ဖြေကြားချက် ၂ ခု
ကြယ်ပဲကို အသုံးပြုနည်းများ ကြယ်ပဲအရွက်ကို လက်ဖက်ခြောက်အဖြစ် သောက်သုံးခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာခြင်း အကျိုးများကို ရရှိစေနိုင်သည်။ အစေ့ကိုကြိတ်ပြီး အဆီကို ငါးကြီးဆီအစား စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းအကောင်းသော ကိုလက်စထရောများကို ဖယ်ရှားပေးသည်။ ကြယ်ပဲတွင် အဆီ ၄၀-၅၀ ရာခိုင်နှုန်း ပါဝင်သည်။ ကြယ်ပဲဆီကို ချက်ပြုတ်ရာတွင် အသုံးပြုနိုင်သည်။ အစေ့များကို အခွံနှင့်လှော် သို့မဟုတ် အခွံချွတ်ပြီး ကြော်စားလျှင် အလွန်ကြွတ်ရွပြီး အရသာရှိသော အာဟာရဖြစ်စေသည့် သရေစာဖြစ်သည်။ ကြယ်ပဲစေ့တွင် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ဖြစ်စေသော အရာများ လုံးဝမတွေ့ရကြောင်း သိပ္ပံ ပညာရှင်များ စမ်းသပ်ချက်များမှ တွေ့ရသည်။ ကြယ်ပဲဆီဖြင့်ခရင်အမျိုးမျိုးပြုလုပ်ပြီး အရေပြားပေါ်ဖြစ်တတ်သော ဝက်ခြံနှင့်မှဲ့ခြောက်များ ပျောက်ကင်းစေသည်။ လူသုံးကုန်များ ဖြစ်သော ဆပ်ပြာနှင့် ခေါင်းလျော်ရည်များပြုလုပ်နိုင်သည်။ ကြယ်ပဲတွင်ပါဝင်သော အင်ဇိုင်းနှင့် ဗီတာမင်များ မပျက်စီးရန် အစေ့များကို မီးအေးအေး (၁၁၅ ဒီဂရီ ဆဲလ်စီးယပ်) ထက် အကျော်ဘဲ ကျက်ရုံ ကျော်ကျော် လှော်ရန် လိုအပ်ပါသည်။ Reference; Ms Wanida Okeke Sachainterbiz@yahoo.com မောင်မောင်ထွေး ပါမောက္ခ (ငြိမ်း) ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် အောက်ပါ link တွင်လည်းဝင်ရောက်ဖတ်ရှု့နိုင်ပါတယ် http://greenwaymyanmar.org/article/21147
ဟုကဲ့ပါဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ခင်ဗျား.. ကြယ်ပဲကို အစေ့ကနေ အပင်ပျိုးနည်း သိချင်ပါတယ်ခင်ဗျ.. စိုက်ပျိုးနည်းထဲရှာမတွေလို့ပါ... လေးစား...
ဖြေကြားချက် 3 ခု
ကြည်ပဲစိုက်ပျိုးနည်း
ဖြေကြားချက် 5 ခု
ကြယ်ပဲစိုက်သိပြစေ
ဖြေကြားချက် 5 ခု
ကြက်ဆူနဲ့ ပတ်သက်ပြီး တစ်ခါဖက်လိုက်ရတယ်ဗျ ခုပြန်ရှာတာမတွေ့တော့လို့ ကြက်ဆူအကြောင်းေလေးသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကြယ်ပဲဈေးနဲ့ဝယ်လက် ဒိုင်သိချင်ပါတယ်ဗျား
ဖြေကြားချက် 2 ခု