီးသော လျှော်ဖြူပင်ကို ဓားနှင့်ထစ်ခြင်း၊ ဆောက်ဖြင့်အဝိုင်း ဖောက် ခြင်း စသဖြင့် ဒေသနှင့်အဆင်ပြေသည့် နည်းလမ်းဖြင့် ပြုလုပ်ကြသည်။ အစေးထုတ်ရန်နေရာပြုလုပ်ခြင်းကို (၇) လပိုင်း ဒုတိယပတ် (သို့) ဝါဆိုလဆန်းစတွင် ပြုလုပ်ကြသည်။ ဓားထစ်သည့်နေရာကို မိုးရေမပက်နိုင်သော လေကွယ်ရာနေရာများတွင် ဦးစားပေးပြုလုပ်ကြသည်။ အချို့အပင်များမှာ ဓားနှင့် ထစ်လျှင် ထစ်ခြင်း အစေးထွက်လာပြီးနောက် ရပ်သွားပါသည်။ ထိုနေရာကို ကျီးပေါင်းတက်အောင် စောင့်ကြရသည်။ ကျီးပေါင်းတက်လာပါက ဓားထက်ထက်ဖြင့် အပေါ်ယံအခေါက်ကို ခပ်ပါးပါး လှီးထုတ်ရသည်။ မိုရာသီတွင်ရာသီဥတု အခြေအနေကို ကြည့်၍ အစေးခြစ်ရသည်။ အစေးထွက်ချိန်မိုးမိပါက ထိုအစေးမှာ ရောင်းတန်းမဝင် ဖြစ်သွားတတ်သည်။ (၇) လပိုင်းမှ (၁၂) လပိုင်းအထိ အစေးထုတ်ယူကြသည်။ အသီးရင့်လေ အစေးထွက်မှု လျော့နည်းလေဖြစ်သည်။ အစေးထွက်နှုန်း ဒေသတစ်ခုနှင့် တစ်ခုတည်းမှာပင် အစေးထွက်နှုန်း မတူညီပါ။ အောက်ခံမြေကောင်းလျှင် အစေးထွက်နှုန်း ကောင်းပြီး ကုန်းဆန်ပြီး ခြောက်သွေ့သောဒေသများတွင် အစေးထွက်နှုန်းနည်းသည်။ အချို့ အခေါက်ပါးသော အပင်များတွင်လည်း အစေးထွက်မှု နည်းတတ်သည်။ Source - ဘက်စုံစီးပွားရေးတွက်ချေကိုက်နိုင်သော လျှော်ဖြူပင် (သို့) ဆေးကုလားမပင် (သို့) ပဒေသာပင် စိုက် ပျိုးထုတ်လုပ်နည်း မူရင်းလင့် https://greenwaymyanmar.org/article/112764

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။