အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,632
လွန်ခဲ့သော ၇ နှစ် က · ရေစကြို

မြေခံကိုဘယ်ratioထဲ့သင့်လဲ

အပင်အာဟာရ ဖရဲ
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၇ နှစ် က

မြေသြဇာထည့်သွင်းခြင်း (၁) ရွှေပြောင်းစိုက်ပြီး (၃-၅) ရက်အကြာတွင် ရေ (၂၀) လီတာတွင် ယူရီးယားမြေသြဇာ (၄၈) ဂရမ် (လက်ဖက်ရည် ပန်းကန် တစ်ဝက်) ၊ တီစူပါ မြေသြဇာအမှုန့် (၅၂) ဂရမ်၊ (လက်ဖက်ရည် ပန်းကန်တစ်ဝက်) ဖျော်ပြီး အပင်ခြေတွင် တစ်ပင်လျှင် (၁၀) စီစီခန့် လောင်းပေးရမည်။ (၂) စိုက်ပြီး (၂) ပတ်အကြာတွင် တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၁၈) ကီလိုဂရမ်၊ တီစူပါ (၁၈) ကီလိုဂရမ်နှင့် ပိုတက်ရှ်မြေသြဇာ (၁၄) ကီလိုဂရမ်နှုန်း ထည့်ပေးရမည်။ (၃) စိုက်ပြီး (၃) ပတ်အကြာတွင် ရေ (၂၀) လီတာ (သို့မဟုတ်) (၄.၅) ဂါလံတွင် ယူရီးယား (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ တီစူပါ (၂၉) ဂရမ် (ဟင်းခတ်ဇွန်း ၁၁/၂ ဇွန်း) ပိုတက်ရှ် (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ မြေသြဇာကြီး Boyfolan (၄၀) စီစီနှင့် Borax (၄၀) ဂရမ်ကို ဖျော်ပြီး အပင်များအား ပက်ဖျန်းပေးရ မည်။ Borax ကို ရေနွေးနှင့် ပျော်အောင်ဖျော်ပြီးမှ ရေနှင့် ရောပါသည်။ (၄) စိုက်ပြီး (၄) ပတ်အကြာတွင် Borax မှ အပ အထက်ပါအတိုင်း မြေသြဇာအရောကိုဖျော်၍ ပက် ဖျန်းပေးရမည်။ (၅) အသီးတင်ပြီး (၁၄) ရက်အကြာတွင် တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၁၈) ကီလိုဂရမ် (၁၅) ပြည်၊ တီစူပါမြေသြဇာ (၁၈) ကီလိုဂရမ် (၇ ပြည်ခွဲ) နှင့် ပိုတက်ရှ် မြေသြဇာ (၂၇) ကီလိုဂရမ် (၁၅) ပြည်နှုန်း ထည့်ပေးရမည်။ စိုက်ပျိုးရေးဦးစီးဌာန

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။