အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
406
လွန်ခဲ့သော ၇ နှစ် က · မော်လမြိုင်ကျွန်း

နှင်းဆီဘလိုစိုက်သလဲဗျာ

စိုက်ပျိုးနည်း နှင်းဆီ
1

ဖြေကြားချက် ၁ ခု

80,504 လွန်ခဲ့သော ၇ နှစ် က

မြစ်ပွားနှင်းဆီ်ပင်BARE-ROOT ROSES) စိုက်ပျိုးခြင်း ၁။ အမြစ်တွေကိုနာရီအနည်းငယ် ရေဆွတ်ပေးပါ။(အချိန်အကြာကြီးမထားပါနဲ့)။ အဲဒီနောက် ကျိုးပဲ့ပြီးမကောင်းတော့တဲ့ အကိုင်းအလတ်တွေကို ဖြတ်တောက်ပေးပါ။ ၂။ မြေခင်းအလှလုပ်ထားတဲ့ မြေနေရာမှာ ဖြစ်နေပါစေ သင့်တော်ကြီးမားတဲ့ မြေကျင်းတူးပေးပါ။ ကျင်းအောက်ခြေမှာ အပင်ရဲ့ပင်စည်ကိုင်းနေရာကို မြေပေါ်မှာ သေချာထား နိုင်လောက်တဲ့အထိ မြေစာခဲများကို စုပုံပေးပါ။ ၃။ အမြစ်တွေကို မြေစာခဲပုံပေါ်မှာ ဖြန့်တင်ပေးလိုက်ပါ။ ကျင်းမှာထည့်ဖို့ အရမ်းရှည်လွန်းနေလျှင် အနည်းငယ်ဖြတ်တောက်လိုက်ပါ။ အမြစ်တစ်လျှောက်မှာရှိတဲ့ မြေကို လေမခိုအောင်ဂရုတစိုက်ပြုလုပ်ပြီး ကျင်းတစ်ဝက် ပြည့်တဲ့ အထိဖြည့်ပေးပါ။ ၄။ အမြစ်တွေနှင့်မြေကြီးတွေ ရေရွဲရွဲစိုအောင် လောင်ပေးပါ။ နောက် ရေကို စီးထွက်သွားစေပြီး မြေကြီးထည့်ပေးပါ။ နောက်ရေထပ်လောင်းပါ။ ၅။ မြေကြီးကို ၈လက်မမှာ ၁၂လက်မအထိ ကိုင်းများဖုံးအောင် မို့မောက်စုပုံပေးထားရပါမယ်။ ဒါမှသာ နေဒါဏ်လေဒါဏ်မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရှည်လျှားလွန်းတဲ့ အခက်အလက် အသစ်တွေကို ဖြည်းဖြည်းညင်းသာစွာ ဆေးကြောပြီး အပင်ခြေမှာ ဖို့ထားတဲ့ မြေကြီးများမှ လွတ်ကင်းအာင် ပြုလုပ်ထားပေးရပါမယ်။ ၆။ အဲဒီနောက် ပင်စည်ခေါက်တွေမခြောက်သွေ့အောင် ပြုလုပ်ထားပေးရပါမယ်။ မြေဆွေးခဲတွေ၊ မြေစိုင်ခဲတွေက ရေငွေ့ပြန်တာကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။ ရေညှိုမြေဆွေးများကို အပင်ကျင်းရဲ့ပတ်လည်မှာ ၁လက်မနီးပါးအထူအထိ ထည့်ပေးခြင်းကလည်း ရေမခြောက်အောင် ထိန်းထားပေးနိုင်ပါတယ်။ #ပန်းအိုးနှင်းဆီပင် (CONTAINER- GROWN ROSES)ကိုစိုက်ပျိုးခြင်း ၁။ မစိုက်ခင် ပန်းအိုးထဲကမြေများကို စွတ်စိုအောင် လုပ်ပါ။ မြေကြီးမှာ စွတ်စို(ပျော့ပြဲနေအောင် ရွဲရွဲမစိုသင့်ပါ) လာလျှင် ပန်းအိုးကို လှီးထုတ်ခြင်း ခွဲခြင်းပြုလုပ်ပေးပါ။ အမြစ်အုံကို ဖြစ်နိုင်သမျှ မထိခိုက်မိအောင်ဂရုစိုက်ပါ။ တတ်နိုင်သမျှ အနည်းဆုံးထိခိုက်မှုသာ ဖြစ်အောင်ဂရုစိုက်ရမည်။ အမြစ်များစွာမှာ ပန်းအိုးမျက်နှာပြင်တွင် တွယ်ကပ်နေတတ်သဖြင့် ဖြည်းညှင်းစွာသာ အမြစ်ရှုပ်ထွေးများကို ဖယ်ရှားပေးပါ။ ၂။ မြေကျင်းထဲသို့ ဂရုတစိုက်နေရာချထားပေးပါ။ ရှုပ်ထွေးနေသော မြစ်မွှာများကို ဖြန့်ကာ နေရာချပေးပါ။ အထူးသဖြင့် အပင်၏ အမြစ်အုံကို ပြန်မထွေးအောင် ဂရုပြုရပါမယ်။ အမြစ်အုံအောက်၌ ပင်စည်အကိုင်း အနေအထားမှန်ကန်သည်အထိရအောင် မြေသားများဖြန့်ခင်း စီစဉ်ပေးပါ။ ၃။ ကျန်တဲ့ အချက်များမှာ မြစ်ပွားပင်စိုက်သကဲ့သို့ အတူတူပင်ဖြစ်ပါတယ်။ သတိထားရမှာက ပန်းအိုးနှင်းဆီပင်များဟာ ကျိုးပျက်သော အမြုံပင်များရှိတတ်သဖြင့် မြေပေါ်မှာ မြေကြီး မို့မောက်စုပုံခြင်း လုပ်ဖို့မလိုအပ်ပါဘူး။ #ဂရုစိုက်ခြင်းနှင့် မြေဆီသြဇာကျွေးခြင်း သစ်ပင်တစ်ပင်စိုက်ခြင်းကလည်း ချစ်စရာအိမ်မွေးတရိစ္ဆာန်ေ လးတွေမွေးရသလိုပါပဲ။ သူ့ကို ဂရုတစိုက်ပြုစုပေးဖို့၊ လိုအပ်ချိန်မှာ ရေလောင်း၊ မြေဆီကျွေးစတာတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ နှင်းဆီပင်တွေကတော့ ဂရုစိုက်မှုအထူးလိုအပ်တဲ့ အပင်တွေပါပဲ။ ဘာကြောင့်ဆိုတော့ နှင်းဆီတွေဟာ မြေဆီအလွန်စားပြီး အင်မတန်ဆာလောင်တတ်တဲ့ အပင်တစ်မျိုးဖြစ်နေလို့ပါ။ တနည်းပြောရရင် လိုအပ်ချက်တွေ အင်မတန်များတဲ့ အပင်ပေါ့ဗျာ။ သူ့ကိုစိုက်ထားတဲ့မြေဟာ ဗွက်ထနေအောင် စိုစွတ်ဖို့ မလိုအပ်ပေမဲ့ အစိုဓါတ်အမြဲရှိနေဖို့ လိုအပ်နေတတ်ပါတယ်။ ရေလောင်းတဲ့အခါမှာလည်း မြေအောက် (စိုက်ပျိုးအပင်ရဲ့ အမြစ်ဇုံတည်ရှိတဲ့) ၁၆လက်မ ၁၇လက်မလောက်အထိ စွတ်စိုနေအောင်လောင်းရမှာပါ။ ကိုယ်စိုက်ပျိုးချင်တဲ့ မြေမှာ ရေဘယ်လောက်လိုအပ်သလဲ စမ်းသပ်ချင်ယင်တော့ အဆင်ပြေနိုင်တဲ့ (ရေဆွဲပုံး၊ ရေပိုက်၊ ရေမွှားရေပန်း စသည်ဖြင့်) နည်းစနစ်တစ်ခုခုနဲ့ လုံလောက်နိုင်ပြီလို့ ထင်တဲ့ အထိရေလောင်းပေးပါ။ အဲဒီနောက် လောင်းလိုက်တဲ့ ရေ ဘယ်အတိုင်းအတာအထိ မြေကြီးထဲ အမှန်တကယ် စိမ့်ဝင်နိုင်သလဲဆိုတာ မြေကြီး ကိုတူးကြည့်ပြီး သိနိုင်ပါတယ်။ လိုအပ်တယ်ဆိုရင် ထပ်ပြီးလောင်းဖို့ ချင့်ချိန်ရတော့မှာပေါ့။ လက်တွေ့အပင်လောင်းပြီဆိုရင်တော့ အပင်ရဲ့ အနီးတဝိုက်နားမှာ ၃လက်မလောက် ကျင်းလေးတူးလိုက်ပါ။ နောက်ရေလောင်းပြီးနောက် အဲဒီအနက်အထိ စွတ်စိုနေရင် စောင့်နေလိုက်ပါ နောက် ခြောက်သွားပြီဆိုမှ ခုနက မစိုက်ခင် တိုင်းတာပြီးဆုံးဖြတ်ထားတဲ့ ပမာဏထိ လောင်းပေးလိုက်ပါ။ အဲဒီနည်းကတော့ လက်တွေ့ရေလောင်းရာမှာ လိုအပ်သလောက် ပမာဏရရှိအောင် ခန့်မှန်းနိုင်တဲ့ အကောင်းဆုံးနည်းစနစ်တစ်ခုပါ။ နောက်အပင်ရဲ့ အခြေအနေကိုကြည့်ပြီး လိုအပ်တဲ့မြေသြဇာ ကို အချိန်ဇယားနှင့် ကျွေးပေးရမှာပါ။ ဥယျာဉ်မှူးအများစုဟာ အဲဒီဇယားကို အတော်လေး ဂရုတစိုက်လိုက်နာကြပါတယ်။ နောက် မြေသြဇာကိုလည်း အရည်ဖြစ်စေ၊ အစေ့အလုံးဖြစ်စေ၊ ဒါမှမဟုတ် နှင်းဆီအတွက် အထူးဖော်စပ်ထားတဲ့ ပစ္စည်းဖြစ်စေ ရွေးချယ်ရမှာပါ။ နွေဦးရာသီအစောပိုင်းမှာ ကိုင်းခွဲထွက်လာတတ်တဲ့ နှင်းဆီမျိုးပွား အသစ်တွေ၊ နှင်းဆီအပင်အိုကြီးတွေ နှင့် နွယ်တတ်သွားတဲ့ နှင်းဆီပင်တွေကို မြေသြဇာပြည့်ပြည်၀၀ သီးသန်း ကျွေးနိုင်ပါတယ်။ မူလမြေဆီမှာ မြေသြဇာဓါတ်ပြည့်ဝနေလျှင်တော့ မြေသြဇာ(Fertilizers) ထပ်မကျွေးပဲ ရှင်သန်နိုင်ပါတယ်။ ပထမအကြိမ် ဖူးပွင့်ပြီး နောက်တစ်ကြိမ် ဖူးပွင့်ဖို့အတွက်တော့ မြေသြဇာ(Fertilizers)ထပ်ကျွေးရပါမယ်။ မော်ဒန်နှင်းဆီပင်တွေကတော့ ကြီးထွားနေချိန်အတွင်း ပုံမှန်ကျွေးနေဖို့လိုပါတယ်။ နှင်းဆီပင်သစ်ကလေးတွေကို စိုက်ပျိုးပြီး တစ်လလောက်ထိ မြေသြဇာ ကျွေးရပါမယ်။ အကိုင်းတွေမှာ အရွက်သစ်ကလေးတွေ ထွက်လာချိန်မှာ ကျိုးပဲ့ ခြောက်သွေ့နေတဲ့ အကိုင်းအခက်များကိုဖြတ်တောက် ၊ပေါင်းသင်ရှင်းလင်းပြီး ချိန်ကတည်းကစပြီး မြေသြဇာကို ၆ပတ် မှ ၈ပတ် (သို့) ၃ ပတ်မှ ၅ပတ် ကြာတဲ့ အချိန်တိုင်းမှာ ပုံမှန် ကျွေးပေးသင့်ပါတယ်။ စိုက်ပျိုးသူအနေနဲ့ အပင်ရဲ့ အခြေအနေကို ကြည့်ပြီး အကောင်းဆုံးဖြစ်အောင် သင့်တော်သလို ကျွေးရမှာပါ။ အအေးကဲဆောင်းရာသီတွေမှာ စိုက်ပျိုးသူတွေကတော့ ပထမဆုံးဆီးနှင်း (နှင်းဦး) မကျခင် ၆ပတ်လောက် အလိုကတည်းက နိုက်ထရိုဂျက်(Nitrogen) ပါတဲ့ မြေသြဇာ ကျွေးတာကို ရပ်ထား သင့်ပါတယ်။ နိုက်ထရိုဂျင်ဟာ အအေးပိုင်းမှာ နုညံ့တဲ့ အညွန့်အတတ်တွေကြီးထွားမှုကို ပျက်စီးစေတတ်လို့ပါ။ ဖော့စပါးရပ်(Phosphrous) နှင့် ပိုတတ်စီယမ်(Potassium) ကိုတော့ အမြစ်နှင့် အညွှန့်အတက်တွေ သန်မာအောင် ဆောင်းရာသီမှာ ဆက်ကျွေးနိုင်ပါတယ်.။ #ထိန်းသိမ်းစောင့်ရှောက်ခြင်း နောက်ပိုင်းမှာတော့ နှင်းဆီပွင့်အောင်စောင့်ရပါတော့မယ်။ နေ့စဉ်နံနက်ပိုင်းတွေမှာ ပုံမှန်ရေလောင်းပေးသင့်ပါတယ်။ နောက် အကိုင်းများ ခြောက်လာလျှင်သော်လည်းကောင်း၊ မသန်မာသော အကိုင်းများကို လည်းကောင်း၊ အပင်ပွားများ သေသွားလျှင်သော်လည်းကောင်း ရှင်းလင်းခုတ်ထွင်ပစ်ရပါမယ်။ ကတ်ကျေး ကဲ့သို့ဖြတ်တောက်ကိရိယာကို ထက်ရှအောင် ပြုလုပ်ထားသင့်ပါတယ်။ ပင်စည်ကြီးတာတွေ ဖြတ်တောက်ဖို့အတွက် (purning saw) ပေါင်းရှင်းလွှသေးသေးတစ်လက်လည်း ဆောင်ထားသင့်ပါတယ်။ ဖြတ်တောက်ပြီးသော အကိုင်းများကို အကောင်များတတ်ခြင်း၊ နှင်းဆီ ပိုးကျခြင်းများမှ ကာကွယ်ရန် အရက်ပျံဆွတ်ဖြန်းပေးထားသင့်ပါတယ်။ အကိုင်းဖြတ်တောက်ခြင်းကို နှစ်စဉ် အပွင့် ခူးပြီးမှာ ပြုလုပ်သင့်ပါတယ်။ အပင်ခြုံကို ကန်လန့်ဖြတ်နေသော အကိုင်းများကိုလည်း ဖြတ်တောက်သင့်တယ်။ ထိုကိုင်းများကိုရှင်းခြင်းဖြင့် အပင်ခြုံအတွင်း လေနှင့်နေ ဖြတ်သန်းဖို့ ကောင်းစွာ နေရာရစေမှာပါ။ ဖြတ်တောက်ရာမှာလည်း အတိမဖြတ်ပဲ စွေစောင်းစောင်းကို အပင်ရဲ့ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဖြတ်တောက်ပေးပါ။ ဒါမှာသာ နောက်ပိုင်းထွက်လာမည့် အကိုင်းအသစ်တွေဟာ အပင်အလယ်မှာပဲ စုနေပါလိမ့်မယ်။ အရမ်းရှည်လွန်းတဲ့ အကိုင်းတွေကို သုံးပုံ တစ်ပုံလောက်အထိ ပိုင်းဖြတ်သင့်ပါတယ်။ အပွင့်ပွင့်ခါနီးတဲ့အခါ အပွင်းနား ကပ်နေတဲ့ အရွက်ဟာ အလက်ငါးလက်ခွဲနေတဲ့ အရွက်ပါ။ အကယ်၍ နှင်းဆီနွယ်ပင်အဖြစ် စိုက်မယ်ဆိုရင် သေချာ ဖြတ်ပိုင်းတတ်ဖို့ လိုအပ်ပါတယ်။ တကယ်ကျွမ်းကျင်တဲ့ သူနဲ့တိုင်ပင်ပြီး ပြုလုပ်ပေးသင့်ပါတယ်။ နှင်းဆီပင်တွေဟာ ပိုးမွားတွေကို အလွန်ဆွဲဆောင်နိုင်တဲ့ အပင်မျိုးပါ။ ပိုးကျခြင်း ပျက်စီးခြင်းမှာ ကာကွယ်နိုင်အောင် ပြုလုပ်ပေးသင့်တာတွေက -နံနက်တိုင်း ရေလောင်းပေးပါ။ ဒါမှာသာ အရွက်တွေ အကိုင်းတွေ တစ်နေကုန်ခြောက်သွေ့ပြီး မှိုတတ်ခြင်းမှ ကာကွယ်နိုင်မှာပါ။ -ခြောက်သွေ့နေတဲ့ အရွက်တွေ အကိုင်းတွေ၊ မှိုတတ်နေတာတွေ တွေ့တာ နဲ့ ချက်ချင်းဖယ်ရှားပေးပါ။ -ဆောင်းတွင်းမှာဆိုလျှင် ရော်ရွက်တွေကိုဖယ်ရှားပေးပါ။ -ပေါင်းရှင်းကိုင်းဖြတ်ပြီးလျှင် ရွက်သစ်၊ ကိုင်းသစ်များမထွက်ခင် (lime-sulfure) ကဲ့သို့သော အရည်များကို အင်းဆက်ပိုးတွေ ဥမဥအောင်နှင့် အကိုင်းတွေ ရောဂါမဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့ ဖြန်းပေးသင့်ပါတယ်။ ဒါတွေကတော့ အကြမ်းဖျင်းစောင့်ရှောက်သင့်တဲ့ အချက်တွေပါခင်ဗျာ။ တကယ်စိုက်ပျိုးခဲ့ ရင်တော့ ကျွမ်းကျင်တဲ့သူတွေနှင့် တိုင်ပင်ပြီး စိုက်ပျိုးသင့်ပါတယ်။ Credit - MMO - မြန်မာအင်ဂျင်နီယာဖိုရမ် နှင့် စိုက်ပျိုးနည်း

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။