အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၇ နှစ် က · မုံရွာ

ပန်းသီးပင်စိုက်ပျိုးနည်းလေးသိချင်ပါတယ်

စိုက်ပျိုးနည်း ပန်းသီး
5

ဖြေကြားချက် ၅ ခု

232 လွန်ခဲ့သော ၃ နှစ် က

တနင်္သာရီတိုင်းဒေသကြီးမှာရော စိုက်အျိုးလို့ဆင်ပြေနိုင်လားဗျ

290 လွန်ခဲ့သော ၇ နှစ် က

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်

80,504 လွန်ခဲ့သော ၇ နှစ် က

ပန်းသီးပင်မှာ သဲနုန်းမြေပွ နှင့် ရွှံစေး ၃ % ပါဝင်သော မြေမျိုးကို ပို၍ နှစ်သက်ပါတယ်။ ရေစီးရေလာကောင်းပြီး အလင်းရောင် တိုက်ရိုက်ရသော မြေမျိုးဖြစ်သင့်ပါတယ်။ အေးမြသော ရာသီဥတုကို နှစ်သက်ပါတယ်။ ပန်းသီးကို အစေ့မှလည်းကောင်း၊ အကိုင်းဆက်၍ လည်းကောင်၊ အဖူးမြှပ်၍လည်းကောင်း စိုက်ပျိုးနိုင်ပါတယ်။ အစေ့များကို ပျိုးထောင်မည့်နေရာတွင် ပေါင်းမြက်များ ရှင်းလင်းပြီး ၃ ပေ ပတ်လည် ၃ ပေအနက်ရှိသော ကျင်းများကို တူးဖော်ပြီး သစ်ဆွေးမြေနှင့် အပေါ်ယံမြေသားတို့ကိုရောနှောကာ ကျင်းထဲအပြည့်ဖြည့်ပေးရပါမယ်။ မိုးဦးကျရောက်မှသာ စိုက်ကျင်းများရှိရာသို့ ပျိုးပင်များကို ပြောင်းရွှေ့စိုက်ပျိုးရပါမယ်။ မြက်ခြောက်၊ကောက်ရိုးတို့ကို ဖုံးပေးထားခြင်းဖြင့် အစိုဓာတ်ထိန်းထားနိုင်ပါသည်။ ပူပြင်းသော နွေရာသီရောက်ပါက ရေမြောင်းများသွယ်ပြီးရေသွင်းပေးသင့်ပါတယ်။ နှစ်စဉ် ၁ ဧကလျှင် နွားချေး ဆယ်စီးနှုန်းထည့်ပေးပါက ပိုမို ကောင်းမွန်ပါသည်။ ပန်းသီးစိုက်ခင်းတွင် အပင် ၂ နှစ်သားခန့်ရှိပြီ ဆိုပါက အပင်ကို ပုံသွင်းပြုပြင်ပေးရပါမယ်။ အပင်ကိုင်းများ ချိုင်ပေးခြင်းဖြင့် အပင်ခြေနားတွင် ကပ်၍ဖြတ်ပေးရပါမယ်။ မိမိလိုချင်သော ပုံစံရပါက ဆောင်းရာသီတွင် ကိုင်းဖျားများကိုသာ ဒုတိယအဆင့်ဖြတ်တောက်ပြစ်ရပါမယ်။ အသီးသီးချိန်ရောက်လျှင် တတိယအဆင့်အနေဖြင့် ကိုင်းအရင်းမှ ဖြတ်တောက်ခြင်း ကိုလိုအပ်သလိုပြုလုပ်ပေးရပါမယ်။ ပုံမှန်အတိုင်း အသီးသီးပါက ကိုင်းအဖျားကိုဖြတ်ပါ။ အသီးများများ သီးပြီး ကိုင်းအသစ်ထွက်လာသော နှစ်တွင် ကိုင်းအရင်းမှသာ ဖြတ်ပါ။ သီးနှုန်းကျဆင်းသော နှစ်တွင် ကိုင်းကို လုံးဝမဖြတ်သင့်ပါ။ ပန်းသီးပင်ကို ငယ်စဉ်အချိန် အသီးတက်ချိန်၌ မြေသြဇာကျွေးသင့်ပါသည်။ ပန်းသီးများ ပြွတ်သိပ်ကျပ်ညပ်စွာ သီးလာလျှင် တစ်လုံးနှင့် တစ်လုံး ၈ လက်မခန့်ခွာ၍ ကျန်အလုံးများ ခြွေပေးရမည်။ ထိုသို့ပြုလုပ်ပါက နှစ်စဉ် မှန်မှန် သီးလာပါမည်။ ပန်းသီးပင်ကို အစေ့မှ ပျိုးထောင်စိုက်ပါက ၅ အကြာခန့်အကြာတွင် အသီးသီးပါသည်။ ကိုင်းဆက်၊ အဖူးမြှပ်စိုက်လျှင် ၄ - ၅ နှစ်တွင်း အသီးရရှိပါသည်။ Source - သုတေသီဆရာငြိမ်း (စားပင်ဟင်းရွက်သီးနှံများ စိုက်ပျိုးနည်း)

116 လွန်ခဲ့သော ၇ နှစ် က

cpကြက်ဘယ်လိုမွေးမြူးမလဲပြောပေးပါ

174 လွန်ခဲ့သော ၇ နှစ် က

CPကြက်မွေးမြူရေးလေးလည်းသိချင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။