အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,171
လွန်ခဲ့သော ၇ နှစ် က · ရေစကြို

ကျနော်စိုက်ပျိုမည်၈၅၅ဖရဲပျိုဖြစ်ပါသည် စိုက်ချိန်ကတော့၈လပိုင်ကုန်ခံနည်ဖြစ်ပါသည် မြေအမျိုးအစားကသဲနုံမြေဖြစ်ပါသည်...

ကျနော်စိုက်ပျိုမည်၈၅၅ဖရဲပျိုဖြစ်ပါသည် စိုက်ချိန်ကတော့၈လပိုင်ကုန်ခံနည်ဖြစ်ပါသည် မြေအမျိုးအစားကသဲနုံမြေဖြစ်ပါသည် တစ်ခါမှမစိုက်ဘူပါဘူး တစ်ဧကကိုမြေသြစားဘယ်လို့ကျွေး၇မယ် မြေခံဘယ်လို့ထဲ၇မယ်သိချင်ပါတယ် ဆေးကိုလဲ ဘယ်နစ်၇ပ်သားကိုဘာဆေးဖျန်း၇မယ်သိချင်ပါတယ်

စိုက်ပျိုးနည်း ဖရဲ
3

ဖြေကြားချက် ၃ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

အဲဒီ စနစ်နှင့် အဆင်ပြေနိုင်မယ်လို့ မမြင်မိပါ။

1,171 လွန်ခဲ့သော ၇ နှစ် က

ကျနော်နစ်ဧကကို ၃ကျင်ဝန်းကား၁စီး မြေသြဇာက. ပရိုမိုး၂လုံး စွမ်းအားကတော့၁လုံးထဲပါတယ် ကျောက်မူံကတော့၄လုံး ထဲပါတယ် ဘောင်ဆွဲပါတယ် ပတ်လတ်လဲအုပ်မှဖြစ်ပါတယ် လိုအပ်တာရှိရင်ပြောပါအုံး ထည်ကနစ်စပ်ထွန်ကတော့၃စပ်ပါ

6,752 လွန်ခဲ့သော ၇ နှစ် က

ကြိုက်လို့ ပြန်ကူးရေးလိုက်တယ်။ ??? ဖရဲ မှာ အခြေခံလက်တွေ့ပုံသေကားချက်တွေရှိတယ် ဗျ အဲဒီ ပုံသေကားချပ်တချို့ကို ကျွန်တော်ယခုတင်ပြ ဆွေးနွေးသွားပါ့မယ် တချိုကိစ္စတွေက ဘာမှအရေးမကြီးဘူး ထင်ရပေမဲ့ အသီးထွက်နှုံးကို အများကြီး ထိခိုက်နိုင်ပါတယ် ခင်ဗျ ကျွန်တော့်ကို သိသော မသိသော မိတ်ဆွေများ ခင်ဗျား တခုလောက်မေးပါရစေ မိတ်ဆွေကြီးများရဲ့ ဖရဲစိုက်ကွင်းမှာ လုပ်သားအချိုးကျ ဘယ်လိုထားပါသလည်း ? တဧက ကို အလုပ်သမ ၂ ယောက်နှုံး ပင်စင်ထားရပါမယ်ဗျာ ၄ ဧက ကို လုပ်သား ၁ ယောက်နှုံးထားရပါမယ် တခါ အပင်မှာ ပင်စည်မှထွက်လာသော အရပ်အခေါ် သူငယ်ပြန်အတက်ကို ဖဲမပစ်ရပါဘူး ဗျာ အတော်ရှည်လာမှ ခေါင်ညွန့် ဖြတ်ပေးပါ ခင်ဗျ အပင်ရဲ့ ကျန်းမာရေးအခြေအနေကြည့်နည်း မိမိအပင်မှာ အထက်ကပြောတဲ့ သူငယ်ပြန်အတက် ထွက်သလား မထွက်ဘူးလား ဆိုတာ ဂရုပြုပါ မထွက်ရင် အပင်မှာ ရောဂါ သို့မဟုတ် အဟာရ တခုခု ချို့တဲ့နေပြီဆိုတာ သတိပေးနေပါပြီ ပြီးခဲ့တဲ့ ရာသီမှာ ကျွန်တော့် ကိုအမေးများတဲ့ ပြဿနာတခုကတော့ အရွက်တွေ က အဖျားတွေ ကော့နေတဲ့ ကိစ္စပါ တချို့ တခင်းလုံး တချို့ကတော့ အနည်းငယ် ၃၀% လောက်ပါဖြစ်နေတာတဲ့ ဟုတ်ကဲ့ အဲဒါက အရပ်အခေါ် တောင်သူအခေါ် ရေတောက်တာပါ ခင်ဗျ အများအားဖြင့် ဧကအကျယ်အခင်းတွေ မှာ အဖြစ်များပါတယ် ခင်ဗျ အဲဒီပြသာနာရဲ့ အဓိကအချက်ကတော့ အများလိုအဟာရ မမျှတလို့ အရွက်မှာလာပြီးပြတာပါ ခင်ဗျ အဲလိုအရွက်အဖြားတွေ ကော့နေရင်လည်း အသီးကွဲခြင်း အသီးကြုံ့သွားခြင်း အသီးမှုမမှန်ခြင်းများ ဖြစ်တက်ပါတယ် ဗျာ အဲဒီပြဿနာက ကြိုတင်ကာကွယ်တာအကောင်းဆုံးပါ ခင်ဗျ ကာကွယ်ကုသနည်း အစာရေတိုက်ပြီး နောက်တနေ့မနက်ပိုင်း သိုမဟုတ် ညနေပိုင်းအချိန် နေကျချိန် စာလ်ဖာဖြန်းပေးနိုင်ပါတယ် စာလ်ဖာက အပင်ကို အစာချက်ပေးပြီး အစာကြေလွယ်ပါတယ် ရွက်သားများကိုလည်းထူစေပါတယ် အရွက်ရဲ့အရောင်များကိုလည်း တောက်ပစေပါတယ် အမိုင်နိုအက်ဆစ် ကိုလည်းဖြန်းပေးနိုင်ပါတယ် အမိုင်နိုအက်ဆစ်က ဆေးရှော့များကိုလည်း ပြေစေပါတယ် အပင်ရဲ့အစာပို့လမ်းကြောင်းကိုလည်း ကျယ်စေပါတယ် နောက်တခုက တောနစ်အုပ်စုများကိုလည်းဖြန်းနိုင်ပါ တယ် တောနစ်အုပ်စု တော်တော်များများ အစာစားမြစ် အမြစ်မွှားတွေကို ပွားများစေပါတယ် ခင်ဗျ အပင်စင်္ကြာလှည့်ပြီး ခေါင်ညွန့်ဖြတ်ပြီးချိန်မှစပြီး ကာဆူကာမိုက်ဇင် နဲ့ ကောပါးကို တွဲဖြန်းပေးပါ အနည်းဆုံး ဝတ်မှုံမကူးမှီ မှာ ၃ ကြိမ်လောက်ရအောင်ဖြန်းပေးပါ ဝတ်မှုံစကူးချိန်မှစပြီး ပထမကြီးထွားချိန်ထိ ကောပါးကို လုံးဝမဖြန်းပါသင့်ပါ အသီးကြီးထွားနှုံးကို တန့်စေပါတယ် အသီးကြုံ့သွားတက်ပါတယ် ခင်ဗျ အစေ့မဲ့ကို ပထမဆုံး စမ်းစိုက်မည့် မိတ်ဆွေများ အနွယ်ကို ၄ နွယ်မွေးပါ အများအပြောနှင့် ၃ နွယ်မမွေးမိပါစေနှင့် မိမိမကျွမ်းကျင်ခင်မှာ မလုပ်သင့်ပါ နောက်တခု တဧကကို အပင်များများဝင်စေရန် ဘောင်ပနက်ခိုးခြင်း အပင် ပနက်ခိုးခြင်း လုံးဝ မလုပ်သင့်ပါ အသီးဖမ်းမရ ဖမ်းရတော့လည်း အသီးမကြီးတဲ့ ပြသာနာနှင့် ကြုံတွေ့ရတက်ပါတယ် ခင်ဗျ ရိုးရိုးမြောင်းဘောင်ဖြင့်စိုက်လျှင် အေစ့မဲ့ ???ဘောင်ပနက် ၂၄ ပေ အပင်အကွာအဝေး ၂၇ လက္မ အနွယ် ၄ နွယ်မွေးပါ အသီးဖမ်း ၆ ပေမှာစဖမ်းပါ အသီးပယ်ပြီး မှ ခေါင်ညွန့်ဖြတ်ပါ ထိုင်ဝမ်??? ဘောင်ပနက် ၂၂ပေ အပင်အကွာဝေး ၁၈ လက္မ အနွယ် ၃ နွယ်မွေးပါ အသီးဖမ်း ၆ ပေမှစဖမ်းပေးပါ အသီးဖမ်းပြီးမှ ခေါင်ညွန့်ဖြတ်ပါ 855 ??? ဘောင်ပနက် ၂၄ပေ အပင်အကွာဝေး ၃ ပေ အသီးဖမ်း ၆ ပေ သို့မဟုတ် 5 .6 မှာဖမ်းပါ အသီးဖမ်းပြီး မှ ခေါင်ညွန့်ဖြတ်ပါ မှတ်ချက် အသီးဝတ်မှုံကူးနေချိန် ရေဖြတ်ထားပါ အားဆေး မြေဆီ ဟော်မုန်း များလုံးဝ (လုံးဝ) အသုံးမပြုရန် သတိပြုပါ ခင်ဗျာ ကျွန်တော့ကို သိသော မသိသော မိတ်ဆွေများ စိုက်သမျှ အောင်လို့ ရောင်းသမျှလည်း စျေးကောင်းရကြပါစေဗျာ ကျွန်တော် ကိုသစ္စာ ပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။