အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၇ နှစ် က · မအူပင်

လာမယ့်နှစ်မှာ သီးမွှေးငှက်ပျော စိုက်ဖို့စီစဉ်ထားပါတယ် ဘယ်လမှာ စစိုက်ရင်အဆင်ပြေမလဲခင်ဗျာ ဧရာဝတီတိုင်း မှာပါ...

လာမယ့်နှစ်မှာ သီးမွှေးငှက်ပျော စိုက်ဖို့စီစဉ်ထားပါတယ် ဘယ်လမှာ စစိုက်ရင်အဆင်ပြေမလဲခင်ဗျာ ဧရာဝတီတိုင်း မှာပါ နည်းလေးနဲ့စိုက်ရမည့်လလေး ကျေးဇူးပြု၍ ပြောပေးကြပါခင်ဗျာ အခုမှစစိုက်မှာပါ

စိုက်ပျိုးနည်း ငှက်ပျော
4

ဖြေကြားချက် ၄ ခု

116 လွန်ခဲ့သော ၇ နှစ် က

thank a lot

3,081 လွန်ခဲ့သော ၇ နှစ် က

"ငှက်ပျော"========ငှက်ပျောပင်ကိုသားတက် ခွဲခြင်းအမြစ်စုံပြန်ပျိုးခြင်းနည်းများဖြင့် ပုံမှန်အားဖြင့်မျိုးယူစိုက်ပျိုးပါတယ်ယနေ့မှာတော့ နိုင်ငံတော်တော်များများမှာတစ်ရှူးနည်းပညာဖြင့် မျိုးယူသကဲ့သို့အမြစ်ဆုံကိုပိုင်းဖြတ်ပြီးတော့လည်း မျိုးယူလျှက်ရှိနေပါတယ်တစ်ရှူးနည်းပညာကကျနော်တို့နိုင်ငံအနေဖြင့်အလှမ်းဝေးလှသေးသော်လည်းလွယ်ကူတဲ့မြစ်ဆုံ ပိုင်းဖြတ်နည်းကိုတော့ ငှက်ပျောစိုက်တောင်သူတိုင်းသိထားစေချင်ပါတယ်ပျိုးထောင်ပုံအသီးခူးပြီးဖြစ်တဲ့ အပင်ရဲ့ အမြစ်ဆုံ ပိုင်းကိုအသုံးပြုပါမယ်ပထမဦးစွာ အမြစ်ဆုံပိုင်းမှ အမြစ်မွှေးများနှင့် ပင်စည် အကျန်များကို ဓားသန့်သန့်ထက်ထက်ဖြင့် ရှင်းလင်းသန့်စင်ပေးရပါမယ် ထို့နောက် အဆုံတုံးကိုအလည်ခေါင်တည့်တည့်မှ ကိတ်မုန့်အဝိုင်း ပိုင်းသလိုပိုင်းပေးရမယ် အရွယ်က ၂လက်မလောက်ထိ အဆင့်ဆင့်ပိုင်းပေးနိုင်ပါတယ် အဆုံတုံး တစ်ခု မှာ အပိုင်း လေးခုမှ၁၂ခုထိရနိုင်ပါတယ် ပိုင်းပြီးသား ဆုံပိုင်းစလေးတွေကိုတော့ မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့်၅ မိနစ်လောက်စိမ်ပြီး ပြန်ဆယ်ထားပါ၄x၈ ပျိုးအိတ် အနက်ကလေးများကိုရေဆင်းပေါက်ဖေါတ်ထားပြီး ဖွဲပြာ စို ကို ၃ပုံတစ်ပုံလောက်ဖြည့်ထားပါ ပြီးရင်တော့ ဆုံတုံးဖြတ်စလေးများကိုပျိုးအိတ်များထဲထည့်ပြီး ဖွဲပြာစိုလေးကိုပျိုးအိတ်လက်တစ်လုံးအလိုထိဖြည့်ပေးပါပျိုးအိတ်ကလေးများကို နေတိုက်ရိုက်မထိနိုင်တဲ့နေရာမှာထားပြီးမနက်တိုင်း ပန်းခရားပုံလေးဖြင့်ရေဖြန်းပေးပါ၄၅ ရက်မှ ရက်ပေါင်း၆၀ အတွင်း မြေချစိုက်နိုင်သောပျိုးပင်ငယ်များရပါမယ်မြေခံကိုဖွဲပြာသုံးခြင်းမှာ မှိုနှင့် မြေးတွင်းပိုးများကိုကာကွယ်ရန်ဖြစ်ပါတယ်မှိုသတ်ဆေးကို နှစ်သက်ရာမှတ်ပုံတင်ဆေးဝါးများကိုသုံးနိုင်ပါတယ်ကျန်းမာသန်စွမ်းတဲ့ ငှက်ပျောမျိုးများရနိုင်ပါစေThant ThantUNI #copy

3,081 လွန်ခဲ့သော ၇ နှစ် က

Henry Thompson အခုဆော့ဝဲလ် ဖွင့်ဖွင့်ချင်း အထွေထွေ ဗဟုသုတ ဆိုတာ နှိပ်ကြည့်ပါ ပေါ်လာတဲ့စာအပေါ်ကြောင်းထဲက မွေးမြူရေးကိုရွေးလိုက်ပါ ဝက်မွေးမြူရေးအကြောင်း တင်ထားတာ တွေ့မှာပါ

174 လွန်ခဲ့သော ၇ နှစ် က

ဝက်မွေးမြူရေး အကြောင်း သိချင်တာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။