ဖြေကြားချက် ၁ ခု
ကင်ပွန်းချဉ် စိုက်ပျိုးနည်း ကင်ပွန်းချဉ်မျိုး တစ်မျိုးတည်းသာရှိပြီး မူရင်းဒေသကိုတော့ မှတ်တမ်းတင်ထားခြင်း မတွေ့ရှိပါ။ မြန်မာအမည်မှာ ကင်ပွန်းချဉ်ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Soap Pod ဖြစ်သည်။ ရုက္ခဗေဒ အမည်အားဖြင့် Acacia concinna ဖြစ်ပြီး MIMOSACEAE မျိုးရင်းတွင် ပါဝင်သည်။ စိုက်ပျိုးသည့်ဒေသ ရှေးယခင်က ခြံစည်းရိုးတန်းအဖြစ်စိုက်ပျိုးပြီး အညွန့်ခူးရောင်းချကြသည်။ ယခုအခါ ကင်ပွန်းချဉ်ကို စီးပွားဖြစ် အခင်းလိုက်စိုက်ပျိုးလာကြပြီး အညွန့်ထွက်အောင် ပြုပြင်ပေးကြသည်။ ဒေသမရွေးစိုက်ပျိုးနိုင်ကြသည်။ ရေမြေရာသီဥတု မိုးများသော အောက်မြန်မာနိုင်ငံတွင် ကောင်းစွာဖြစ်ထွန်းသည်။ အထက်ပိုင်းတွင်လည်း ရေစနစ်တကျ ပေးနိုင် ပါက ဖြစ်ထွန်းနိုင်ပါသည်။ မြေဆွေဓာတ်များသော သဲနုန်းမြေ၊ နုန်းမြေစေးများတွင် ဖြစ်ထွန်းသည်။ ရေဝပ်ခြင်းကို မကြိုက်လို့ ရေကောင်းစွာထုတ်ပေးရန်လိုအပ်သည်။ စိုက်ခင်းမြေပြုပြင်ခြင်း မြေထုပ်စီးထားသော ကင်ပွန်းချဉ်ကို မြေမချမီတစ်ပတ်ခန့်အလိုတွင် စိုက်ခင်းမြေပြင်ရမည်။ စိုက်ခင်းနေရာကို မြက်ပြောင်အောင်ရှင်း၍ နွားထွန်ဖြင့်သော်လည်းကောင်း၊ ပေါက်ပြားဖြင့်လည်းကောင်း မြေလှန်ပေးရမည်။ ပြီးနောက် မြေကို ညီညာအောင် ပြန်ညှိထားရမည်။ စိုက်ပျိုနည်း မြေထုပ်စီးထားသော ကင်ပွန်းချဉ်ကိုင်းကို မြေလုံးမပျက် အုန်းဆံမခွာပဲ စိုက်ရပါမည်။ စိုက်ပျိုးရာတွင် တန်းကြား ၆ ပေ၊ ပင်ကြား ၃ ပေခြား၍ အကိုင်းကြီးလျှင် မြေအနက် ၆ လက်မ ၊ အကိုင်းသေးလျှင် ၄ လက်မ မြှုပ်၍ စိုက်သည်။ မြေထုပ်စီးကိုင်းကို မတ်မတ်ထောင်နေအောင်စိုက်ရသည်။ ပြီးနောက် အပင်ရင်းတွင် မြေကို ၄ လက်မခန့် မြင့်အောင်ဖုံးပေးပြီး မြေမဟာစေရန် လက်ဖြင့် ဖိပေးရသည်။ မိုးပြတ်သွားပါက (၃)ရက်ခန့်ဆက်တိုက် နေ့စဉ် တစ်နေ့တစ်ကြိမ် ရေလောင်းပေးရန်လိုသည်။ ဆောင်းပါးအပြည့်အစုံဖတ်ရန်>>>>> ကင်ပွန်းချဉ် စိုက်ပျိုးနည်း
ဆက်စပ်မေးခွန်းများ
သီးနှံဈေးနှုန်း တင်တဲ့အခါ ကျန်တော်ဖုန်းမှာ update to date မရဘူးဖြစ်နေပါတယ် ဘာကြောင့်လဲမသိဘူး
ဖြေကြားချက် 1 ခု
ဂွေးထောက်ပင် စိုက်ပျိုး ပုံ မြေသြဇာကျွေးပုံကျွေးနည်း စသည်များကိုသိလိုပါသည်ခင်ဗျား
ဖြေကြားချက် 1 ခု
ဆူးပုပ် ကိုင်းကူးနည်းလေးသိခြင်လို့ပါ ဘယ်လိုဆေးဝါးတေနဲ့ဘယ်လိုအချိန်တေမှာကူးလို့ဘယ်လိုအချိန်တေမှာစိုက်ရလည်း
ဖြေကြားချက် 5 ခု
သြဂုတ်လနှင့် စက်တင်ဘာလမှာ စားဖိုဆောင် သီးပင်စားပင်လေး တွေ ပေ၅၀ ပတ်လည် မြေကွက်အလွတ်မှာ တစ်နိုင်တစ်ပိုင်လေး...
ဖြေကြားချက် 2 ခု
အပင်အာဟာရ
ဖြေကြားချက် 1 ခု