ဖြေကြားချက် ၅ ခု
ထောပတ်ပင်မှာ သုံးချင်လို့ အပင် ဘယ်နှစ် နှစ်သားဆို သုံးလို့ ရပီလဲ ခင်ဗျ ထောပတ်က ဒေသမျိုးတေပါ
ကျေးဇူးပါခင်ဗျာ့
ကျေးဇူးပါ
အကျိုးအကြောင်းဆက်စပ်ပြီး ရှင်းပြတာကောင်းလို့ COPY ယူပေးလိုက်တာပါ
#COPY ကြက်ဥဟော်မုန်း တကယ်စွမ်းသလားဘီဘီစီ ဦးဝင်းမြင့် ပြောပြတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ဒေါ်ဝမ်းပင်း ရဲ့ နည်းပါဒီနည်းကို စကြားကြားခြင်းမှာ ဟုတ်ပြီကွ သိတ်အသုံးတည့်မဲ့နည်းစနစ်ကွာ ဆိုပြီး ဝမ်းသာ အားရဖြစ်ခဲ့ဖူးပါတယ်။ပါဝင်တဲ့ ပစ္စည်းတွေကို ကြည့်လိုက်ခြင်းအားဖြင့်ဆေးကလည်း တကယ် စွမ်းလောက်တဲ့ အနေအထားမျိုးရှိပါတယ်။ကြက်ဥဟော်မုန်း ဖေါ်စပ်တဲ့ နည်းကိုဦးလေး ဦးဝင်းမြင့် ပြောပြတဲ့ အတိုင်း ဖေါ်ပြပေးပါ့မယ်။သို့ရာတွင် အသီးသီး သီးနိုင်ဖို့ ဘာတွေ လိုအပ်မလဲ ဆိုတာကိုပါတဆက်တည်း တင်ပြသွားပါ့မယ်။အရင်ဦးဆုံး အသီးသီးဖို့ ရန် အတွက်ဘာတွေ လိုအပ်သလဲ ဆိုတာကို အရင် လေ့လာကြည့်ရအောင်လူတွေ၊ သတ္တဝါတွေ သက်ရှင်နေထိုင်ဖို့ စားဝတ်နေရေးလိုအပ်သလိုဘဲလှုပ်ရှားသွားလာနိုင်ခြင်း မရှိပေမဲ့ သက်ရှိ တစ်မျိုး ဖြစ်တဲ့ အပင်များဟာရှင်သန်၊ ကြီးထွှား၊ ပွင့်၊ သီး ဖို့ရန်အတွက် အာကြမ်းအားဖြင့်မြေ၊ ရေ၊ လေ၊ ရာသီဥတု၊ ဆိုတဲ့ သဘာဝ တွေလိုအပ်ပါတယ်။အများလို မြေသြဇာများဖြစ်တဲ့ NPK ဆိုသော နိုှက်ထရိုဂျင်၊ဖေါ့စပေါ့ရပ်နဲ့ပိုတက်စီယမ်တို့အပြင် နောက်ထပ် အနည်းလိုအဟာရ ဓါတ် (၁၄) မျိုး ခန့်လည်း လိုအပ်ပါသေးတယ်။အများလို အဟာရဓါတ်တွေ ရှိမှ အပင် ရှင်သန်ကြီးထွှားနိုင်သလိုအနည်းလို အဟာရဓါတ်များရဲ့လိုအပ်ချက်များကလည်းမသေးလှပါဘူး။အပင်တစ်ပင်အတွက်အနည်းလို အဟာရဓါတ်ဟာအလွန်သေးငယ်တဲ့ ပမာဏသာ လိုအပ်ပေမဲ့ထိုအပင်ရဲ့ ပွင့်နှုန်း၊ သီးနှုန်း အထွက်တိုးနှုန်းတို့အပေါ် အများကြီးသက်ရောက်နေတတ်ပါတယ်။မြင်သာထင်သာအောင် ပြောကြစို့ကြက်ဥဟော်မုန်း ဆိုတဲ့ ဆေးကို ဖေါ်စပ်သုံးစွဲလိုက်ယုံနဲ့သင် စိုက်ပျိုးထားတဲ့ အပင် အပွင့်တွေ ဝေဆာပြီး အသီးတွေလှိုင်နေအောင် သီးလိမ့်မယ် လို့ထင်မြင်ယူဆထားရင်သိတ်ကို မှားသွားပါလိမ့်မယ်။ဆိုလိုတာ ကြက်ဥဟော်မုန်း ဆိုတဲ့ ဆေးက ဂျင်းထည့်ထားတာအလကား ရာသီမဟုတ်အသီးသီးအောင် လုပ်နိုင်တယ်လို့ ပြောထားတာမဟာ့ မဟာ ဂျင်းအကြီးစားကြီးဖြစ်တယ်လို့ ပြောခြင်တာမဟုတ်ဘူး။ ။မိတ်ဆွေတို့ လိုခြင်တဲ့ အချိန်ကာလမှာ အသီးသီးအောင်(သို့)တစ်နှစ်ပါတ်လုံးအသီးသီးနေအောင် ကြက်ဥဟော်မုန်း ဆေးတစ်မျိုးတည်းရဲ့အစွမ်းနဲ့ဆို ဖြစ်နိုင်ခြေ သိတ်ကို နည်းလွန်းပါတယ်လို့ဆိုလိုခြင်း ဖြစ်ပါတယ်။အန်တီဒေါ်ဝမ်းပင်းနဲ့ ဘီဘီစီ ဦးဝင်းမြင့်တို့က စေတနာ ဗလပွနဲ့ဒီဆေးနည်းကို တင်ပြပေးလိုက်တာမှန်ပေမဲ့ အချိန်ခါမဟုတ် အသီးသီးရန်အတွက်အခြား အခြား လိုအပ်ချက်တွေလဲအများကြီးရှိနေသေးတယ် လို့ မိတ်ဆွေတို့ ကို အသိပေးခြင်တာပါ။ကဲ ဘာတွေ လိုအပ်မလဲ။စစခြင်း မိတ်ဆွေရဲ့ အပင်ဟာ ကျန်းမာသန်စွမ်းပြီး ရောဂါကင်းတဲ့ မျိုးစေ့က ပေါက်ဖွါးလာတဲ့ အပင်ဖြစ်ရမယ်။( မျိုးကောင်း မျိုးသန့် ဖြစ်ရမယ်ပေါ့)ခုအချိန်မှာလည်းကျန်းမာ သန်စွမ်းပြီး ရောဂါကင်းရှင်းနေရမယ်။အပွင့်ပွင့်ဖို့၊ အသီးသီးဖို့ လုံလောက်တဲ့ အရွယ်အစား ဖြစ်ရမယ်။အစကတည်းက ဘိုကာချီလို မြေသြဇာမျိုး လုံလုံလောက်လောက် ထည့်ပေးထားရမယ်။အပွင့် ပွင့်ဖို့၊ အသီးသီးဖို့ရန်အတွက် လုံလောက်တဲ့ အလင်းရောင်၊ လေဝင်လေထွက်၊ ရေ စတာတွေ ပြည့်စုံရမယ်။လုံလောက်တဲ့ အစာ အဟာရ ကျွေးထားတာမျိုးဖြစ်ရမယ်။အပွင့်၊ အသီးတို့ကို နှောင့်ယှက် ဖျက်ဆီးမဲ့ တိရိစ္ဆာန် အစရှိတဲ့ အမှောင့် ပရောဂတွေ ရှိမနေရဘူး။ စသည့်ဖြင့် စသည့်ဖြင့် အခြေအနေတွေ လိုအပ်မှာ ဖြစ်ပါတယ်။ဖေါ်ပြပါ အခြေအနေတွေ အားလုံး ပြည့်စုံကောင်းမွန်ဖို့ မဖြစ်နိုင်ဘူး ဆိုရင်တောင် အချက်အတော်များများပြည့်စုံမှသာမိတ်ဆွေတို့ ပွင့်စေခြင်တဲ့အချိန်မှာ ပွင့်ပြီး ဈေးကောင်းတဲ့ အချိန်မှာ သီးနှိုင်ပါလိမ့်မယ်။နောက်ထပ် အထူး သတိထားရမဲ့ အခြေအနေတစ်ခုကကြက်ဥဟော်မုန်းဆိုတဲ့ ချိန်ခါမဟုတ် သီးပွင့်ဆေးဟာဒီနေ့ ဖေါ်စပ် မနက်ဖြန် အသုံးပြုလို့ ရတဲ့ ဆေးမျိုး မဟုတ်ပါဘူး။အနည်းဆုံး အချိန် (၃) လကြာ စောင့်ဆိုင်းပြီးမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ (၆) လဆိုပိုကောင်းမယ်။ (၁) နှစ်ဆိုပိုလို့ကောင်း ဆိုတော့ ကြာလေ ကောင်းလေ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ကြက်ဥဟော်မုန်းဆေးကို ဖေါ်စပ်စဉ်မှာ တွေ့ရတတ်တဲ့ အခက်အခဲ ပြဿနာကို ကျနော့် အတွေ့အကြုံအရ ပြောရမယ် ဆိုရင်လောက် ကောင်တွေ အများကြီး ဖြစ်လာတတ်ပါတယ်။သကာတွေ ထည့်ပေမဲ့ သူ့ကုန်ကြမ်း ပစ္စည်းတွေရဲ့ သဘောသဘာဝအရ လောက်ကောင်တွေ မွေးမြူထားသလိုကို ဖြစ်နေတာပါဘဲ။အခြားသူတွေ တော့ ကျနော့်လို့ ဖြစ်ခြင်မှ ဖြစ်မှာပေါ့။ကြက်ဥဟော်မုန်းဆေးအတွက်လိုအပ်သည့်ပစ္စည်းများ၁။မုန်လာဥဖြူ = ၅၀ သား၂။နွားနို့ = ၂ ဗူး၃။ အုန်းနို့ = ၂ ဗူး၄။ ပဲပင်ပေါက် = ၂၅ ကျပ်သား(အညှောင့်ထွက်စ)၅။ အုန်းစိမ်းရည် = ၂ ဗူး၆။ ပုဇွန်ခြောက် = ၃၀ သား၇။ ဒိန်ချဉ် = ၂ ဗူး၈။ အီးအမ် (၁) = ၁ ဗူး (မရှိလျှင်မထည့်ပါနှင့်)၉။ ဆန်ဆေးရည် = ၂ ဗူ၁၀။၁၀။ သကာ = ၂ ပိဿာ၁၁။ ကြက်ဥ = ၁ ပိဿာ(၁၅ )လုံးခန့်၁၂။ ဂလူးကိုစ့်အမှုန့် = ၁၀ ကျပ်သားအားလုံးကို တောက်တောက်စင်းပြီး အိုး/ပုံး တစ်ခုထဲထည့်ပါ(၇/၁၀) ရက် တစ်ကြိမ်ခန့် မွှေပေးပါ။(၃) လ ကြာလျှင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ကြက်ဥဟော်မုန်းဆေးကို ရေသန့်ဗူးဖုံးဖြင့် 4/5/6/7/8 ဖုံး ချိန်ဆဖျန်းပါရေအဆ (၃၀၀) ရောစပ်ပြီး ပင်ခြေရင်းကို လောင်းပေးပါ။(ရ/၁၀) ရက်တစ်ကြိမ် ပင်ခြေလောင်းခြင်း။ ရွက်ဖျန်းခြင်း ပြုလုပ်ပေးပါက၄၅ ရက်ကြာလျှင် အပွင့် ပွင့်လာပါမည်။တစ်နှစ်ပါတ်လုံးပွင့်လိုလျှင် အထက်ပါနည်းအတိုင်း လုပ်ကိုင်ပါလိုအပ်သည့် အချိန်သာ ပွင့်စေလိုလျှင်အထက်ပါအတိုင်း (၇/၁၀) ရက်တစ်ကြိမ် ရွ့က်ဖျန်းခြင်း ပင်ခြေလောင်းခြင်း အပြင် ပင်ခြေရင်းကို ယူရီးယား ဓါတ်မြေသြဇာရေဖျော်ပြီး လောင်းပေးပါက ပွင့်လို့သည့် အချိန်၊ သီးစေလိုသည့် အချိန်တွင် သီးမည်ဖြစ်ပါသည်။ကြက်ဥဟော်မုန်း ဆေးနည်း သင်ကြားပေးသည့် ဘီဘီစီ ဦးဝင်းမြင့် နှင့် မူလပိုင်ရှင် အန်တီ ဒေါ်ဝမ်းပင်း တို့အား ဤ စာဖြင့် ဂါရဝ ပြုအပ်ပါသည်။ချမ်းသာကြပါစေခွန်တူး။
ဆက်စပ်မေးခွန်းများ
ကြက်မောက်သီးပင်စိုက်ပျိုးနည်းမျှဝေပေးပါခင်ဗျာ
ဖြေကြားချက် 2 ခု
ကြက်မောက်သီးဓာတ်မြေသြကြွေးလို့ရသေးလား
ဖြေကြားချက် 1 ခု
ကိုင်းဆက်ခြင်းနည်းပညာများတင်ပြ ပေးကြပါ
ဖြေကြားချက် 2 ခု
မည်သို့စိုက်ရမည်နည်း
ဖြေကြားချက် 1 ခု
ကြက်မောက်ပင်ကို ဘယ်ရာသီမှာစိုက်ရလဲ ဗျာ အစာပေးပုံနဲ့ရေပေးပုံကိုလဲသိခဖင်ပါတယ်ဗျာ
ဖြေကြားချက် 1 ခု