မြေဆီကြွေးနည်း
ကျေးဇူးတင်ပါသည်"
ငှက်ပျောပင်ကို ဝန်းရံလျက် အပင်ခြေမှ နှစ်ပေ နှစ်ပေခွဲ အကွာတွင် မြောင်းဝိုင်းတူးဖော်ကာ ကောက်ရိုး မြက်ခြောက် စသည်တို့ဖုံးအုပ်ကာ ရေလောင်းပေးရသည်။ ငှက်ပျောပင်သည် နိုက်ထရိုဂျင် (ယူရီးယား၊ ပုလဲ) ချို့တဲ့သောကြောင့် ငှက်ပျော်ပင်နားကပ်ပြီး ပဲပင်တစ်မျိုးမျိုး သီးညှပ်သဘောစိုက်ပေးသင့်သည်။ သို့မဟုတ် ငှက်ပျောရုံ တစ်ရုံလျှင်အသီးတက်ချိန်၌ ယူရီးယား နို့ဆီဗူး ၁ ဗူး၊ တီစူပါ နို့ဆီဗူး ၁ ဗူး နှင့် ပိုတက် (သို့မဟုတ်) မီးဖိုပြာ ၃ ဗူးစီကို ပင်ခြေပတ်လည်တွင် မြောင်းဝိုင်းဖော်ပြီး ရေရွှဲရွှဲ လောင်းပေးရပါမယ်။ ကိုးကားချက် - မျိုးသန့် (ရေဆင်းတက္ကသိုလ်)/ ခေတ်မီဘက်စုံစိုက်ပျိုးနည်းပညာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငှက်ပျောပင်စိုက်ချင်လို့ပါ. . . ကျင်းတူးတာ လူနဲ့မတူးပဲ စက်နဲ့တူချင်ပါတယ်. . . ကျင်းတူးစက်မြင်ဖူးထားလို့ပါ. . ....
ဖြေကြားချက် 3 ခု
ငှက်ပျောစိုက်မယ်ဆိုဘယ်အမျိုအစားက ပိုအဆင်ပြေ ဈေးကွက်ကောင်းနိူင်မလဲဗျာ တောင်ကြီးမြို့နယ်ဟိုပုံးကပါဗျာ
ဖြေကြားချက် 4 ခု
ရွှေနီငှက်ပျောစိုက်ထားတာတစ်နှစ်ကျော်လို့နှစ်နှစ်တောင်ရှိနေပါပြီအခုထိအသီးမသီးသေးဘူး။ မသီးတဲ့ပြင်အပင်ကပင်စည်ထိုး...
ဖြေကြားချက် 4 ခု
ငှက်ပျောသားတတ်စိုက်အပင်မှာပိုးအဖြူလေးတွေတွေ့နေလို့ဗျဆေးဖျန်းရင်လားဗျ
ဖြေကြားချက် 2 ခု
ငှကပျောသားတတ်စိုက်ခင်းထိပ်ခေါင်းလေးတွေခြောက်ခြေက်သွားတာဘာဖြစ်လို့လဲဗျ
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။